အခန်း-၆

63 4 0
                                    

အခန်း(၆)

ကျွန်တော်အိမ်ပြန်ရောက်တော့ အိမ်တစ်ခုလုံး တိတ်ဆိတ်နေတာပါပဲ။ နွေး ဘယ်များရောက်နေပါလိမ့်။ အပြင်များ ခဏထွက်သွားတာများလား။ ကျွန်တော်လည်း အဝတ်အစားလဲဖို့ အခန်းထဲကို အရင်ဝင်လာလိုက်တယ်။

အခန်းထဲရောက်တော့ ကျွန်တော်စာရေးစားပွဲမှာ နွေးတစ်ခုခုရေးနေတာကို မြင်ရတယ်။ နွေးဘာရေးနေတာလည်း သိရအောင် ကျွန်တော် အနားတိုးကပ်ကြည့်လိုက်တယ်။ ကျွန်တော်လာနေမှန်းသိပေမယ့် နွေးက စာရေးတာမရပ်ခဲ့ပါဘူး။

နွေရေးနေတာက zig ziglarရဲ့ စကားတစ်ခွန်းပဲ ဖြစ်တယ်။

What ever happens, do not lose hold on the two main ropes of life hope and faith.
(Zig ziglar)

ဘာပဲဖြစ်ဖြစ် ဘဝ၏မျှော်လင့်ချက်နှင့် ယုံကြည်ချက်ဟူသော အဓိက ကြိုးနှစ်ချောင်းကို လက်မလွှတ်ပါနှင့်။

ကျွန်တော် ထိုစာသားကို တစ်ချိန်က သဘောကျခဲ့ဖူးပါတယ်။

"နွေးရဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်မူက ဘာလဲ။ "

ကျွန်တော်အမေးကို နွေးက အက်ကွဲကွဲအသံနဲ့ ထပ်ဆင့်ပြန်မေးခွန်းထုတ်လာခဲ့တယ်။
"မောင့်ရဲ့ မျော်လင့်ချက်နဲ့ ယုံကြည်မူကကော ဘာလဲ။ တစ်နေ့ နှင်းဝင့်ရည်နဲ့ ပြန်ဆုံရမယ် ဆိုတာလား။"

ကျွန်တော် သိလိုက်ပြီး။ နွေးစိတ်တွေ မကြည်မလင် ဖြစ်နေတာကို။ အင်း..ကျွန်တော်ပြန်ချော့ရမှာပေါ့လေ။

ကိုဦးကတော့ မ ကို ပြန်မချော့ခဲ့ပါဘူး။ 'မ'ကို ကျွန်တော်နဲ့ ထားခဲ့ပြီး ထွက်သွားခဲ့တယ်။ မ က ကိုဦးရဲ့ ကျောပြင်ကိုကြည့်ရင်း မျက်ရည်တွေ စီးကျနေခဲ့တယ်။ အဲဒီမျက်ရည်တွေက အက်ဆစ်တွေပါပဲ မရေ...။ အဲဒီမျက်ရည်တွေပဲပေါ့.. ကျွန်တော်နှလုံးသားကို တဖြည်းဖြည်းချင်း ပဲ့ကျသွားစေခဲ့တာလေ။ ဒီမျက်ရည်ဟာ ပြုစားတတ်တဲ့ အတတ်ပညာတစ်ခုလိုလိုပါပဲ။

သူပြုစားလို့ ကျွန်တော်ဟာ ချမ်းစိမ့်စိမ့် ညချမ်းကို ခိုရင်း ရင်ထဲမှာ ဘီးလူးတေးသွားနဲ့ ကခုန်နေနေရရဲ့..။ တကယ်ဆို ဒီအကြောင်းရင်းမှာ ဘယ်သူက လွန်ကျူးသူဆိုတာ ကျွန်တော် သိပြီးသားပါ။ မ က မိန်းမတို့သဘာဝ အချော့ခံချင်လို့ စိတ်ကောက်စရာတစ်ခုကို ရှာခဲ့မှန်း ကျွန်တော်ခံစားမိပါတယ်။ ပြီးတော့ မ ကိုဦးဘယ်လောက်ထိချစ်မှန်းလည်း ကျွန်တော်သိပါတယ်။

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now