Ep 12 - အဆင်ပြေပြီ

11K 1K 20
                                    

အောက်က AN လေး ဖတ်ပေးပါနော် .. အက်ပုဒိတ် နောက်ကျသွားတာ သွေ့ပုချိ xD

•°•°•°•°•°•°

Yeol's pov ;

မျက်နှာပေါ်ကို ထိုးကျလာတဲ့ နေရောင်ကြောင့် မျက်လုံးတွေကို ဖွင့်လိုက်ပေမယ့်လည်း တစ်ညလုံး အိပ်ရေးပျက်ထားတာကြောင့် မျက်လုံးတွေက ကျိန်းစပ်လို့ ..

အိပ်ရာက ထထိုင်လိုက်တာနဲ့ ၀င်လာတဲ့ အတွေးက မနေ့က ဖြစ်ခဲ့တဲ့ အကြောင်းများသာ ..

" ဟူးးး "

သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး မျက်နှာကို လက်ဖြင့်အုပ်ကာ ပွတ်သတ်လိုက်ပြီးနောက် ရေချိုးခန်းထဲသို့ ၀င်လာခဲ့လိုက်သည် ။

အေးစက်နေတဲ့ ရေစက်တွေက ခန္ဓာကိုယ်အနှံ့ ကျရောက်နေသော်ငြား စိတ်ထဲကတော့ ပူလောင်ဆဲ ..

ဖြစ်နိုင်ရင် အလုပ်မသွားချင်ပေမယ့်လည်း ဒီနေ့က ရင်းနှီးမြုပ်နှံသူ အသစ်ရှိတာကြောင့် မဖြစ်မနေ သွားရမည်သာ ..

အားလုံး ပြင်ဆင်ပြီးတော့ ချာတိတ်ရဲ့ အခန်းတံခါးကို အသာအယာဖွင့်ကာ ချောင်းကြည့်မိသည် ။

ချာတိတ်ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့ ..

ကျွန်တော်လည်း အခန်းထဲဝင်လာပြီး ချာတိတ်ရဲ့ ကုတင်ဘေး ဒူးထောက်ထိုင်ချလိုက်ကာ အိပ်ပျော်နေတဲ့ ချာတိတ်ကို မျက်တောင်မခတ် ကြည့်နေမိသည် ။

ဖြူ ဥနေတဲ့ မျက်နှာပေါ်က ညိုမဲနေတဲ့ ဒဏ်ရာတွေက မမြင်ရက်စရာ .. ဆေးမလိမ်းထားဘူး ထင်ပါရဲ့ ..

ကျွန်တော်လည်း ချာတိတ်မနိုးအောင် ဆေးဘူးကို ယူပြီး ဆေးလိမ်းပေးလိုက်သည် ။ ဘယ်လောက်တောင် အိပ်ရေးပျက်ထားလည်း မသိတဲ့ ချာတိတ်က ဆေးထည့်လို့ စပ်နေမှာတောင် နည်းနည်းလေးမှ မတွန့်သွားပေ ..။

အားလုံး အပြီးသတ်လိုက်ပြီး ပလာစတာကပ်ပေး လိုက်သည် ။

*အားလုံး အမြန်ဆုံး ပြန်ကောင်းသွားပါစေ ချာတိတ်ရေ *

ဒဏ်ရာရထားတဲ့ ပါးပေါ်ကို သူမသိအောင် ဖွဖွလေး နမ်းလိုက်ကာ ဆုတောင်းလိုက်မိသည် ။

❤❤My Cûtē Bõyfrïend//Completed//Donde viven las historias. Descúbrelo ahora