Ep 13 - နှုတ်ပိတ်နည်း !?

11.7K 923 13
                                    

Yeol's pov ;

အားးးး စပ်တယ်ဗျ .. တစ်ခုခုတော့ တစ်ခုခုပဲ >< လူက အိပ်ချင်မူးတူး ဖြစ်နေပေမယ့်လည်း လက်က စပ်လာတဲ့ အသိကြောင့် မျက်လုံးတွေ ဖွင့်ကာ အိပ်ယာပေါ်မှ ထလိုက်သည် ။

* ချာတိတ် !! *

ကျွန်တော် ခုတင်ဘေး ငုတ်တုတ်လေး ထိုင်ရင်း မနေ့က ဒဏ်ရာရထားတဲ့ လက်ကို ဂရုတစိုက် ဆေးထည့်ပေးနေတဲ့ ချာတိတ်ကြောင့် ကြည်နူးရပြန်သည် ။

" အ .. စပ်တယ် ချာတိတ်ရ >< "

နာပါတယ်ဆို အတင်းကြီးပဲ .. ဆေးထည့်တာကို ပြောပါတယ် ..

" ဟင့် .. ဟင့် T_T "

ဟောဗျာ .. ဆေးထည့်ပေးနေရင်းနဲ့ ကြားလိုက်ရတဲ့ ရှိုက်သံကြောင့် စိတ်ထဲ မကောင်းဖြစ်ရပြန်သည် ။ ဒီကလေး ငိုနေပြန်ပြီ ထင်ပါရဲ့ ..

" ချာတိတ်ရယ် .. မငိုပါနဲ့ကွာ .. ကိုယ့်ဆီလာခဲ့ "

တရှူံရှူံ ဖြစ်နေတဲ့ ချာတိတ်ကို ဆွဲထူရင်း ကုတင်ပေါ်တင်လိုက်သည် ။ ကျွန်တော်နဲ့ သူက အခု ကုတင်ပေါ် ဘေးချင်းကပ်ထိုင်လို့ ..

" လိမ္မာတယ်လေကွာ .. ချာတိတ်ငိုရင် ကိုယ်ဘယ်စိတ်ကောင်းမလဲ ? "

ချာတိတ်ရဲ့ မျက်နှာလေးကို ကျွန်တော့်ဘက်လှည့်လိုက်ကာ မျက်ရည်တွေကို ကြင်နာစွာ သုတ်ပေးလိုက်သည် ။

" ကျွန်တော့်ကို စိတ်မပျက်ဘူး မဟုတ်လားဟင် ? "

မျက်ရည်ရွဲနေတဲ့ မျက်ဝန်းလေးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း မေးနေတာ .. အားးးးးးး အသည်းယားလာပြီကွာ ..

" မပျက်ပါဘူးဗျာ !! ပိုတောင် ချစ်လာသေးတယ် "

ပါးတွေကို မနာအောင် အသာအယာဆွဲရင်း ပြောလိုက်တော့မှ ကျေနပ်သွားဟန်နဲ့ ကျွန်တော့်ကို သွားဖြဲပြနေလေရဲ့ ..

" လူကြီး ဘာစားမလဲဟင် ? "

" ဟင် .. ချာတိတ်က ဘာ .. ဘာချက်ထားလို့လဲ ? "

အသံများ တုန်သွားလားမသိ .. ဟင့်
ကျွန်တော် သိနေတယ် .. Byun baek ရဲ့ လက်ရာကို .. ဟင့် .. ကြောက်ဆယ် ..

" လူကြီး !! အသံက ဘာဖြစ်နေတာလဲ ? ဟင်း ဟင်း "

မျက်စောင်းထိုးပြီး သိနေတယ်ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်နေတော့ ..

❤❤My Cûtē Bõyfrïend//Completed//Nơi câu chuyện tồn tại. Hãy khám phá bây giờ