Ep 2- ကုမ္ပဏီတွင် !!

16.3K 1.4K 22
                                    

မနက်မိုးလင်းတာနဲ့ မြင်လိုက်ရတဲ့ စိတ်ညစ်စရာ မြင်ကွင်းကြောင့် ကျွန်တော်အမောတောင် ဆို့ချင်ချင် ~

*ငါ byun baekhyun ကို အိမ်ပေါ်ခေါ်တင်မိတာလား အမှိုက်ပုံကိုများ ခေါ်တင်မိတာလား *

ဆိုပြီး မဟုတ်တာတွေတောင် စဉ်းစားမိတဲ့အထိ ..

ကျွန်တော် မစဉ်းစားပဲ နေနိုင်မလား ..

အိမ်မှာ အခန်း နှစ်ခန်းရှိတာမို့ တော်သေးရဲ့ ~

တစ်ခန်းကို ချာတိတ်ကိုပေး နောက်တစ်ခန်းကိုတော့ ကျွန်တော် park chanyeol နေတယ်ပေါ့ဗျာ ..

အခုကြည့် မနက်မိုးလင်းလို့ပဲ နေဖင်ထိုးတော့မယ် အခုထိမထသေးတာမို့ နိုးဖို့ သူ့အခန်းထဲအ၀င် ~

ပွစာကြဲနေတဲ့ အင်္ကျီတွေ ဘောင်းဘီတွေ ..အိုး အိုး အမှိုက်လိုပုံထားတဲ့ accessory ပစ္စည်းတွေ တစ်ခန်းလုံး ပွနေတဲ့ ပစ္စည်းတွေနဲ့ သူ့ဖို့သတ်ရင်တောင် သေလောက်တယ် ။

တစ်ကယ်ပါဗျာ ..ဒီလို လူမျိုးတစ်ကယ် မမြင်ခဲ့ဖူးတာ ..

ကိုယ်တော်ချော် byun baekhyun ကတော့ အဲဒီ အမှိုက်ပုံ ကြားထဲ ခွေခွေလေး ပါးစပ်လေးဟရင်း အိပ်ပျော်နေလေရဲ့ ~ သနားစရာ သွပ်သွပ် ..

ခေါင်းကို တစ်ချက်ခါပြီး ဒင်းလေးကို နှိုးဖို့ မင်္ဂလာဒုံ အမှိုက်ပုံကို ဖြတ်ရသလိုပဲ ခက်ခဲကြမ်းတမ်းစွာ ကျော်ဖြတ်ရင်းနဲ့မှ ဒင်းလေးအနား ရောက်လာတော့သည်။

"ချာတိတ် ထစမ်း !! ထ !! ချာတိတ် !! Byun baekhyun !! အဟွတ် ..အဟွတ် "

အမယ်လေးဗျာ ..
သူနိုးတာကနောက် ကျွန်တော်ကတော့ အအော်လွန်ပြီး ချောင်းတွေတောင် ဆိုးကုန်ပြီရယ် ~

အင်းးးး ငါ့မလည်း ဒုက္ခကို အိမ်ပေါ်ခေါ်တင်ထားမိလေခြင်း ~

နောက်ဆုံးတော့ ဟိုနေ့က သုံးတဲ့ လက်နက်လေးကို မီးဖိုချောင်ထဲ ပြေးယူ .. ပြီးမှ အခန်းထဲ ပြန်လာ ~ ဒင်းကို နှိုးရတော့သည် ။

"ဒေါင် ...ဒေါင် ...ဒေါင် "

ဒယ်အိုးကို ကိုင်ပြီး ယောက်မနဲ့ သုံးလေးချက်လောက် တီးလိုက်တာမို့ ထွက်လာတဲ့ သာယာနာပျော်ဖွယ် အသံနဲ့အတူ ချာတိတ်ခန္ဓာကိုယ်လေး အနည်းငယ် လူးလွန့်လာသည်မို့ ကျွန်တော်ကျေနပ်စွာပဲ ငါးခူးပြုံးကြီး ပြုံးလိုက်မိလေသည် ။

❤❤My Cûtē Bõyfrïend//Completed//Where stories live. Discover now