Yeol's pov ;
" လူကြီးးးး လိုက်ပို့ပေးဆို .. နော် .. နော် "
ဪ .. ငါ့နှယ် ။ သူများတွေမြင်ရင် ကလေးမွေးထားတဲ့ အဖေလို့တောင် ထင်ကြမလားမသိ ..
သူလိုချင်တာ မရမချင်းကို အနောက်ကတစ်ကောက်ကောက် လိုက်ပြီးပူဆာတတ်တာဗျာ .. အခုလည်းကြည့်လေ Busan Aquarian ကို သွားချင်လို့ဆိုပြီး မနက်မိုးလင်းကတည်းက ဘေးမှာတဂျီဂျီ လုပ်ရင်း သောင်းကျန်းနေတာ .. နှုတ်ခမ်းဆူ ခြေဆောင့်ရင်းနဲ့ ဂျစ်တိုက်နေတာများ .. ချစ်စရာလေးဗျာ ။
အင်းးး ကျွန်တော် ဆိုတာကလည်းလေ အဲ့ချာတိတ်လေးဘာလုပ်လုပ် မျက်စိထဲ ချစ်စရာပဲ မြင်နေတာတော့ ခက်သား ..
နေပူစာလှုံမလို့ပါ ဆိုတာကို အဲ့ချာတိတ်ပေါက်လေးက လက်မောင်းကို ဆွဲလိုက်ယမ်းလိုက်နဲ့ aegyo တွေ လုပ်နေမှတော့ .. ဟင်းးးးး park chanyeol .. Park chanyeol မင်းရဲ့ ပျော့ကွက်ကို ဟိုပေါက်စက သိနေပြီကွ >< ..
"ကဲ .. ကဲ ကိုယ်လိုက်ပို့ပေးမယ် ဟုတ်ပြီလား !! အခုတော့ နေပူစာလှုံလိုက်ဦးမယ် ok ? "
ချာတိတ်ရဲ့ ပါးဖောင်းလေးကို ဆွဲရင်းပြောလိုက်တော့မှ အနိုင်ရသွားလို့ ကျေနပ်သွားတဲ့ မျက်နှာ .. ပြုံးလို့ဖြီးလို့ ..
"ဟီးးး အဲ့ကြောင့် လူကြီးကို ချစ်တာ "
အသည်းယားဖို့ ကောင်းလွန်းတာကြောင့် နှာခေါင်းရဲရဲလေးကို အသာ ဖြစ်ညစ်လိုက်ရင်း ..
"ဟွန်းး ခင်ဗျားလေးရဲ့ အဲ့စကားလေးမှာ ပျော်ဝင်နေတဲ့ သူပါဗျာ "
"လူကြီးကလည်း တစ်ကယ်ချစ်တာပါဆို .. "
"ဟားး ဟားး ကောင်းပါပြီဗျာ .. ကောင်းပါပြီ "
ချာတိတ်လေးက ကျွန်တော့်ကျောပြင်ကို သူ့လက်သေးသေးလေးတွေနဲ့ တွယ်ယှက်လာတော့ ကျွန်တော်လည်း ချာတိတ်ရဲ့ ခါးကို တင်းကြပ်နေအောင် ဖက်ထားလိုက်သည် ။
နှုတ်ခမ်းရဲရဲလေးကို တစ်ချက်နမ်းလိုက်ပြီးနောက် ..
"ကဲ ချာတိတ် .. ကိုယ်နေပူစာသွားလှုံလိုက်ဦးမယ် .. လိုက်ဦးမလား ? "
"ဟင့်အင်း လိုက်တော့ဘူး .. Soo hyung နဲ့ စကားသွားများလိုက်ဦးမယ် "
YOU ARE READING
❤❤My Cûtē Bõyfrïend//Completed//
Romanceကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ Sweet မှာပါ .. ပက်ပက်စက်စက် sweet မှာပါ .. သကြားကြိုက်သူများအတွက် .. ❤❤chanbaek yaoi ကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ ...