" မနေ့က အနမ်း အတွက် တောင်းပန်ရမလား ? ဖွင့်ပြောရမလား ? "
ဆိုဖာရဲ့ တစ်ဖက် တစ်ချက်စီမှာ ထိုင်ရင်း ရှိနေကြတဲ့ ကောင်လေး နှစ်ယောက်အနက်မှ အရပ်ရှည်ရှည် ကောင်လေး ထံမှ တည်ငြိမ်သည့် မျက်နှာထားဖြင့် ပြောလိုက်သည့် စကား ..
"တောင်းပန် .. ပါ "
ကလေးမျက်နှာလေးနှင့် ချစ်စဖွယ်ကောင်လေးရဲ့ အပြောစကားကြောင့် အရပ်ရှည်ရှည်ကောင်လေး၏ မျက်နှာတွင် အံဩရိပ်များ အထင်းသား ..
"တောင်းပန်ပါတယ် .. မင်းကို နမ်းခဲ့မိတဲ့ အတွက် "
လှည့်ထွက်သွားသော ထိုကောင်လေး၏ ကျောပြင်က ၀မ်းနည်းမှုကို ဖော်ပြနေသယောင်~
ကျန်ခဲ့တဲ့ ကောင်လေးမှာလဲ ထို့အတူ ..
"Ok !!! ကဒ် ရပြီ ဒချိ ဒချိ "
မသိရင် ရုပ်ရှင်ပဲ ရိုက်နေသလိုလို ~ ဟင့် ငိုချင်တယ်
Chanyeol ရဲ့ ငိုမဲ့မဲ့ မျက်နှာလေးမှ မထောက် အပျော်လွန်ပြီး ခုန်ပေါက်နေတာကတော့ byun baekhyun ..
"လူကြီးက အရမ်းတော်တာပဲ သိလား "
လက်မလေးကို ထောင်ရင်း baek တို့ သဘောကျနေပုံများ ..
Chanyeol ခမျာတော့ မျက်နှာငယ်လေးနဲ့ သနားစရာ .. ငယ်ဆို သူ့မှာ ချာတိတ်ကို ဖွင့်ပြောဖို့ အားခဲလိုက်ရတာ ..
ခဲလေသမျှ သဲရေကျ ပါတကား ..။
Flash back >>
Yeol's pov ;
ဟိ .. တွေးလေးပျော်လေ ..
မနေ့ကလေ .. နမ်းလိုက်တာလေ ..
ချာတိတ်ကလေ .. လက်ခံတယ်လေ ..
ခွိ .. Park chan တို့ အိုရချည်သေးရဲ့ ..။
ခေါင်းအုံးပေါ် မှောက်အိပ်ပြီး အတွေးကမ္ဘာထဲ ဖြန့်ကျက်လို့ မဆုံးတော့ ..
ဟိဟိ .. ဟိဟိ ..
ကုတင်ပေါ် အပတ်နှစ်ဆယ်လောက် လှိမ့်ရင်း မျက်နှာကြီးကလည်း ဖြဲလို့ ..
တဟီဟီ နဲ့ မြင်း ဟီနေသလို ..
တစ်ယောက်ယောက်များတွေ့ရင် သူဌေး park chanyeol စိတ်ဖောက်သွားပြီ လို့များ ထင်မလား မသိ။
YOU ARE READING
❤❤My Cûtē Bõyfrïend//Completed//
Romanceကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ Sweet မှာပါ .. ပက်ပက်စက်စက် sweet မှာပါ .. သကြားကြိုက်သူများအတွက် .. ❤❤chanbaek yaoi ကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ ...