အခန်း-၅

62 3 0
                                    

အခန်း(၅)

တစ်ချိန်က စောင့်ဆိုင်းခြင်းဆိုတဲ့အရာကို ကျွန်တော်ဟာ လွန်စွာမှ မုန်းတီးခဲ့တဲ့ လူငယ်တစ်ယောက်ဖြစ်တယ်။ တစ်ခါတစ်လေကျတော့ အခုချိန်ထိ ကျွန်တော်မျှော်လင့် စောင့်ဆိုင်းနေမိတဲ့အရာကို စွန်ကြိုးဖျတ်ပစ်လိုက်ချင်မိတယ်။ အဝါရောင်ကော်ဖီခွက်ကလေးဟာ ကော်ဖီဂျိုးတွေနဲ့  မည်းညစ်ညစ် အသွင်ဖြစ်ခဲ့ပြီ။ အရာအားလုံးဟာ ပြောင်းလဲသွားတယ်။ အဲဒီပြောင်းလဲမူနောက်မှာ ကျွန်တော်ရေစုန်မျောလိုက်ပြီး ပြောင်းလဲနေထိုင်ပစ်ဖို့  စိတ်ကူးလုံးဝမရှိမိပါဘူး။

ဒီနေ့  မြင်မြင်သမျှအရာရာတိုင်းဟာ အရုပ်ဆိုး အကျည်းတန်နေတော့တာပါပဲ။ တချို့ ကလည်း maskတွေတပ်ထားတယ်။ နှာခေါ်င်းကြီးကဖော်ပြီး ပါးစပ်ကိုတော့ သူတို့ လုံအောင် ဖုံးထားကြတယ်။

ဒီဖြစ်ပုံက ဟာသဆန်နေပေမယ့် ကျွန်တော်မရယ်ရက်ဘူး။ အချို့ ကလည်း ကားပေါ်က ဆင်းခွင့်ရတာနဲ့  ဘေစင်ကို အပြေးအလွှားသွားပြီး လက်တွေဆေးကြတယ်။

ကျွန်တော်ကတော့ ဒီအရာတွေကို လုပ်ဆောင်ဖို့  ပျင်းရိလေးတွဲ့ နေတဲ့ လူသားတစ်ယောက်နဲ့ တောင် တူနေလေရဲ့။ ဆူးလေ။ အရင်လို လူတွေမစုံညီတော့။ ကျွန်တော်နေရပ်ကို ပို့ ဆောင်ပေးမယ့် YBSတွေလည်း တစ်စတစ်စ ကျဲပါးလို့  နေခဲ့တယ်။

မြင်ကွင်းထဲမှာ  အရာရာဟာ ဝေ့သီအုံ့ ဆိုင်းလာပြန်တယ်။ ကျွန်တော်က ထုံးစံအတိုင်း ကားမှတ်တိုင်က ထိုင်ခုံရဲ့ အစွန်းတစ်ဘက်မှာ ထိုင်လျှက်ပဲပေါ့။ တစ်ချက် တစ်ချက် 'မ'တို့  ပြောဆိုနေကြတဲ့ စကားတွေကိုတော့ တီတိုးနားထောင်နေမိတယ်။
"ကိုဦးကို အမှန်အတိုင်းပဲ မေးမယ်နော်။

အမှန်ဖြေမှာလား။"

ချိုသာတဲ့ မရဲ့အသံမှာ စိတ်ဝင်စားစာပဟေဠိကိုပါ အစာသွပ်လို့ လာရဲ့။ Rဇာနည် ဆံပင်ကေနဲ့  ရုပ်လေးချောသလောက် အချိုးမပြေတဲ့ ကိုဦးကတော့
"အင်း"
သာမန်ကာလျံ ခပ်ယဲ့ယဲ့ အဖြေနဲ့ ။ 'မ'က ကိုဦးမျက်နှာကို သေသေချာချာ အရင်စိုက်ကြည့်လိုက်တယ်။ ပြီးမှ

"ကိုဦး ဆိုင်မှာ အလုပ်လာလျှောတ်တဲ့နေ့ က ကိုဦးနဲ့ အတူ အသားဖြူဖြူနဲ့  ကောင်မလေးတစ်ယောက်
ပါသေးတယ်ဆို။ ပြီးတော့ အဲဒီကောင်မလေးက ကိုဦးရဲ့လက်မောင်းတစ်ဖက်ကို ဖတ်တွယ်ထားသေးတယ်တဲ့။ အဲဒီကောင်မလေးက ဘယ်သူလဲဟင်။"

မရဲ့ အေမးစကားက အသံတိုးတိုးလ်လ်။ "မ"ကြည့်ရတာ ကိုဦးကို အရမ်းချစ်တာကြောင့် ဒီမေးခွန်းကြောင့် ကိုဦး စိတ်ဆိုးမှာကို ကြောက်နေတဲ့ပုံပါပဲ။ "မ"ရဲ့ အဲဒီပုံစံကြောင့်ပဲ တောသားလူလည်ဖြစ်တဲ့ ကိုဦးက သူ့ အပြစ်ကို ပြန်လည်ဖုံးဖိနိုင်သွားခဲ့တာပေါ့။
"အဲဒီစကားက မဝင့်ရည်ကို ဘယ်သူပြောတာတုန်း။"

"မတင့်တို့  ပြောတာပဲလေ ။ သူတို့  ဆိုင်ရှေ့မှာ ကိုဦးအလုပ်လာလျှောတ်တုန်းက ရှိနေကြတာပဲဟာ။"

ကိုဦးက ကျွန်တော်ဘက်ကို တစ်ချက်လှည့်ကြည့်တယ်။ ကျွန်တော်လည်း သိပါတယ်။ ဒီကောင်မှာ ငြင်းစရာစကားမရှိတော့ဘူး ဆိုတာကိုပေါ့။
"ဟုတ်တယ်။ အဲဒါ ကျွန်တော်ချစ်သူပဲ။"
"ဘာ နင့်ချစ်သူဟုတ်လား။"

ရုတ်တရတ် ကိုဦးရဲ့ ဝန်ခံလိုက်မူမှာ ကျွန်တော်ပါ ဆွံအသွားရတော့တယ်။ မ နောက်ထပ် ဘာစကားမှ ထပ်မပြောခင်မှာပဲ
"နောက်ထပ်ဘာမှထပ်မမေးပါနဲ့ "
ကိုဦးထထွက်သွားတယ်။ ကျွန်တော်ကပဲ ကြားထဲက ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး
"ဟာ ဟေ့ကောင် နေဦးလေ။"

သူ တစ်ချက်လှည့်ကြည့်တယ်။
"မင်း သူ့ ကို ကားကူမစောင့်ပေးတော့ဘူးလား။ အခုပဲ ကိုးနာရီထိုးနေပြီ။ သူများတွေ နှောင့်ယှတ်နေဦးမယ်။"
ကျွန်တော်စကားကို သူ တစ်ချက်စဉ်းစားတယ်။
"မင်း စောင့်ပေးလိုက်ကွာ။
စိတ်ညစ်လို့  အိမ်ပြန်တော့မယ်။"

ကျွန်တော် သက်ပြင်းမောကိုသာ မှုတ်ထုတ်လိုက်မိတယ်။ အာ့ အချိန်မှာ ရုတ်တရတ် အသံကျယ်ကျယ်တစ်ခုကို ကျွန်တော်ကြားရတယ်။

"ဟေ့လူ ဒါနောက်ဆုံးကားနော် လိုက်မှာလား။ နောက်ကား မရှိတော့ဘူး။"
ဟင် ကျွန်တော်ထိုင်နေတာ ဘယ်လောက်တောင်
ကြာမြင့်သွားခဲ့သည် မသိ။

ဒါ ကားပေါ်ရောက်မှပဲ စဉ်းစားရမယ်။ ကားမရှိတော့ရင် အိမ်ပြန်ဖို့  ကသိကအောက်ဖြစ်တော့မှာ ဒါကြောင့် အလျှင်အမြန်ပဲ ကားပေါ်ကိုပြေးတတ် နေရာယူလိုက်တော့တယ်။
-----------------------------------

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Donde viven las historias. Descúbrelo ahora