Ep 33 - ပျော်ရွှင်မှု (Final Part)

10.6K 766 79
                                    

ကျွန်တော့်အချစ်များ၏ ဖြစ်တည်ရာသည် သူဖြစ်သကဲ့သို့ .. ကျွန်တော့်၏ ခြေလှမ်းများသည်လည်း သူ့ထံပါးဆီသို့သာ ဦးတည်နေခဲ့သည် ..

〰〰〰

" ငါ မင်းတို့ကို လုံးဝလက်မခံနိုင်ဘူး !! "

ပြတ်ပြတ်သားသားဆိုလာသော ချာတိတ်လေးရဲ့ အဖေကြောင့် အတော်ပင် တုန်လှုပ်သွားမိသည် ။ လွယ်လွယ်နဲ့ လက်မခံနိုင်ဘူးဆိုသည်ကိုတော့ ခန့်မှန်းမိသော်လည်း .. ဒီလို လုံးဝပြင်းထန်စွာ ကန့်ကွက်မယ်မထင်ခဲ့ ။

" Ap .. Appa ?? "

ကျွန်တော့်ဘေးမှာ ထိုင်နေသော ချာတိတ်လေးထံမှ  အံဩစွာ ထွက်လာသော အသံကတိုးလျစွာ  .. ။

" ကျွန်တော့်တို့ကို လွယ်လွယ်နဲ့ လိုက်မခံနိုင်တာသိပေမယ့် နည်းနည်းလေးတော့ စဉ်းစားပေးသင့်တယ်လို့ ထင်ပါတယ် .. ကျွန်တော့်မှာ သဘောမကျစရာအချက် ရှိရင်လည်း ပြန်ပြင်ပေးပါ့မယ် "

ဒေါသထွက်နေသော ချာတိတ်လေးရဲ့ အဖေအား တည့်တည့်ကြည့်ကာ ဖြည်းဖြည်းချင်း ကိုယ့်ဘက်ပါလာအောင် ကြိုးစားမိသည် ။

" အိမ်ပေါ်က ဆင်းပြီး ကောင်လေးတစ်ယောက်နဲ့ ဖြစ်ချင်သလိုဖြစ်ခဲ့ပြီးမှ ငါ့ဆီမှာ ဘာလို့ ခွင့်ပြုချက်လာတောင်းနေသေးတာလဲ ? "

ကျွန်တော့်အပြောကို လုံးဝဂရုမစိုက်ဘဲ ချာတိတ်လေးကိုပဲ စူးစူးရဲရဲကြည့်ကာ အပြစ်တင်နေသော ချာတိတ်လေးအဖေကြောင့် စိတ်ထဲအတော်ပင် လေးလံမိသည် ။

" သူက အလကားလူမဟုတ်ဘူး အဖေ !! အဖေတို့ ခွင့်မပြုခဲ့ဘဲ လိုက်ပိတ်ပင်ခဲ့တာကို ကျွန်တော့် တောင်းဆိုမှုတစ်ခုတည်းနဲ့ အားလုံးဖြည့်ဆည်းပေးခဲ့တာ !! အဖေစွန့်ပစ်လိုက်လို့ လမ်းဘေးရောက်နေတဲ့ ကျွန်တော့်ကို စောင့်ရှောက်ခဲ့တဲ့လူပါ !!!!! "

" ချာတိတ် .. !! "

မျက်လုံးထဲတွင် မျက်ရည်အပြည့်ဖြင့် မခံမရပ်နိုင်စွာ ကျွန်တော့်ဘက်မှနေကာ ရန်ဖြစ်နေသော ချာတိတ်လေးကို စကားမလွန်စေရန် သတိပေးမိသည် ။

ကျွန်တော့်ဘက်မှနေကာ ဒေါသထွက်နေမှန်းသိပေမယ့် ဒီလိုဒေါသအလျှောက် ဖြေရှင်းရန်မဖြစ်သည်မို့ မတ်တပ်ရပ်ကာ သူ့အဖေကို ရန်ရှာနေတဲ့ ချာတိတ်လေးရဲ့ လက်ကို အသာဆွဲကာ တားမြစ်မိသည် ။

❤❤My Cûtē Bõyfrïend//Completed//Where stories live. Discover now