" လူကြီး !! ခရီးထွက်ရအောင် "
ကျွန်တော် ထိုင်နေတဲ့ ဆိုဖာဘေး လာထိုင်ရင်း ကျွန်တော့် ပခုံးကို လာမှီကာ ချွဲ့နွဲ့နေတဲ့ ချာတိတ်ကြောင့် laptop တစ်လုံးကို ပြူးပြကြည့်ရင်း file တွဲ တစ်ပုံနဲ့ အလုပ်ရှူပ်နေတာကို ခဏရပ်လိုက်ရသည် ။
" ချာတိတ်က ဘယ်သွားချင်လို့လဲ ? "
နောက်ထပ်ရန်မဖြစ်ဖို့ အတန်တန် သတိပေးထားရင်း ခြိမ်းခြောက်ထားတာမို့ အခုတစ်လော လိမ်လိမ်မာမာပဲ ကျောင်းတက်နေသည်လေ .. ။
ဒီတော့ ချာတိတ်အလိုကို လိုက်ပေးချင်တာကြောင့် ဆံပင်ပျော့ပျော့လေးတွေကို အသာဖွရင်း ပြုံးကာ မေးလိုက်သည် ။" ဂျယ်ဂျူ ဒို "
အားရ၀မ်းသာနဲ့ ပြုံးဖြီးရင်း ပြန်ဖြေတာလေးက အသည်းယားစရာ ..
" ဟားး ဟားး ချာတိတ် သွားချင်တယ်ဆို သွားကြမယ်လေ "
" ရေးးးးးး "
ကျွန်တော့် ခွင့်ပြုချက်ရတော့ တော်တော်ပျော်သွားတယ် ထင်ပါ့ .. ထတောင် ခုန်နေလိုက်သေး .. 😁😁
ကျွန်တော်လည်း ချာတိတ်ကို ကြည့်ရင်း လိုက်ပြုံးမိပြန်သည် ။" လာပါဦး ချာတိတ်ရဲ့ "
" အင့် "
အမယ်လေး .. သေပါပြီဗျ ..
လှမ်းခေါ်လို့ ကျွန်တော်ပေါင်ပေါ် ခုန်တက်လိုက်တာဗျာ .. အားလားလား .. ဘယ်လောက်လေးသလဲဆို အင့်ခနဲ အသံတောင် ထွက်သွားလေရဲ့ .. အင်းးး ဒီချာတိတ်ကို ၀ိတ်တော့ လျော့ခိုင်းရဦးမယ် ..
တစ်နေ့တစ်နေ့ စားလိုက်တာ ဆိုတာလေ ..
အရင်တုန်းက သေးသေးလေး .. အခုတစ်လော ကြည့်ရင်း ကြည့်ရင်းနဲ့ ပိုဝလာတာလေ ..အဲ .. ဒါပေမယ့်လည်း တစ်ခုတော့ သဘောကျတယ် .. ၀၀လုံးလုံးလေးဖြစ်လာတော့ ပိုဖက်လို့ကောင်းလာတယ်လေ ..
ဟီးးးး အဲဒါတော့ ကြိုက်တယ် ..
" ချာတိတ် ၀ိတ်လျော့ကွာ "
ချာတိတ်ရဲ့ ပါးကို အူယားစွာ ဆွဲလိုက်ပြီး ပြောတော့ ဟိုချာတိတ်ကတော့ နှုတ်ခမ်းတစ်တောင်လောက် ဆူလာပြီလေ ..
YOU ARE READING
❤❤My Cûtē Bõyfrïend//Completed//
Romanceကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ Sweet မှာပါ .. ပက်ပက်စက်စက် sweet မှာပါ .. သကြားကြိုက်သူများအတွက် .. ❤❤chanbaek yaoi ကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ ...