Ep 9 - ကျောင်းတက်ရပြီ .. ^_^

11.9K 928 10
                                    

( Omo !! Viewer 6 k ပြည့်သွားပြီတော့ !! Reader များ အားလုံး ရှဲရှဲညိ .. အားလုံးကို ကျေးဇူးတင်ပါတယ် .. 😘😘 )

Let's start !!

"ဟူးးးးး ပြီးပြီ "

အားလုံးပြီးသွားပြီ ဖြစ်တဲ့ ပင်လယ်စာထမင်းကြော်အိုးကို ထမင်းစားပွဲပေါ်ကို တင်ပြီးတော့ အေပရွန်ကို ချွတ်ကာ ထိုင်ခုံပေါ်ကျောမှီကာ ထိုင်ရင်း မောပန်းစွာ ရေရွတ်လိုက်မိတယ် ။

မနက်စောစောကတည်းက ချာတိတ်ဖို့ အားကြိုးမာန်တက်ပြင်နေတာ .. အခုမှပဲပြီးတော့တယ် .. ပင်ပန်းပေမယ့်လည်း ချာတိတ်ရဲ့ အပြုံးလေး မြင်လိုက်ရတာနဲ့ပဲ အမောကို ပြေသွားတာ ..

အဲ .. ဘယ်နှစ်နာရီတောင် ထိုးပြီလဲမသိ ။

အလန့်တကြားနဲ့ နာရီကို လှမ်းကြည့်လိုက်တော့ မနက် ၈ နာရီတောင် ထိုးနေလေပြီ ။ ချာတိတ်ကို နိုးရဦးမယ် ..

အခန်းတံခါးကို ဖွင့်ပြီး အထဲကို ၀င်လိုက်တော့ ခြေလက်တွေကို ကားပြီး အိပ်နေလိုက်တာ ကလေးလေးလို ~~ ပါးစပ်ကလည်း အငြိမ်မနေ .. ပွစိပွစိနဲ့ ဘာတွေပြောနေပါလိမ့် !! အင်္ကျီကလည်း အပေါ်ကို လန်တက်နေပြီး ဗိုက်ကလည်းပေါ်လို့ .. ဂလု .. ငါနော် ဟင်းဟင်း ..

အဲ .. ငမ်းတာလေးလျော့ .. ကလေးပေါက်စကို နိုးရဦးမယ် မဟုတ်ပါလား ..

"ချာတိတ် .. ချာတိတ်လေး ထတော့လေကွာ "

ပခုံးကို လှုပ်ရင်း နိုးလိုက်တော့ အင့် ခနဲ အသံတစ်ချက်ပေးပြီး ကျောခိုင်းသွားလေရဲ့ .. တွေ့လား လူကို ဂရုမစိုက်ပုံများ .. ဂါး .. ဒေါသတွေ ထွက်လာပြီနော် .. အင်းး မြိုချ မြိုချ .. တက်လာတဲ့ ဒေါသလုံးကြီးကို အသက်တစ်ချက် ရှူထုတ်ကာ ဖြေထုတ်လိုက်ရလေရဲ့ ..။

"ချာတိတ် .. ချာတိတ် ကျောင်းသွားရမယ်လေ နောက်ကျတော့မယ် "

ကျောင်း ဆိုတဲ့ အသံကြားမှ အိပ်မုံစုတ်ဖွားနဲ့ ငုတ်တုတ်ထထိုင်တော့တယ် .. ဒါတောင် မျက်လုံးက မပွင့်သေး .. ဆံပင်တွေကလည်း ပါပီပေါက်လေးလို .. ချစ်စရာ ကောင်းလှတဲ့ ချာတိတ်လေးရဲ့ ပါးကို အသည်းယားစွာ ဆွဲလိုက်မိသည် ။

"အင့် .. "

တွေ့လား တွေ့လား .. လူကို စိတ်မထိန်းနိုင်အောင် သိပ်လုပ်တာပဲ .. လာနိုးတဲ့ ကျွန်တော့်ရဲ့ ရင်ခွင်ထဲ အတင်းတိုးဝင်ပြီး ပခုံးပေါ်မှာ လာအိပ်နေသေးတယ် ။ ဟက် .. အိပ်ပုတ်လေး ..

❤❤My Cûtē Bõyfrïend//Completed//Donde viven las historias. Descúbrelo ahora