Ep 5 - ဖြစ်ရပ်မှန် ဒိတ်တင်း !!

14.2K 1.2K 24
                                    

"လူကြီးးးး လူကြီးးးး "

အလုပ်ကိစ္စလုပ်စရာ ရှိလို့ စိတ်ဝင်တစားနဲ့ အလုပ်လုပ်နေတယ်ဆိုမှ အလုပ်စားပွဲအနားကို လာပြီး တကြော်ကြော် လာခေါ်နေတဲ့ ချာတိတ် ..

"ဘာလဲ ချာတိတ် "

ဆက်လည်း လုပ်လို့ မရတော့မှာ မို့လို့ ဘောပင်ကို စားပွဲပေါ်တင် .. ဖိုင်တွေကို ပိတ်ပြီး ချာတိတ်ကို ကြည့်ရင်း လက်ပိုက်ပြီး မေးလိုက်တယ် ..

"အပြင်ထွက်ရအောင် "

"ဟမ် "

တစ်ရေးနိုး ထပြီး ကယောင်ခြောက်ခြားများ ပြောနေလေသလား ..

အိပ်များအိပ်ချင်နေသလားလို့ မျက်လုံးကို သေချာကြည့်လိုက်တော့လည်း မှေးနေတဲ့ မျက်လုံးလေးနဲ့ အကြည့်တွေကိုက မျှော်လင့်ချက် ရောင်ခြည် တစ်လက်လက်နဲ့ ..

နာရီကို လှမ်းကြည့်လိုက်တော့ ..

ည ၉ နာရီ ..

"ဒီ အချိန်ကြီး ဘယ်ကိုသွားမလို့လဲ ? "

"ဘယ်သွားရင် .. ကောင်းမလဲ .. အင်းးး "

မျက်လုံးလေးကို ကလယ်ကလယ်လုပ်ရင်း စဉ်းစားနေတာလေးက ချစ်စရာ ..

"ညဈေး !! "

ထအော်လိုက်တာ နားတောင်ကွဲတော့ မလိုပဲ ..

"ဒီ အချိန်ကြီး .. !! "

"အင်းလေ "

ပုံစံကိုက စပ်ဖြီးဖြီးနဲ့ရယ် .. တစ်ခုခုတော့ တစ်ခုခုပဲ ..

"ဘာလို့သွားချင်တာလဲ ?? "

အင်းလေ .. အစမရှိ အဆုံးမရှိ အလုပ်လုပ်နေတဲ့ လူကို လာပြောတာက အပြင်သွားမယ်တဲ့ ..

"လူကြီးကလည်းလေ .. ပြောတော့လည်း မခံချင်ဘူး .. ပျင်းလို့ပေါ့ ဒါလေးတောင် မသိဘူးလား "

အမယ် .. သူကပဲ ပြောရသည်ရှိသေး .. သူကလည်း ပူဆာသေးတယ် .. ပြောလိုက်တာလည်း မှိုချိုးမျှစ်ချိုး ..

"မှောင်နေပြီလေ ချာတိတ်ရာ နောက်နေ့မှ .. "

"အီးးးးးးးး အီးးးးးးး ဗြဲ "

စကားတောင် ဆုံးအောင်မပြောရသေးဘူး မျက်ရည် ဘူးသီးလုံးလောက် ကျပြီး ပြဲလန်အောင် အော်တော့တာပဲ .. တစ်ကယ်မျက်ရည်ကျတယ်တော့ မထင်လိုက်နဲ့ဗျ ..

❤❤My Cûtē Bõyfrïend//Completed//Tahanan ng mga kuwento. Tumuklas ngayon