(X)

27 2 0
                                    

(X)
ဘယ်လိုလူတွေ ဘယ်လိုပဲဖျတ်ဖျတ်ပါ။ ကျွန်တော်တို့မှာ ပုံမှန်တွေ့ခွင့် ဆိုတာ အမြဲရှိတယ်။ အထူးသဖြင့် ညတိုင်းမှာ ကျွန်တော်တို့ ဖုန်းအမြဲပြောဖြစ်ခဲ့ကြတယ်။အဲလို ရာသီဥတုမျိုးကို ကျွန်တော်အမြဲ မျှော်လင့်ခဲ့တာပဲလေ။ တစ်ခါတစ်လေ မ က ကျွန်တော်အကြောင်းတွေကို မေးပြီး ဂရုတစိုက် နားထောင်ပေးတတ်ပြန်တယ်။  ဒါပေမယ့်လို့ ထူးဆန်းတာ တစ်ခုက မ အကြောင်းတွေကိုကျ ကျွန်တော် ဘာတစ်ခုမှ သေသေချာချာ ရေရေရာရာမသိခဲ့ရဘူး။ ဒါကလည်း ကျွန်တော်ညံဖျင်းမူပါလေ။ ကျွန်တော် မ အကြောင်းတွေကို မသိချင်ခဲ့ဘူး။ ကျွန်တော်သိတာက မနဲ့ချစ်နေဖို့လောက်ပဲ သိခဲ့တာ။ မရဲ့အတိတ်ဟာ ဘယ်လိုကြီးပဲ ရှိခဲ့ပါစေ၊ မရဲ့အတိတ်ဟာ ကျွန်တော်နဲ့ တွေ့ဆုံခြင်း မရှိသေးတာကြောင့် ကျွန်တော်နဲ့ မဆိုင်ဘူးလို့ဘဲ ကျွန်တော်မှတ်ယူခဲ့မိတယ်။ တကယ်တော့ ဒီ ယူဆချက်ကြီးက မှားပါတယ်။ လုံးဝအမှားကြီးပါ။ လူတစ်ယောက်ရဲ့အတိတ်ကနေ သူရဲ့အကျင့်စရိုက်ကို လေ့လာလို့ရပါတယ်။ အခုလက်ရှိမှာ လူတစ်ယောက်ဟာ ကောင်းနေပေမယ့် နောင်တစ်ချိန်မှာ အတိတ်က အပြုအမူမျိုးတွေ ပြန်လုပ်၏၊ မလုပ်၏ ဆိုတာ ဘယ်သူမှ အသေအချာ မပြောနိုင်ပါဘူး။ ပြီးတော့လည်း အတိတ်နဲ့ လွတ်ကင်းနေတဲ့လူဆိုတာလည်း ဘယ်တုန်းကမှ ရှိမနေခဲ့ပါဘူး။ ဒါတွေကို မသိရလောက်အောင် အမြင်ကန်းနေတဲ့ ကျွန်တော်ဟာ အချစ်ကို ကမ္ဘာတည်နေမိတယ်။ ညစဉ် မနဲ့ဖုန်းပြောတယ်။ ဖုန်းကြွေးတွေလည်း များလာတယ်။
"ဟယ်လို၊ မ ပြော။"
"မနက်ကျရင် ၈နာရီလောက် ယောင်လမ်းမှာ လာစောင့်နေနော်။ မောင်ကို တိုင်ပင်စရာရှိတယ်။"
ဘာပါလိမ့်။ နည်းနည်းတော့ ကြက်သီးမွှေးညှင်း ထသွားရတယ်။
"ဘာများလဲ မရဲ့၊ ကိုဦးကိစ္စလား။"
"မဟုက်ပါဘူး။ သူ့အကြောင်း ခေါ်င်းထဲမှာကို မရှိဘူး။ တခြားကိစ္စပါ။"
"အင်း မောင်  လာစောင့်နေမယ်လေ။"
ဖုန်းသွားဆက်တဲ့အိမ်က ပြန်ထွက်လာတော့ ရင်ထဲမှာ နည်းနည်းလေးနေမိတယ်။ အဲဒါနဲ့ လမ်းထိပ်က သူငယ်ချင်း တစ်ယောက်ရဲ့ ကွမ်းယာဆိုင်မှာ ခဏထိုင်နေမိတယ်။ သူငယ်ချင်းကလည်း အတော်လျှာရှည်တယ်။
"မိုးစက်၊ မင်းနဲ့ကိုဦး ရန်ဖြစ်ထားတာလား။"
ကျွန်တော် သူ့ကို တစ်ချက်မျတ်လုံးပြူးပြီး ကြည့်လိုက်မိတယ်။ ဒီကောင် ဘယ်လိုသိထားတာလဲပေါ့။
တကယ်တော့ ကျွန်တော်တို့အကြောင်းကို ရက်ကွက်ထဲက သူငယ်ချင်းတွေ ဘယ်သူမှ မသိကြဘူးလေ။
"မင်းကို ကိုဦးက အဲလိုပြောလို့လား။"
"ကိုဦးပြောတာ မဟုတ်ပါဘူးကွာ။ မင်းတို့နှစ်ကောင် အလုပ်အတူသွားတာ မတွေ့တော့လို့ မေးကြည့်တာ။
"ဘာမှ မဖြစ်ပါဘူးကွာ။ ဒီလိုပဲ တခြားအကြောင်းတွေရှိလို့။ "
"ဘာအကြောင်းလဲ။"
ဟာ..ဒီသကောင့်သားကလည်း တော်တော်အမေးအမြန်းထူတဲ့ ကောင်ပဲ။ ဒါပေမယ့် ဒီကောင်ကို ပြောပြလို့ မဖြစ်ဘူး။ ဒီကောင်ကို ပြောပြလိုက်တာနဲ့ ရပ်သိရွာသိ ဖြစ်သွားရလိမ့်မယ်။
"နောက်တော့ ငါပြောပြမယ်။ လောလောဆယ် ကွမ်းယာပေးလိုက်။"
အဲဒီနောက် ကွမ်းယာယူပြီး ကျွန်တော် အိမ်ပြန်လာခဲ့တယ်။ အိမ်ပေါ်မှာ အမေတို့က ကိုရီးယားကားကြည့်နေတယ်။ ကျွန်တော်အိမ်ရှေ့မှာ ထိုင်ခုံလေးချပြီး ထိုင်နေလိမ့်တယ်။ မနက်ဖြန် မနဲ့တွေ့ရမယ့်အရေးဟာ ကျွန်တော်ကို စိတ်ဖိစီးနေစေတယ်။ မမှာ ဘာတွေများပြောနေစရာ ရှိနေသလဲ။ မနဲ့ပတ်သတ်လာရင် ကျွန်တော်အတွက် အရာအားလုံးဟာ အရေးကြီးနေတယ်။ ဒီလိုဆိုတော့
ကျွန်တော်ဟာ အချစ်ကို ကိုးကွယ်မှန်းမသိ ကိုးကွယ်နေခဲ့သူပဲ။ တကယ်တော့ ငါ ဒီလိုစွဲလမ်းရူးသွပ်နေမိတာ ရယ်စရာကြီးပဲလို့ ကိုယ့်ဟာကိုယ် ပြန်တွေးမိပြန်တယ်။ ဒါပေမယ့်လည်း ဒါအိပ်မက်မက်နေတာမှ မဟုတ်တာ။ ဒါတကယ်ကြီးပဲလေ။ ဟင့်အင်း ကျွန်တော်မစွဲလမ်းချင်ဘူး။ မ တစ်ချိန် ကျွန်တော်ကို ထားခဲ့မယ်ဆိုတာ ကျွန်တော် အသေအချာသိနေတယ်။ ဒီအသိအတွက် ကျွန်တော်မှာ ဆင်ခြင်ပေးစရာ မရှိဘူး။ အဲဒီ ယုံကြည်မူက တစ်နေ့တစ်နေ့ ကျွန်တော် နှလုံးသားကို ထိုးဖောက်စားနေတော့တာ။ ကိုရီးယားကား ပြီးတဲ့နောက် ကျွန်တော် အိမ်ပေါ်တတ်ခဲ့ပြီး အိပ်ယာခင်းလိုက်တယ်။ အဖေမရှိတော့တဲ့နောက် အိမ်ရှေ့ခန်းမှာ ကျွန်တော် တစ်ယောက်တည်းပဲ အိပ်ရတယ်။ တစ်ခါတစ်လေတော့လည်း အဖေကို အရမ်းသတိရတယ်။ အဲလိုနဲ့ ညက ကောင်းကောင်းအိပ်ပျော်ခြင်းကို ကျွန်တော်ကို မပေးအပ်ခဲ့ပြန်ဘူး။ ဒါကြောင့် ကျွန်တော် စိတ်ရှ်လက်ရှိ တစ်ညလုံး ကဗျာတွေ ထိုင်ရေးနေခဲ့မိတယ်။
***************************
မနက်(၈)နာရီ
သမ္မတရုပ်ရှင်ရုံအနီး
လဖ္ဘရည်ဆိုင်
"မောင်၊ ဒီလကုန်ရင် ၊ မအလုပ်ထွက်တော့မယ်။"
ကျွန်တော်မျက်ဝန်းမှာ မယုံနိုင်ခြင်းတွေ အငွေ့ပျံထွက်သွားတယ်။ ကျွန်တော် ထင်ခဲ့တဲ့ အထင်တွေ မှန်ကန်လာတော့မှာလား။ ကျွန်တော် စိုးရိမ်ကြောင့်ကျနေခဲ့တာတွေ တကယ် ဖြစ်လာတော့မှာလား။
"မ ဘာလို့ အလုပ်ထွက်မှာလဲ၊ မောင်တို့ ကြောင့်လား။"
"မဟုက်ပါဘူး ၊ မ ဦးလေးက သူလုပ်တဲ့ ကုမ္မဏီမှာ အလုပ်သွင်းပေးမယ်တဲ့"
"ဘယ်က ကုမ္မဏီလဲ။"
"အောင်ဆန်းကွင်းနားကGold travel တဲ့။"
"ဒါဆို မောင်တို့နဲ့နီးတာပေါ့။"
"အင်းပေါ့"
ဒီတစ်ခုတော့ စိတ်ချမ်းသာသွားတယ်။ ဒါပေမယ့် ရင်ထဲက အလုံးကြီးကတော့ မကျပါဘူး။
"မ အလုပ်ထွက်သွားရင်၊ တွေ့ခွင့်ရဦးမှာလား။"
"တွေ့မှာပေါ့၊ မ မောင်နဲ့မတွေ့ဘဲ မနေနိုင်ပါဘူး။"
ကျွန်တော် ဝမ်းသာသွားတယ်။
အဲလိုမျိုးပေါ့။ကျွန်တော်ကမ္ဘာဟာ မကြောင့် သိပ်ကြီးကျယ်ခမ်းနားနေရတာ။ မရဲ့ နူတ်ခမ်းဖျားထက်က စကားလုံးလှလှလေးတွေကြောင့်လည်းပါတယ်။
"မ သူငယ်ချင်းတွေကော သိpသွားပြီလား။”
"ဟင့်အင်း၊ သူတို့မသိသေးဘူး။"
"မ အလုပ်ထွက်မှာကို၊
ကိုဦး သိရင် ဘာပြောမလဲမသိဘူးနော်။"
ကျွန်တော်စကားရဲ့နောက်မှာ မ က ခြေလှမ်းကို ချက်ချင်းရပ်လိုက်တယ်။ ပြီးတော့ ကျွန်တော် မျတ်နှာကို စူးစိုက်ကြည့်တယ်။ 
"ဒီမှာမောင်၊ မောင်က မ ကို ဂရုစိုက်မှာလား။ မောင့် သူငယ်ချင်းကို ဂရုစိုက်မှာလား။ မောင်က စကားပြောတိုင်း ကိုဦး မပါရင် မပြီးဘူး ဖြစ်နေတယ်။ သူ့ နာမည်ကို လုံးဝမကြားချင်ဘူး။ မောင် စကားပြောရင် သူ့ နာမည်ကို လုံးဝ ထည့်မပြောပါနဲ့။ မ လုံးဝ မကြိုက်ဘူး။"
ရုတ်တရတ် တိုက်ခတ်လာတဲ့ မုန်တိုင်းကို ကျွန်တော် ကာကွယ်ချိန်မရလိုက်ဘူး။ ကျွန်တော်ကို ကြည့်နေတဲ့ "မ" မျတ်လုံးတွေက စူးရဲနေတာပဲ။ ကျွန်တော် အတော်နာကျင်သွားရတယ်။ ကျွန်တော်ဆီက အမှတ်တမဲ့ ထွက်သွားမိတဲ့ စကားလုံးတစ်လုံးဟာ ကျွန်တော်နှလုံးသားကို အပ်နဲ့ထိုးသွားသလိုပါပဲ။ ကျွန်တော် မျတ်လွှာချလိုက်ပြီး
"မောင် ၊ နောက်မပြောတော့ပါဘူး။"
ကျွန်တော် အသံက အတော်လေးကို အားယူပြောရမှန်း သိသာနေလိမ့်မယ်။ ဒါကို မ ရိပ်မိမှာပါ။
နောက်တော့ မ ကိုယ်တိုင်ကလည်း စကားလွန်သွားမှန်း ရိပ်မိလာပုံရတယ်။
ဒါကြောင့်လည်း မ က သူ့စကားကို ပြန်လျော်ခဲ့တယ်။
"မောင်၊ ဘာလဲ စိတ်ညစ်သွားတာ မှတ်လား။"
"မဟုက်ပါဘူး။"
"ဘာမဟုက်ရမှာလဲ၊ မ သိသားပဲ။ မောင်စိတ်ညစ်ပြီဆိုရင် မောင်မျတ်နှာက ချက်ချင်းကို ပျက်သွားတာ။ လာပါ၊ စိတ်မညစ်နဲ့တော့၊ မောင်လည်း နောက် သူ့အကြောင်း မပြောနဲ့တော့၊ မတို့ မုန့်ဟင်ခါးစားကြမယ်နော်။"
ဘာကြောင့်မ အဲလောက်ကြီး ဒေါသထွက်သွားရတာလဲဆိုတာ မသိပေမယ့် မ စိတ်ပြောင်းသွားမှာ စိုးလို့ အမြန် ခေါ်င်းညှိတ်လိုက်တယ်။
ကျွန်တော်တို့ မုန့်ဟင်းခါးဆိုင် တစ်ဆိုင်ထဲကို ဝင်ခဲ့လိုက်ကြတယ်။
"မ၊ ငရုတ်သီးတွေ အများကြီးမထည့်နဲ့ဦးနော်၊ ဟိုတစ်ခါလို ဗိုက်အောင့်နေမယ်။”
"အင်းပါ။"
"အဲဒီတုန်းကလေ၊ ကိုဦးတွေ့သွားမှာကို မောင် အရမ်းစိတ်ပူနေမိတာ။"
"ပြောပြန်ပြီလား၊ မောင် သူနာမည်မပါရင် စကားမပြောတတ်ဘူးလား။"
"ဆောရီးပါ မရယ်၊ မောင်မပြောတော့ဘူးနော်။"
ဟုက်တော့လည်း ဟုက်တာပဲ။ စကားပြောတိုင်း ကျွန်တော်ဘာဖြစ်လို့ ကိုဦးနာမည်ကို ထည့်ထည့်ပြောနေမိတာလည်း မသိပါဘူး။ ခက်တော့ခက်နေပါပြီ။
အဲဒီနေ့က အဆင်မပြေပါဘူး။ နောက်ဆုံး စကားပြောရင် အမှားပါမှာစိုးလို့  ကျွန်တော် တိတ်ဆိတ်ငြိမ်သက်နေမိခဲ့တယ်။ ကျွန်တော်ဆီက ထွက်လာတဲ့စကားတွေကြောင့် မ အလိုမကျ ဖြစ်နေတာ ကျွန်တော်စိတ်မကောင်းဘူး။  မ က ကိုဦးဆိုတဲ့နာမည်ကို မကြားချင်တော့ဘူးဆိုတော့ မ သူ့ကို မချစ်တော့လို့ပဲ ပေါ့။ ကျွန်တော်က မ ရင်ထဲမှာ ကိုဦးကို ချစ်နေမိမှာကို အရမ်းစိုးရိမ်နေမိခဲ့တာ။ ဒီတစ်ခုအတွက်တော့ ဝမ်းသာလိုက်ရတယ်။ မကြာခင် ကျွန်တော်တို့ကြားမှာ ပြောင်းလဲလာမယ့် အချိုးအကွေ့တွေ ရှိလာတော့မယ်။ ကျွန်တော် ကံကောင်း နေဖို့ပဲ လိုပါတယ်လေ။

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now