(S)

21 3 0
                                    

(S)
ဘဝမှာ ချစ်သူနဲ့ အတူတွဲပြီး သွားလာရတဲ့ အချိန်တွေဟာ ကျွန်တော်အတွက် အပျော်ဆုံး အချိန်ပါ။ အောင်ဆန်းကွင်းကြီးဟာ မိုးရွာထဲမှာ လူသူခြောက်ကပ်နေခဲ့တယ်။ ကျွန်တော်နဲ့ မနဲ့ ဖဆပလကို ကျော်ဖြတ်လာခဲ့ပြီး ၁၀၅ဒိုင်နာကားတွေ ရှိတဲ့ ကျောက်ကွေ့မှတ်တိုင်ဘက်ကို လျှောတ်လာလိုက်တယ်။ မိုးအေးပေမယ့် ကျွန်တော်အတွက်တော့ နွေးတယ်။ မလက်ကို ဆုတ်ကိုင်ထားခဲ့တဲ့ ကျွန်တော်လက်ဟာ စိတ်ချမ်းမြေ့ခြင်းတွေကို ရတယ်။ လူငယ်တစ်ယောက်ရဲ့ ဘဝမှာ အချစ်ကို ကိုးကွယ်မိတော့ ဆန်းတော့ မဆန်းပါဘူး။ ဒါပေမယ့် အဖြစ်အပျက်တွေအရ စိတ်မကောင်းစရာတွေ ရှိနေသေးတာကတော့ ဆန်းတယ်။ "မ" ကတော့ ကျွန်တော်အလိုလိုက်ပြီး လိုက်လာခဲ့ရတယ် ဆိုပေမယ့် သူမျတ်နှာက အခုတော့ ကြည်လင်နေတယ်။ ဒိုင်နာကပေါ်မှာ နှစ်ယောက်အတူယှဉ်တွဲထိုင်မိတယ် မ လွတ်ထွက်သွားမယ့်အလား ကျွန်တော် ဖတ်ထားခဲ့မိတယ်။ ကားပေါ်မှာ လူတွေဝိုင်းကြည့်ကောင်း ကြည့်နေကြပါလိမ့်မယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော် အဲဒါတွေကို မမြင်ဘူးရယ်။ ကျွန်တော် မျတ်စိထဲမှာ မ တစ်ယောက်တည်းပဲ ရှိနေတယ်။

ဒီလိုနဲ့ ပလာဇာရောက်တော့ ကျွန်တော်ညီမ အလုပ်လုပ်နေတဲ့ဆိုင်ကို သွားပြီး မနဲ့ မိတ်ဆတ်ပေးလိုက်တယ်။အဆင်ပြေပါတယ်။
"မိုးစက်၊ နင့်ညီမလေးက အချောလေးပဲ။"
"ဆိုလိုတာက၊ ကျွန်တော်က မချောဘူးပေါ့။"
မဆီက အဖြေကို ချက်ချင်းမရဘူး။ ပြီးမှ မ က သေချာစဉ်းစားပြီ ဖြေတယ်။
"နင့်လည်း ချောပါတယ်။ ဒါပေမယ့် နင့်ဝတ်တာစားတာက နင့်ရုပ်ရည်ကို ဖျတ်စီးနေတယ်။"
"ဒါကတော့ ကျွန်တော် ဒီလိုပဲ ဝတ်တတ်တာကို။"

ပလာဇာက ကျွန်တော်တို့ မထွက်ခင်မှာ မ က တစ်စုံတစ်ခုကို သတိရသွားသလိုနဲ့။
"နင် ဒီနားမှာ ခဏစောင့်နေဟာ၊ ငါ ဆိုင်ဘက် ခဏ သွားလိုက်ဦးမယ်။"
ကျွန်တော် ခေါ်င်းညှိတ်ပြလိုက်တယ်။ပလာဇာမှာ ကျွန်တော်တို့ နာရီဆိုင်ခွဲရှိတယ်။ အဲဒီမှာ
ညီဇော်​ရှိနေတယ်။ မ ဘာကြောင့် ကျွန်တော်ကို မခေါ်သွားရလဲ ဆိုတာ ကျွန်တော် ကောင်းကောင်းသျပါတယ်။ ကျွန်တော်တို့နှစ်ယောက် အတူတိုင်ပင်ပြီး အလုပ်ပျတ်တယ်ဆိုတာကို သိသွားမှာ စိုးလို့ပါပဲ။ ထုံးစံအတိုင်း မ မရှိခင် စီးကရက်တစ်လိပ်ကို အမြန်ခိုးသောက်လိုက်တယ်။ ဆေးလိပ်ရဲ့ မီးခိုးငွေ့ထဲမှာ မရဲ့အပြုံးတွေ မြင်တယ်။ ပျော်စရာ ကောင်းလိုက်တာ။

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now