(J)

32 3 0
                                    

(J)
အဲဒီနောက်ပိုင်းကာလမှာပေါ့ ကျွန်တော်အတွက်
မနက်ခင်းတွေဟာ ရွံမုန်းစရာကောင်းလောက်အောင်​ အကျည်းတန်လာခဲ့ပါတယ်။ ကျွန်တော်အရင်လို အလုပ်ကို စောစောမသွားချင်တော့ဘူး။ မနဲ့တွေ့ရမှာကို ကျွန်တော်ရင်မဆိုင်ရဲဘူး။ ပြီးတော့
လှလှပပနေထိုင်ချင်ခဲ့တဲ့ စိတ်တွေလည်း နွေသစ်ရွက်တွေလို တဖြုတ်ဖြုတ်​ကြွေနေတယ်။ "မ"ဆီက ဖိတ်စင်လာမယ့်​ အကြင်နာတစ်စက်ကို မျော်လင့်​တောင်တ​နေတဲ့ ကျွန်တော်ဟာ စိတ်ကျဝေဒနာသည် တစ်ယောက်လို ဖြစ်လာတယ်။ ဒီအခြေအနေမှာ ကိုဦးက သူပြောခဲ့တဲ့စကားအတိုင်းပဲ မကို ပြန်ကြိုးစားနေခဲ့တယ်။ ကိုဦး ဘာတွေလုပ်နေလဲ ဆိုတာ တကယ်တော့ ကျွန်တော်ဘာဆိုဘာမှမသိရတော့ဘူး။ "မ"ကတော့ တစ်ခါတစ်ခါ ကျွန်တော်ကို လာပြောပြတတ်ပါတယ်။
"ဟဲ့ ၊မိုးစက်၊ ညက နင့်သူငယ်ချင်း ဖုန်းဆက်တယ်သိလား။ သူတောင်းပန်ပါတယ်တဲ့၊ သူ့ကို ချစ်သူအဖြစ်ပြန်လက်မခံရင်တောင်မှ၊ သူငယ်ချင်းအဖြစ် ပြန်လက်ခံပေးပါတဲ့။ တကယ်ရယ်စရာပဲ။"
တကယ်တော့ ၊ ဒါက ရယ်စရာ ဘယ်ဟုက်ပါ့မလဲ မရယ်။ မရင်ထဲမှာ ကိုဦးရှိနေတာ ကျိန်းသေနေတာပေါ့။ မ သူ့ကို ပြန်လက်ခံစကားပြောတယ် ဆိုကတည်းက မ ရင်ထဲမှာ ကိုဦးရှိမှန်းကျိန်းသေနေတာပေါ့။ ဒါကြောင့်လည်း မတို့ ချစ်သူ ဖြစ်ခဲ့ကြတာပဲလေ။ ကျွန်တော်တော့ ခံစားရတယ် မရေ။
ဒါတွေကိုမသိခဲ့တာလား။ မသိချင်ယောင်ဆောင်ခဲ့တာလား။
"မ"က "နင့်သူငယ်ချင်းကို ငါပြန်လက်ခံရမလား"တဲ့။
ကျွန်တော် ဘယ်လိုပြန်အဖြေပေးရမလဲ။ ဘယ်လိုအဖြေမျိုးကကော မကို ကျေနပ်ရောင့်ရဲစေမှာလဲ။ကျွန်တော်​ "အ" နေတဲ့သူတစ်ယောက်​ဖြစ်ခဲ့ရင်​ သိပ်ကောင်းမှာ။ဒါမှမဟုတ်​ နားမကြားတော့တဲ့သူတစ်ယောက်​ဖြစ်ခဲ့ရင်​ သိပ်ကောင်းမှာ။ သံယောဇဉ်တွေကြားမှာ ကျွန်တော်ဟာ အလွဲလွဲအမှားမှားနဲ့ စီးဆင်းနေရတဲ့ မြစ်တစ်စင်းလိုပါ။
"မ" ပဲ ဆုံးဖြတ်ပါ။"မ" ဆုံးဖြတ်ချက်​ တိုင်းဟာမှန်ကန်မှာပါ။ မ က ကိုဦးကို သူငယ်ချင်းအဖြစ်နဲ့ ပြန်လက်ခံလိုက်တယ်။
ဒီလိုနဲ့ ဆူးလေရဲ့ ညနေခင်းထဲမှာ လူသုံးယောက်​ အရင်လို ပြန်ပေါင်းစုသွားတယ်။ ကျွန်တော်လည်း​မနဲ့ကိုဦးကြားမှာ ပျော်ချင်ယောင်ဆောင်နေလိုက်တယ်။ အဓိက စကားပြောကြတာကတော့ မနဲ့ကိုဦးပေါ့လေ။ ကျွန်တော်ကတော့ ကျွန်တော်အကျင့်အတိုင်း တစ်နေရာရာကိုငေးရင်း မတို့ပြောတဲ့စကားတွေကို နားစွင့်နေလိုက်မယ်။ ကိုဦးကတော့ သူ့အချစ်ကိုပြန်လက်ခံဖို့ တစ်စ တစ်စ ပိုပိုပြီး ကြိုးစားအားထုတ်လာတယ်။ သူငယ်ချင်းအဖြစ်နဲ့ လက်ခံပေးထားတယ်ဆိုပေမယ့် မတို့က ပြတ်စဲထားတဲ့ချစ်သူတွေပဲလေ။ အချိန်မရွေး ပြန်ချစ်ခွင့်ရှိတာပေါ့။ အင်း...ဒါပေမယ့် မဖြစ်သင့်ဘူး။ ကျွန်တော်သိထားတဲ့အရာတွေနဲ့ ကျွန်တော် ချိန်ထိုးပြီး စဉ်းစားတယ်။ ရင်ထဲမှာ မဖြစ်သင့်ဘူးဆိုတဲ့စကားက ပဲ့တင့်ထပ်နေတုန်းပဲ။တစ်နေ့မှာတော့
လမ်းဘေးကအသုပ်ဆိုင်တစ်ဆိုင်မှာ ကျွန်တော်တို့ သုံးယောက် ရှိနေခဲ့ကြတယ်။
"မိုးစက်၊နင်ဘာစားမှာလဲ။"
"ဟင်အင့်၊ ကျွန်တော်မစားချင်တော့ဘူး။"
"မရဘူး၊အဲဒါဆို မုန့်တီသောက်။"
"ဟုက်"
"ကိုဦးကကော၊ ဘာစားမှာလဲ။"
"မဝင့်ရည်စားတဲ့အတိုင်းစားမယ်လေ။"
"အာ့ဆိုပြီးရော၊ရခိုင်သုပ်နှစ်ပွဲ စပ်စပ်လေး၊မုန့်တီတစ်ပွဲ။"
"မ"က ငရုတ်သီးတွေအရမ်းစားခဲ့တယ်။ အဲဒီနောက် မ အိမ်ပြန်ဖို့အတွက် ၄၃ ကားဂိတ်မှာ ကျွန်တော်တို့ ကားအတူ စောင့်နေခဲ့ကြတယ်​။ကိုဦး မနဲ့အဆင်ပြေ ပြေ စကားပြောနိုင်ဖို့
ကျွန်တော်ကမသိမသာ ဘေးထွက်နေပေးခဲ့တယ်​။ ဒါပေမယ့် ဘယ်လိုကြောင့်လဲ မ က ကိုဦးကို ကြောက်လို့ပဲလား။ ကျွန်တော်ကို မ အနားမှာ အမြဲရှိနေစေခဲ့တယ်။ကျွန်တော်လိုကောင်ကိုမှ မက သံယောဇဉ်တွေနဲ့ကြိုးစတင်ချည်လာခဲ့တယ်။
ညနေခင်းဟာလည်း ညထဲကိုအတင်းတိုးဝင်သွားခဲ့ပြီ။ အမှောင်ရိပ်ထဲမှာ သူစိမ်းတွေ ကိုယ်စီ ကိုယ်စီ။
ခိုတွေလည်း မရှိတော့။ အိပ်တန်းပြန်ကုန်ပြီ ထင်ပါရဲ့။
"အား"
"မ"က ညည်းညူသံနဲ့အတူ ဗိုက်ကိုဖိလိုက်တယ်။
အဲဒီအချိန်မှာပဲ ငရုတ်သီးပြဿနာက စတင်ပြီဆိုတာ ကျွန်တော်ရိပ်မိလိုက်တယ်။
"မ"ဗိုက်အရမ်းအောင့်လာတယ်။
ကျွန်တော်ရော၊ကိုဦးရော ပျာယာခတ်ကုန်တယ်။
"မနှင်းဝင့်ရည်၊ဆေးခန်းလိုက်ပို့ပေးရမလား။"
"ဟင့်အင်း။"

မကို​ဆေးခန်းပို့ပေးရမလားဆိုတော့ မက​ပေကပ်ကပ်နဲ့မသွားဘုးလို့ငြင်းတယ်။
"မ "နဖူးမှာလည်း​ဝေဒနာကြောင့် ချွေးတွေစို့လို့။နာကျင်မူကို အံကြိတ်ရင်း မငြီးငြူနေခဲ့တယ်။ ကျွန်တော်​ မကိုဘာလုပ်ပေးနိုင်မလဲ အပြေးအလွှား စဉ်းစားတယ်။ ဒီအချိန်မှာ သိုဝှတ်ထားတဲ့အတ္တက ကျွန်တော်ဆီက ခုန်ထွက်လာတယ်။တကယ်တော့ ကျွန်တော်လွန်မှန်သိခဲ့ပါတယ်။
ကိုဦးကိုဆေးသွားဝယ်ခိုင်းမိတယ်။
"ကိုဦး၊ မင်းဆေးသွားဝယ်လိုက်ပါလား။"
ကိုဦးက ကျွန်တော်ကို မကျေနပ်သလိုတစ်ချက်​ကြည့်ပြီး
"မင်းသွားဝယ်လိုက်ပါ။ငါ​စောင့်နေပေးမယ်​။"
ဒါဖြစ်သင့်ပါတယ်​။သွားမယ့်သွား ကျွန်တော်က သွားသင့်တာပေါ့။ တကယ်တော့ ဒီလိုအခြေအနေမှာ သူ့ချစ်သူနား သူလည်းနေပေးချင်မှာပေါ့။
ဒါပေမယ့်​ ကျွန်တော်​​ခြေလှမ်းတွေက မ အနားကတစ်ဖဝါးမှ ခွာချင်စိတ်​ ရှိမနေခဲ့ဘူး။
မက ဒါကိုရိပ်မိခဲ့သလားတော့ ကျွန်တော်​မပြောတတ်ဘူး​။ မက လက်ဖဝါးကို လာပြီးညှစ်တယ်။ ကျွန်တော် ရင်ခုန်သွားတယ်။ နောက် မ ဝေဒနာကြောင့် ဒီလိုပြုမူတယ်လို ကျွန်တော်ယူဆကြည့်လိုက်တယ်။ ဒါပေမယ့် မဆီက အသံတိုးတိုးလေး ထွက်လာခဲ့တယ်။
"ကိုဦး၊ နင်ပဲ ငါ့ကို ဆေးသွားဝယ်ပေးပါဟာ။"

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now