Ep 25 - Smile ^_^

8.8K 799 53
                                    

Baek's pov ;

"ကျစ် .. အရေးထဲ မိုးကလဲကွာ "

ဘေးမှ kai hyung ရဲ့ စိတ်တိုစွာရေရွတ်လိုက်တဲ့ အလိုမကျသံကြောင့် မျက်စိမှိတ်ရင်း လူကြီးအတွက် တစ်စက္ကန့်လေးတောင် မရပ်ပဲ ဆုတောင်းနေရာမှ မျက်စိဖွင့်ရင်း ကားတံခါးပေါက်မှ ဘေးကို လှမ်းကြည့်လိုက်မိသည် ။

အချိန်မဟုတ် အခါမဟုတ် အငြိုးကြီးစွာ ရွာသွန်းနေတဲ့မိုးက ပြင်းထန်လျက် ..

မျက်လုံးတို့ကို ခဏလောက်ပိတ်လိုက်တော့ မိုးရေထဲ ပျော်မြူးစွာ ဆော့နေခဲ့တဲ့ ကျွန်တော်ရဲ့ လူကြီးရဲ့ ပုံရိပ်တို့က အသက်ဝင်လှုပ်ရှားလို့ ..

ကျွန်တော် သိပ်ဆိုးတာပဲနော် လူကြီး ..

မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ အရာအားလုံးက မပြတ်မသားေ၀၀ါးစွာ .. ကျစ် .. မျက်ရည်တွေကျလာပြန်ပြီ ။

ရက်ရက်စက်စက်ပြောတုန်းကပြောပြီး အခုမှ ကိုယ်မဟုတ်သလို ငိုယိုပြနေရအောင်အထိ ကျွန်တော် မျက်နှာမပြောင်သင့်ဘူး မဟုတ်လားနော် ..

မျက်ရည်တွေကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်းဖိပွတ်လိုက်သည် ။

ဟင့်အင်း .. ကျွန်တော်မငိုဘူး လူကြီးသိလား ။ ကျွန်တော် ငိုတာမကြိုက်ဘူးဆို ။ ကျွန်တော် လိမ္မာတယ်ဟုတ် ။

ယုံကြည်နေပါ့မယ် .. လူကြီး ကျွန်တော့်ကို ဒီတိုင်း ပစ်စလတ်ခတ် မထားခဲ့ဘူးဆိုတာကို ။

*-*-*-*

Kai hyung ကားရပ်လိုက်တာနဲ့ hyung ကိုတောင် မစောင့်တော့ဘဲ အသည်းအသန် ပြေးထွက်လာခဲ့တော့သည်။

" park chanyeol !! Park chanyeol အခန်းက ဘယ်မှာလဲဟင် ? "

တွေ့တဲ့ ဆရာမလေးတစ်ယောက်ရဲ့ လက်ကိုဆွဲရင်း အခန်းကိုပဲ အရူးတစ်ယောက်လို မေးမြန်းနေမိသည် ။

" အခန်းနံပါတ် 305 ပါ "

ဆရာမလေး ပြောပြတဲ့အတိုင်း အခန်း 305 ကို အပြေးအလွှား လိုက်ရှာပြီး နောက်ဆုံးတော့ အခန်းရှေ့ရောက်လာခဲ့တယ် ။

အခန်းရှေ့ ဒီတိုင်း ကျောက်ရုပ်တစ်ရုပ်လိုသာ မတ်တပ်ရင်းရင်း လက်တို့က အခန်းတံခါးဖွင့်ရန် မတတ်နိုင်လောက်အောင် တုန်ရီလို့ ..

❤❤My Cûtē Bõyfrïend//Completed//Where stories live. Discover now