(2D)
ညက တစ်ညလုံး ကျွန်တော့်နှလုံးသားနဲ့ဦးနှောက်ကို ကြွက်အကောင်တစ်ရာလောက် ဝင်ခဲ့သလိုကို ခံစားခဲ့ရပါတယ်။ ပြီးတော့ ကျွန်တော် နောင်တကြီးစွာ ရနေမိတယ်။ ကျွန်တော် ပြောခဲ့တဲ့စကားတွေဟာ အလွန်မှ ရက်စက်ကြမ်းကြုတ်ခဲ့တယ်လို့ ကျွန်တော်ယူဆခဲ့တယ်။ အဲဒါနဲ့ ကျွန်တော်မနက်ငါးနာရီခွဲလောက်မှ အစောကြီး အိမ်ကထွက်လာခဲ့လိုက်တယ်။ မနက်ခင်းဟာ မှိုင်းပြာဝေနေလေရဲ့။ ကျွန်တော် မ အလုပ်မသွားခင် မ ကို အချိန်မီ တွေ့ရှိရဖို့ လိုအပ်ပါ တယ်။ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် မကို ကျွန်တော်တောင်းပန်ဖို့ စိတ်ကူးထားတယ်။ ဆူးလေရောက်တော့ မိုးကဖွဲဖွဲလေး ကျနေတယ်။ ဒီလောက်မိုးကိုတော့ ကျွန်တော်အမူမထားပါဘူး။ ဆူးလေရောက်တော့ မစီးနေကျ (၄၃)ကားကို တက်စီးလိုက်တယ်။ အင်လျားရိပ်သာမှာ ကျွန်တော်ဆင်းလိုက်တယ်။ ခုနှစ်နာရီပဲ ရှိသေးတယ်။ မ ကို မှီလောက်မှာပါ။ မိုးဖွဲဖွဲလေးထဲမှာ ကျွန်တော် ထိုင်စောင့်နေလိုက်တယ်။ မနက်ခင်းထဲမှာ အေးအေးလူလူ မရှိတဲ့ကောင်ဆိုလို့ ကျွန်တော်တစ်ကောင်ပဲ ရှိနေတယ်။
ကားအလာစောင့်နေကြတဲ့ ထီးဆောင်းထားသူတွေဟာ ကျွန်တော်ကို တစေ့တစောင်းအကဲခတ်နေကြတယ်။ သူတို့ တစ်ခါမှ မမြင်မတွေ့ကြဘူးတဲ့ အကြည့်တွေ။
ကျွန်တော်ခေါ်င်းမှာ စို နေတဲ့ ဆံပင်ကို လက်နဲ့ ထိုးဖွပြီး ခါပစ်လိုက်တယ်။ ကျွန်တော်ဟာ အခြေအနေတစ်ခုကို စိုးရိမ်နေရတဲ့ လူတစ်ယောက်ပါပဲ။ ပြတ်တောက်သွားတော့မယ့် ကြိုးတစ်စကို ကျွန်တော် မပြတ်တောက်သွားအောင် အတင်းကြိုးစား အားထုတ်ကြည့်ချင်နေတယ်။ ဟော့ "မ"ထွက်လာပါပြီ။
မိမိကိုယ်မိမိ ယုံကြည်တဲ့ ခြေလှမ်းတွေနဲ့။ "မ"
ကျွန်တော်ကို မြင်သွားတယ်။ ချက်ချင်းပဲ မ မျက်နှာ ပျက်ယွင်းသွားတယ်။ ကျွန်တော်နားရောက်တော့
"နင် ငါ့နောက်ခပ်လှမ်းလှမ်းက လိုက်ခဲ့၊ ဒီနားမှာ ငါ့အမျိုးတွေ ရှိနေတယ်။"
ပြောပြီး "မ"က အင်လျားကန်ဘက်ကို လျှောတ်သွားတယ်။ ကျွန်တော်လည်း ကြေကွဲစွာနဲ့ နောက်ကလိုက်လာခဲ့တယ်။ အရင်လိုဆို မ နဲ့နှစ်ယောက်အတူတူ ထီးဆောင်းပြီး လမ်းလျှောတ်နေကြလေ။ အခုတော့ မ ဥပက္ခာပြုရက်ခဲ့လေပြီ။ အဲလိုနဲ့ အင်လျားကန်ဘောင်ရှေ့ (ယခု မြန်မာပလာဇာနား) ရောက်တော့ မ က ရပ်ပြီး ကျွန်တော်ကို စောင့်နေခဲ့တယ်။ ကျွန်တော် မ အနားရောက်တော့ မ က ကျွန်တော်ကို စာတစ်စောင်ထုတ်ပေးတယ်။ ကျွန်တော် လှမ်းယူကြည့်လိုက်တယ်။
"ဒါ မောင်ပေးခဲ့တဲ့ ကဗျာစာရွက်လေးပဲ ။ ဘာလို့ပြန်ပေးရတာလဲ။"
"စာရွက်နောက်ကို ကြည့်လိုက်။"
မက ပြောပြီး ရှေ့ကိုထပ်လျှောတ်သွားတယ်။ ကျွန်တော် နောက်ဘက်ကို အလျှင်အမြန် ဖတ်ကြည့်လိုက်တယ်။
"မိုးစက်၊ နင်နဲ့ငါနဲ့ ဘာမှမဆိုင်တော့ဘူး။
နင်ငါ့ကို မေ့လိုက်ပါတော့။"
စာရွက်လေးပေါ် မိုးစက်တွေ တပေါ်က်ပေါ်က်ကျလာတယ်။ ကျွန်တော် နှမြောတသနဲ့ ပြန်ခေါ်က်ပြီး ဘောင်းဘီအိတ်ထဲ အလျှင်အမြန်ထိုးထည့်လိုက်တယ်။ ပြီးတော့ မ နောက်ကလိုက်သွားပြီး
"မ ခဏလောက်နေပါဦး။ ညက ကိစ္စတွေအတွက် မောင် တောင်းပန်ချင်လို့ပါ။"
"မ"က ကျွန်တော်ကို စိမ်းစိမ်းကားကားကြည့်တယ်။ အဲဒီအကြည့်တွေက ကျွန်တော်ကို ရေခဲရိုက်လိုက်သလိုပါပဲ။ ကျွန်တော်မှာ တုန်ရီအေးစက်နေရော။
"မလိုတော့ဘူး မိုးစက်၊ နင့် ငါ့ စေတနာတွေကို စော်ကားခဲ့တယ်။ ငါကြောင့် နင်တို့ စိတ်ဝမ်းကွဲနေရတာ ငါ စိတ်မကောင်းဖြစ်မိလို့ ငါကိုဦးကိုတွေ့ပြီး နင်တို့ သူငယ်ချင်းအချင်းချင်း ပြန်အဆင်ပြေအောင် လုပ်ပေးခဲ့တာ။ အခုတော့ အလကားပဲ။ ပြီးတော့ နင့်လို စိတ်ဓာတ် အောက်တန်းကျတဲ့ ယောကျာ်းနဲ့လည်း ထပ်မသတ်ချင်တော့ဘူး။"
ကျွန်တော် ဆွံအသွားရတယ်။ အဲဒီအချိန် ဘက်စ်ကားတစ်စီးထိုးရပ်လာတယ်။ မ က ကားပေါ်တတ်ဖို့ ခြေလှမ်း လှမ်းလိုက်တယ်။ ပြီးတော့ နောက်ပြန်တစ်ချက် လှည့်ကြည့်ပြီး
"နင့် ငါ့နောက်က လိုက်မလာခဲ့ပါနဲ့။"
ကျွန်တော်ကမ္ဘာတစ်ခုလုံး မိုးမှောင်ကျသွားတယ်။ မှားယွင်းခဲ့သူဟာ ကျွန်တော်တဲ့လား။ ရပ်နေတဲ့ ကျွန်တော်ခြေထောက်တွေ ကွေးညွတ်သွားချင်မိတော့တယ်။ နူတ်ကလည်း မလို့ ရေရွတ်ရင်း ကိုယ့်ဘဝကိုယ် မခံချင်ဖြစ်နေမိတော့တယ်။ ကျွန်တော် ဘာဆက်လုပ်ရမလဲ။ မနဲ့ ထပ်တွေ့ရဖို့ ကျွန်တော်ဘဝမှာ မသေချာတော့ဘူး။ ကျွန်တော်ဆိုတာ အချစ်တွေ စိုက်ပျိုးခဲ့ပေမယ့် ပန်းပွင့်မလာခဲ့ရတဲ့ကောင်ပဲ။ ဒီပုံစံနဲ့တော့ ကျွန်တော် အလုပ်မသွားချင်တော့ဘူး။ တစ်နေကုန် ကျွန်တော်စိတ်တွေ လေးလံထိုင်းမှိုင်းနေတော့မှာ။ ကျွန်တော်အလုပ်မသွားတော့ဘူး။ အရက်ပဲ သွားသောက်တော့မယ်။ ဆုံးဖြတ်ချက်ချပြီးနောက် လာတဲ့ကားတစ်စီးပေါ် ကျွန်တော်တက်လိုက်ခဲ့တယ်။ ကားပေါ်ကနေ နောက်ဆုံးအနေနဲ့ ကျွန်တော်ကို အမှတ်တရကြီးစွာပေးလိုက်တဲ့ အင်လျားကန်ဘောင်ကို တစ်ချက်ငေးလိုက်တယ်။ မျော်လင့်ခြင်းတွေ ပြုတ်ကျကျန်ခဲ့ရတယ်။ ဘယ်သူမပြု မိမိမူတဲ့။ အပြစ်တွေအားလုံး ကျွန်တော်ဆီ ပုံချခဲ့လိုက်ပေါ့။ ဒီသစ်ပင်ဟာ ကန္တရမှာ ပေါ်က်တာပဲ။ ဟော့ ဟိုရှေ့မှာ ရွှေတိဂုံဘုရားကို လှမ်းမြင်ရတယ်။ တိုးတိုးလေး ကြိတ်ဆုတောင်းတယ်။
"အရှင်ဘုရား တပည့်တော် အချစ်ရေး မရှုံးနိမ့်ပါရစေနဲ့ ဘုရား။"
အဲလိုနဲ့ ကားက ဗဟန်း၃လမ်းကို ရောက်လာတယ်။ ကားလမ်းတစ်ဘက်ခြမ်းက မနဲ့လာခဲ့ဖူးတဲ့ ကန်တော်ကြီးကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ကျွန်တော်အမြင်တွေ ချက်ချင်း စိုးရိမ်ခြင်းတိမ်တိုက်တွေ အုံ့ဆိုင်း သွားရတယ်။
"ဟင် မနဲ့ကိုဦးပါလား။" ကျွန်တော်
ကားပေါ်က ချက်ချင်းဆင်းဖို့ ပြင်လိုက်တယ်။ မမှီတော့ဘူး။ ကားက ထွက်ပြီ။ သူတို့ ဘာလို့ ဒီကိုလာကြတာလဲ။ သူတို့ ပြန်အဆင်ပြေသွားကြပြီတဲ့လား။ ဒါဆို ဒီဇာတ်လမ်းမှာ ငါက ဗီလိန်ပဲပေါ့။ ရှေ့မှတ်တိုင်မှာ ကားရပ်တာနဲ့ ချက်ချင်းဆင်းလိုက်တယ်။ ကားပြန်စီးသွားဖို့ ကျွန်တော်သတိမရဘူး။ ကျွန်တော်ဟာ အရူးတစ်ယောက်လိုပဲ ပြေးနေမိတယ်။ ကားပေါ်က လူတစ်ချို့ ကျွန်တော်ကို ကြည့်သွားကြတယ်။ ကျွန်တော် ဘာလို့ပြေးလွှားနေတာလဲ။ တကယ်တော့ ဒီမှတ်တိုင်နှစ်ခုဟာ အတော်လှမ်းတယ်ဆိုတာကို ကျွန်တော်စဉ်းစားနိုင်စွမ်းတွေ ပျောက်ရှခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ဆက်ပြေးနေမိတယ်။ ကျွန်တော် သိချင်တယ်။ အခုတခေါ်က် "မ"တို့ တွေ့ခြင်းဟာ ဘာအတွက်လဲ။ ကျွန်တော်အသဲတွေ ဟတ်တက်ကွဲနေပါပြီ။ ချွေးနဲ့အတူ မျက်ရည်စတို့ပါ လမ်းမပေါ် ကျဆင်းသွားတယ်။ ရင်ထဲမှာ နာမည်တစ်ခုကို အော်ဟစ်မြည်တမ်း နေတုန်းပဲ။
"မ......."
