Ep 22 - ငိုကြွေးခြင်း

8.5K 782 87
                                    

Chanyeol's pov ;

" ဖူးးး ပြီးပြီကွ !! "

ရှူပ်ရှပ်ခတ်နေတဲ့ စာရင်းဇယားများစွာကို ခေါင်းမီးတောက်မတတ် ဖြေရှင်းပြီးတဲ့နောက် စိတ်ချမ်းသာလွန်းလို့ ထအော်လိုက်မိသည် ။

ပင်ပန်းလို့လည်း သေတော့မယ် 😪😪

ချာတိတ်ကို ကျောင်းလာကြိုမယ်လို့ ကတိပေးထားတာကြောင့် နာရီကို လှမ်းကြည့်မိတော့ ..

" ၁၂ နာရီပဲ ရှိသေးတာပဲ "

ကျောင်းလွတ်ချိန်က နေ့ခင်း ၃နာရီ ခွဲမှဆိုတော့ အချိန်တော့ရသေးတာပဲ ။

" Ring .. Ring "

အလုပ်ပြီးလို့ အကြောဆန့်နေတုန်း ဘေးမှာ ထားထားတဲ့ ဖုန်းလေးက အသံမြည်လာတာကြောင့် ခေါင်းကို စိတ်ပျက်စွာ ခါလိုက်ရင်း သက်ပြင်းသာချလိုက်မိတော့သည် ။

" Kai nah .. အလုပ်တွေများနေလား ? "

" အခုထိတော့ ထူးခြားတာ မရှိသေးပါဘူး .. ကိစ္စရှိရင် လှမ်းခေါ်လိုက်မယ်လို့ လှမ်းပြောတာ .. "

"အေးပါကွာ .. ငါက အလုပ်များပေါ်လာသလားလို့ !! "

တစ်ကယ်ပါ ။ အဲ့ဒါများ တကူးတက လှမ်းပြောနေရသေး ..

" ဒါပဲကွာ .. မင်းလို အလေလိုက်နေတာ မဟုတ်ဘူး .. အလုပ်ရှူပ်တယ် !! "

" Yah .. Kim kai !! "

ကျွန်တော် အသံပြဲအောင် အော်ဟစ်နေပေမယ့် ဟိုလဒကတော့ ပြောဆိုပြီး ဖုန်းချသွားပြီ ။ ဂါးးးး ငါ့ကိုများ အလေလိုက်နေတယ်တဲ့ 😒😒 တွေ့ကြတာပေါ့ kim kai ရာ ..

" ဂြီ .. "

လောလောဆယ်တော့ kim kai ကို နှိပ်ကွပ်ဖို့ကိစ္စကို အသာထား .. ဗိုက်ထဲမှာ စစ်တိုက်နေတဲ့ အရေးကိစ္စကို ဖြေရှင်းရဦးမှာမို့ ရေမိုးချိုးပြီး အိမ်နားက mart ကို သွားဖို့ ထွက်လာခဲ့လိုက်တော့သည် ။

                - ❤ -

" ဟယ် .. Chanyeol shi .. "

Mart ထဲမှာ တွန်းလှည်းခြင်းကို တွန်းပြီး ပစ္စည်းတွေဝယ်နေတုန်း ဘေးနားကို ရောက်လာပြီး ခေါ်လိုက်တဲ့ အသံကြောင့် လှည့်ကြည့်လိုက်တော့ ..

" Sunmi shi .. "

ဘူဆန်က ပြန်ရောက်ကတည်းက အဆက်အသွယ် ပြတ်နေတဲ့လူတစ်ယောက်ကို ရုတ်တရက် ပြန်တွေ့လိုက်ရတာကြောင့် နည်းနည်းတော့ အံဩသွားမိသည် ။

❤❤My Cûtē Bõyfrïend//Completed//Where stories live. Discover now