(2F)

31 4 0
                                    

(2F)
(၁)
မ...ငါဟာ
မိုးသားအတုတွေနဲ့ ဆင်မြန်းခံထားရတဲ့
ရွာဇနပုဒ်လေလားကွယ်.... ။
အတုအယောင်တွေ လွင့်ဝဲလာတဲ့
ဟော့ဒီ မနက်ဖြန်စာကြောင်းများထဲမှာ
မ........လို့
တီးတိုး ရေရွတ်သံနဲ့ ငါ့မှာ ဗုန်းဗုန်းလဲကျ
မနက်မှ ကျီးအတွေနဲ့အတူနိုးထပြီး
ငါ့တေးသွား ငါ့ရိုက်ချိုးနေမိတယ်။
(၂)
မ....
နင့်ဘေးမှာ
ငါ့လိုလူတွေ တစ်ယောက်ပြီး တစ်ယောက်ပဲနော်..
ထိုင်နေကျ အုတ်ခုံလေးပေါ်က ငါ့ကို
တစ်ချက်လောက်ကြည့်ပါဦး..လား
ဟော့ဒီမှာ အလွမ်းတွေပြိုကျနေရောပေါ့....ကွယ်
စိတ်ထဲမှာ စိုးစဉ်မျှ အာဃာတ မထားဘူး
ဝိရောဓိမဖြစ်အောင် နေသူမှာ
အလွမ်းတွေ ခါးလှတယ်....။
(၃)

နင့်ကမေးတယ်နော်...
စိတ်မနာဘူးလာတဲ့.....
ငါ ရိုးသားပွင့်လင်းစွာ ဖြေခဲ့တယ်..
"ခင်ဗျားကို စိတ်လည်းနာတယ်
အရမ်းကြီးလည်း ချစ်တယ်.."လို့လေ..
အဲဒီနောက်ပိုင်းမှာ
နင်ဘယ်မှာ သွားပုန်းအောင်းလိုက်တာလဲဟင်
ငါမှာ အမြင် တွေ ကန်းခဲ့ရောပေါ့။
(၄)

နင့်ပေးတဲ့ တစ်ပိုင်းတစ်စ အမှတ်တရတွေနဲ့အတူ
ဆေးလုံးတစ်ချို့နဲ့ ငါ့ကမ္ဘာဟာ
နေ့ဆိုးတွေနဲ့ အမှောင်ကျနေလေရဲ့
ငါ့လေ ငါ့အရေပြားတွေကို
ဆုတ်ဖြဲ
"ဘယ်လိုလဲ"လို့ ငါ့ကိုယ်ငါ့ မေးမေးပြီ
မေ့နိုင်အောင် ကြိုးစားရတာ
မနက်တွေလည်း တုန်ရီအေးစက်
ဂြိုလ်သားတစ်ယောက်တဲ့ လူတွေသတ်မှတ်ကြတော့တယ်။
(၅)
မောင်တဲ့...
နင်ခေါ်လိုက်တာထင်မိလို့..
အမှောင်ကမ္ဘာထဲမှာ ငါလိုက်ရှာပါတယ်
ထင်ယောင်ထင်မှားဖြစ်နေတဲ့ ငါ့ကမ္ဘာထဲ
နင်.. အစစ်အမှန် ကိုယ်ထင်ပြသင့်တယ်
တကယ်တော့ကွယ်.....
ငါ့အမှားဟာ ပြင်ဆင်လို့ရရဲ့သားနဲ့
နင့် ခွါချပစ်ရက်တာ
အံသြဖို့တောင် ကောင်းနေသလားပဲ..
ငါ တစ်ခုပြောမယ်
နင့်ကိုအရမ်းချစ်တယ်.....။

(၆)
"ဝုန်း"
ငါ့ဘဝတစ်ခုလုံး ပြိုကျသွားတဲ့အသံပေါ့
နင့် ငါ့ကမ္ဘာကို ဘယ်တော့မှပြန်မလာတော့ဘူးတဲ့
ဒီသစ်ပင်အတွက်
အလွမ်းတွေ ပတ်ဖျန်းပေးလိုက်တာ
သစ်ပင်လေးလည်း တိတ်တိတ်ငို
ငါ့ရင်ဘတ်လည်း ကြိတ်ကြိတ်စို့လို့
အခုလို အလွမ်းတာ ရှည်နေမိတယ်...။

(၇)

အလွမ်းတွေ ပတ်ဖျန်းထားတဲ့...
ဒီသစ်ပင်ဟာ သေပြီကွယ်....
ဂရုစိုက်မူ ကင်းမဲ့ဇုန်မှာ
သူ့ထီးတည်း...ရှင်သန်ခြင်းဟာ
"ရသ"မမြောက်တော့လို့ သူ ကိုယ်လွတ်ရုန်းတယ်..
သူကိုတော့ ခွင့်လွှတ်ပါကွယ်
သူ အလွမ်းတွေနဲ့ သေဆုံးသွားတာက
ထီးတည်းရှင်သန်နေတာထက်..
ပို" ရသ"မြောက်လိမ့်မယ်...။

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now