Ep 23 - လမ်းခွဲပြီလား ? (Real part)

8.8K 763 70
                                    

Yeol's pov ;

စားပွဲခုံမှာ တင်ထားတဲ့ လေသန့်စက်မှ ထွက်နေတဲ့ အငွေ့လေးတွေကလွဲလို့ ဆေးရုံခန်းတစ်ခန်းလုံးက တိတ်ဆိတ်လို့ ..

" ချာတိတ် !! သက်သာလား ? "

အခုချိန်ထိ အောက်စီဂျင်ပိုက်ကို တပ်ထားရဆဲဖြစ်တဲ့ ချာတိတ်ကတော့ ကျွန်တော့် အသံကိုကြားလောက်ပေမယ့် ဘာမှပြန်မဖြေ ..

စိတ်ကြောင့်ပဲလား ? အရင်လို ပြည့်ဖောင်းနေတဲ့ ပါးလေးကလည်း ချောင်ကျလို့ .. နဂိုစိုရဲနေတဲ့ နှုတ်ခမ်းလေးကလည်း အခုဆို ဖြူ ဖျော့လို့ ..

မျက်လုံးတွေကို ပိတ်ထားပေမယ့်လည်း မျက်တောင်လေးတွေက လှုပ်နေတာကြောင့် နိုးနေမှန်းတော့ သိရတယ်လေ ။ ဒါပေမယ့်လည်း ချာတိတ်က အခုထိ ကျွန်တော့်ကို စကားမပြောသေး ..

ကုတင်ဘေးက ခုံမှာထိုင်ပြီး ဆံပင်ပျော့လေးကို ပွတ်သပ်ပြီး စိတ်ပူစွာမေးလိုက်ပေမယ့် ပြန်မဖြေတဲ့အပြင် မျက်နှာကိုတောင် ဟိုဘက်လှည့်သွားတာကြောင့် ရင်ထဲဆစ်ခနဲ ..

အဲ့လောက်တောင်ပဲလား ချာတိတ်ရယ် .. ဆံပင်တွေကို ပွတ်သပ်ပေးတာကို ကြိုက်ပါတယ်ဆိုတဲ့ ချာတိတ်က အခုတော့ ကိုယ့်ကိုငြင်းဆန်ပြီလား ချာတိတ်ရယ် ။

" မကြာခင် ဆေးရုံဆင်းရတော့မယ်တဲ့ .. ချာတိတ် ဆေးရုံအနံ့ကိုတွေကို မကြိုက်ဘူးဆိုတာကို ကိုယ်သိတာကြောင့် ဆရာဝန်ကို မြန်မြန်ဆင်းပေးဖို့ ပြောထားတော့ သိပ်မကြာလောက်တော့ပါဘူး "

စိတ်ပြေလိုပြေငြား စကားတွေပြောနေပေမယ့်လည်း ချာတိတ်ကတော့ တစ်ချက်ကလေးတောင် လှည့်မကြည့် ။

" Luhan ကို ခေါ်ပေးပါ "

တိုးတိုးလေး ပြောလိုက်တဲ့ စကားတစ်ခွန်း ..

ဒါ ဆေးရုံတက်ပြီးနောက်ပိုင်း ကျွန်တော့်ကို ပထမဆုံး စကားပြောခြင်း ..

ဒါပေမယ့်လည်းလေ .. သူနှုတ်ခမ်းက ထွက်လာတဲ့ နာမည်ဟာ သူ့နာမည်တော့ မဟုတ်ခဲ့ .. ကိုယ့်ကို တစ်ကယ်ပဲ မလိုအပ်တော့ဘူးလားကွာ ..

စိတ်ရှိတိုင်းဆို မေးခွန်းတွေအများကြီး မေးပစ်လိုက်ချင်ပေမယ့် ချာတိတ်ကို စိတ်မညစ်စေလိုတာကြောင့် ..

❤❤My Cûtē Bõyfrïend//Completed//Tahanan ng mga kuwento. Tumuklas ngayon