Ep 21 - အထင်လွဲခြင်း

8.6K 767 98
                                    

" ကယ်ကြပါဦးး အူးး .. အူးးး "

ဒီနေ့ ညနေဘက် ဘူဆန်က ပြန်ဖို့အားလုံးအဆင်သင့်ဖြစ်နေပြီမို့ နောက်ဆုံးအနေနဲ့ဆိုပြီး မနက်စောစောစီးစီး ပင်လယ်နားကို လူကြီးနဲ့ လက်ချင်းတွဲရင်း လမ်းလျှောက်နေတုန်း ပင်လယ်ထဲက အော်သံကြောင့် နှစ်ယောက်သား နားစွင့်လိုက်မိသည် ။

" ချာတိတ် !! ရေနစ်နေတာလား မသိဘူး "

ပင်လယ်ဘက်ကို လူကြီးက လှမ်းကြည့်လိုက်ရင်း စိတ်ပူစွာဆိုလေသည် ။

ကျွန်တော်လည်း ခေါင်းငြိမ့်ပြလိုက်ရင်း ပင်လယ်ဘက်ကို မျက်စိရှင်ရှင်ထားရင်း ရှာလိုက်တော့ ..

" လူကြီး !! ဟိုမှာ မိန်းကလေးတစ်ယောက် "

ရေနစ်နေသော မိန်းကလေးတစ်ယောက်ကို မြင်တော့ ကျွန်တော် အလန့်တကြားပဲ လက်ညှိုးညွှန်ပြရင်း သူ့ကို ပြောလိုက်သည် ။

မနက်စောစောဖြစ်တော့ ပင်လယ်အနားမှာ လူလည်း ရှင်းလင်းလို့ .. ။

နောက်ဆုံးတော့ လူကြီးကပဲ ကျွန်တော့်လက်ကို လွှတ်လိုက်ပြီး ရေနစ်နေသော မိန်းကလေးဆီကို အစွမ်းကုန်ကူးခတ်သွားလေရဲ့ .. ။

ထူးဆန်းစွာပဲ .. လူကြီး ကျွန်တော့်လက်ကို လွှတ်လိုက်ပြီး အဲ့မိန်းကလေးဆီသို့ ပြေးသွားတဲ့ တစ်ခဏ .. ကျွန်တော့်ရင်ထဲမှာ ခံစားလိုက်ရတဲ့ လစ်ဟင်းမှုတစ်ခုကို အဓိပ္ပါယ် မဖွင့်ပြတတ် .. ။

တစ်ချိန်ချိန်မှာများ အခုလို ကျွန်တော့်လက်ကို လွှတ်လိုက်ပြီး တခြားတစ်ယောက်ဆီ အဲ့လိုများ ပြေးထွက်သွားမယ် ဆိုရင်လေ ..

ကျွတ် .. Byun baekhyun မင်းဟာလေနော် .. ရေနစ်နေတဲ့လူကို သွားကယ်တာပဲကို ဘာတွေများ အဲ့လောက်တောင် ရှည်ရှည်ဝေးဝေး တွေးနေမိတာပါလိမ့် ?

ဒါပေမယ့် ကျွန်တော်မသိခဲ့ဘူး .. ကျွန်တော့်လက်ကို သူတစ်ချိန်ချိန် တစ်ကယ်ပဲ လွှတ်သွားနိုင်တယ်ဆိုတာကို ..

                  *-*-*-*-*

" ချာတိတ် ၀ိုင်းကူပေးဦး "

အတွေးလွန်နေတုန်းမှာပဲ လူကြီးက အဲ့မိန်းကလေးကို ချီရင်း ကမ်းစပ်ပေါ် ရောက်လာခဲ့သည် ။

❤❤My Cûtē Bõyfrïend//Completed//Nơi câu chuyện tồn tại. Hãy khám phá bây giờ