Ep 29 - ကြည်နူးစရာ အလွဲ

8K 733 19
                                    

Yeol's pov ;

" အဟင့် ဟင့် "

အထုတ်အပိုးတွေ ပြင်ဆင်နေတုန်း ကုတင်ပေါ်မှာ ထိုင်နေတဲ့ ချာတိတ်လေးထံမှ မပီမပြင် ထွက်လာတဲ့ ရှိုက်သံသဲ့သဲ့ကြောင့် အင်္ကျီတွေထည့်နေတာကို ရပ်လိုက်ရင်း ချာတိတ်လေးအနားသို့ သွားထိုင်လိုက်သည် ။

" ချာတိတ် ..  မငိုပါနဲ့တော့ကွာ .. ကိုယ်သွားမှာ တစ်ပတ်လောက်ပဲ ကြာမှာပါ ပြီးတာနဲ့ လုံးဝမနားပဲ အိမ်ကိုပြန်လာခဲ့မယ်နော် "

ချာတိတ်လေးရဲ့ ပခုံးကို ဖက်ကာ မျက်ရည်တွေလည်း သုတ်ပေးရင်း ကလေးလေးတစ်ယောက်လို ချော့မြူ နေမိသည် ။

" ဟင့် .. လူကြီးကတော့ ခွဲနိုင်တယ် မဟုတ်လား ? သွားး မုန်းတယ်ဆို !! ဟင့် "

အလုပ်ကိစ္စကြောင့် မတတ်သာပဲ ဒယ်ဂူဖက်ကို တစ်ပတ်လောက် ခရီးထွက်ရမှာကို မခွဲနိုင်ဘူးဟုဆိုကာ ငိုနေလေသော ချာတိတ်လေးကြောင့် အချစ်များက ပိုတောင်တိုးလာသလို ..

ဖက်ထားတာကို အတင်းရုန်းထွက်ကာ မျက်ရည်များကြားမှ အော်နေလေသော ကလေးလေးကို ဘယ်လိုချော့ရပါ့နော် ..

" ချာတိတ်ကလည်းကွာ ကိုယ်လည်း ဒီပူတူတူးလေး ပိစိကွေးလေးကို ဘယ်ခွဲနိုင်ပါ့မလဲ ? ဘယ်လိုမှ မတတ်သာလို့ပါကွာနော် .. မငိုပါနဲ့တော့နော် .. ကိုယ့်ချာတိတ်လေး ပင်ပန်းမှာ မကြည့်ရက်လို့ပါကွာ "

မရှိမဲ့ရှိမဲ့ အားလေးနဲ့ အတင်းရုန်းကန်နေသော ချာတိတ်လေးကို ရုန်းမရအောင် တင်းတင်းကြပ်ကြပ်ဖက်ထားလေတော့ ငြိမ်ကျသွားလေရဲ့ ..

" ဟင့် တစ်ခြားမိန်းကလေးတွေကို စိတ်ကလေးနဲ့တောင် မပြစ်မှားရဘူးနော် .. လျှောက်လည်း မသွားနဲ့ .. အစားလည်း အချိန်မှန်စား .. အလုပ်ရှူပ်နေတယ်ဆိုပြီး မအိပ်ပဲလည်း မနေနဲ့ .. "

ကျွန်တော့် ရင်ဘတ်ကို လက်ချောင်းလေးများနဲ့ အသည်းယားအောင် တို့ထိစရင်း လူကြီးလေးတစ်ယောက်လို အသေးစိတ် မှာတမ်းခြွေနေလေသော ချာတိတ်လေးကြောင့် ကြည်ကြည်နူးနူး ပြုံးလိုက်မိသည် ။

ဒီကလေးလေး ဘယ်လောက်ပဲ ဆိုးဆိုး ဒီလိုလေး ကျွန်တော့်အပေါ် စိတ်ပူပေးတတ်တာကြောင့်ပင် ပိုချစ်ရသည် မဟုတ်ပါလား ?

❤❤My Cûtē Bõyfrïend//Completed//Where stories live. Discover now