အလွမ်းတွေနဲ့ သေနေတဲ့သစ်ပင်
(MINSETWAI)"လူငယ်တစ်ယောက်ရဲ့ ဘဝမှာ...
အချစ်ဆိုတာကြီးနဲ့
နပမ်းထိုးသတ်ခဲ့ဖူးတယ်ဆိုတာ
ဆန်းတော့မဆန်းပေမယ့်
လူငယ်တစ်ယောက်ရဲ့ ရင်ထဲမှာ
တသသ ဖြစ်လောက်အောင်
စွဲကျန်ရစ်ခဲ့တယ် ဆိုရင်တော့
ဒါဟာ ဆန်းတယ်............။ ။ "အခန်း_၁
စတင်နွမ်းလျသွားမိတာက မရဲ့အကြည့်စူးစူးတွေကြောင့်ပါ။
ထောင့်ကပ်ကြည့်နေတဲ့ မရဲ့မျတ်ဝန်း
သူငယ်အိမ်ထဲမှာတောင်
ကျွန်တော်သိမ်ငယ်ပျောက်ရှနေ
သယောင်ယောင်။
ကျွန်တော် ဘာတွေကို သတိလတ်လွတ်
ဖြစ်နေမိတာပါလိမ့်...။
ဒါက အရင်တစ်ခါ မဖြစ်စေရဘူးလေ။
ကျွန်တော်ကျရှုံးခဲ့တဲ့ ပုံရိပ်မျိုး မ မြင်သွားဖို့ မသင့်တော်လှဘူး။ဒီအချိန်မှာ မာနကို တံခွန်ထူထားရမယ်။
ပြီးတော့ အတိတ်တွေဟာ အတိတ်တွေအတိုင်းပဲ ရှိနေရမယ်။
ဘယ်လိုကြောင့် ပုံစံပြောင်းလဲသွားခွင့်
ပေးလို့မဖြစ်တာသေချာတယ်။စွဲလမ်းမူကြိုးတွေကို ထောင်ချောက်တွေလို ကျွန်တော်သဘောထား
နေထိုင်ရမယ်။ကျွန်တ်ာဟာ ပန်းမပွင့်၊ နေမသာတဲ့ကမ္ဘာတစ်ခုထဲမှာ အရင်အတိုင်းနေ
ထိုင်သွားရမယ်။ဒီပညတ်ချက်ကို ကျွန်တော်လည်မှာ ကျွန်တော်စွဲထားရမယ်။ ဟုတ်တယ်။
ကော်ဖီတွေတောင် အခါးဓာတ် ပျောက်ရှသွားကုန်ကြတယ်။ကျွန်တော်ဟာ အလွမ်းတွေနဲ့ သေနေတဲ့ သစ်ပင်တစ်ပင်ပဲ...ဖြစ်တယ်။
ဒီသစ်ပင်မှာ မေ့ထားလို့မရနိုင်ခဲ့တဲ့
အတိတ်လေးတွေ ရှိခဲ့တယ်။အဲဒီလိုမျိုး....
ရင်ဘတ်မှာ ကျန်ရစ်ခဲ့တဲ့
အမာရွတ်တစ်ချို့ကို ကျွန်တော် ဟာ တယုတယ နဲ့ ပွတ်သပ်နမ်းရှိုက်ရင်း ဟိုး...ဝေးဝေးကို
မျှော်လင့်ချတ်မျတ်လုံးတွေနဲ့
ငေးနေခဲ့ရတယ်...။
တကယ်တော့ ပြန်ဆုံနိုင်ခြင်း၊
ပြန်မဆုံနိုင်ခြင်းဆိုတာ ကံကြမ္မာရဲ့ အလုပ်တစ်ခု ဖြစ်ခဲ့ပြီပဲလေ။ဆိုတော့ ကျွန်တော် တတ်နိုင်တာက အတိတ်ကို ထိုင်လွမ်းနေရုံမှတစ်ပါး
အခြားနတ္တိပါပဲလေ။
