အချိန်ကာလ အတိုင်းအတာတစ်ခုသို့ ရောက်ရှိသွားသောအခါ တစ်ချိန်က ချစ်ခဲ့သော အချစ်များသည် အနည်းငယ် လျော့နည်းပြောင်းလဲသွားလိမ့်မည်ဟု အများစု ထင်မှတ်ခဲ့ကြသော်ငြား .. ကျွန်တော်နှင့် သူ၏ အချစ်မှာတော့ ..... ။
💚💚💚
ချစ်သူများနေ့ နီးစပ်လာပြီမို့ မြင်မြင်လိုက်ရသမျှ စုံတွဲအင်္ကျီများ .. ပန်းစည်း .. ချောကလက်များ .. အရုပ်များကို ရောင်းနေသော ဈေးဆိုင်များသာ .. ။
ဤကာလသည် စီးပွားရေး ပညာရှင်များအတွက် အမြတ်များများရအောင် ရှာနိုင်သော အချိန်ဆိုလည်း မမှား ။ အပြိုင်အဆိုင် စုံတွဲဝတ်စုံများ .. အရုပ်များကို နာမည်ကြီးမင်းသား မင်းသမီးဖြင့် အားကြိုးမာန်တက် ကြေငြာကြတော့သည် ။
ထို ကြော်ငြာရိုက်ကွင်းတစ်ခု .. ။
ရိုက်ကွင်းမှာ indoor မဟုတ်ပဲ outdoor ဖြစ်သည်မို့ အတော်အသင့် ကျယ်ဝန်းသော ခြံဝန်းတစ်ခုလုံး ပန်းများ ကာလာစုံစက္ကူ များဖြင့် အလှဆင်ထားသည်မှာ အကြည့်ပင်မလွဲလောက်နိုင်အောင် ဆွဲဆောင်နိုင်လှသည် ။
ထိုသို့ လှပသော ခြံဝန်းထဲ၌ ဆင်တူဝတ်စုံကို ၀တ်ထားသော မင်းသားနှင့် မင်းသမီး ။
မင်းသားကတော့ လက်ထဲတွင် လူတစ်ရပ်မျှရှိသော အရုပ်ကြီးကို ကိုင်လျက် .. ။
ကောင်မလေးကို ပေးဖို့အတွက် ထင်ပါရဲ့ .. ။
ဒါရိုက်တာ၏ ညွှန်ကြားချက်အတိုင်း ချစ်သူနှစ်ဦး၏ ပုံရိပ်အား လှပစွာ ပုံဖော်ကြတော့သည် ။
" မင်းသားက မင်းသမီးအနောက်ကို တစ်လှမ်းခြင်း လျှောက်သွားမယ် .. !! "
ဒါရိုက်တာ ပြောသည့်အတိုင်း မင်းသားမှာ ကောင်မလေးအနားသို့ လျှို့ဝှက်စွာ ဖြည်းဖြည်းခြင်း လျှောက်သွားတော့သည် ။
" မင်းသမီးက အရုပ်ကြီးကို မြင်တော့ အရမ်းသဘောကျပြီး ရယ်မယ် !!! "
ကောင်မလေးက ချစ်စရာကောင်းစွာ ရယ်မောလေတော့ ကောင်လေးကလည်း ကျေနပ်စွာ ကောင်မလေးမျက်နှာအား တစ်စိမ့်စိမ့်ကြည့်နေလေရဲ့ .. ။
YOU ARE READING
❤❤My Cûtē Bõyfrïend//Completed//
Romanceကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ Sweet မှာပါ .. ပက်ပက်စက်စက် sweet မှာပါ .. သကြားကြိုက်သူများအတွက် .. ❤❤chanbaek yaoi ကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ ...