(K)

25 3 0
                                    


(K)
ကိုဦး ဆေးသွားဝယ်ဖို့ ထွက်သွား ပြီးနောက် မဘေးမှာ ကျွန်တော်တစ်ယောက်ပဲ ရဇိပါတော့တယ်။ နာကျင်မူနဲ့ ချွေးစေးတွေပြန်နေတဲ့မကို ကျွန်တော်ရဲ့လွယ်အိတ်ထဲက စာအုပ်လေးထုတ်ပြီး ယပ်ခပ်ပေးနေမိတယ်။
"မ”က ဆုတ်ကိုင်ထားတဲ့  ကျွန်တော်ရဲ့လက်ကို မလွှတ်သေးဘူး။မရဲ့ လက်တွေက အေးစက်နေတယ်။ ညရဲ့ သွေးထိုးပေးမူကြောင့်လားတော့မသိဘူး။တဖြည်းဖြည်းနဲ့မနဲ့ကျွန်တော်ဟာ​ပိုပိုပြီး
နီးကပ်လာခဲ့တယ်။ ကျွန်တော်စိတ်တွေက အလူးအလဲပါပဲ။မကိုပွေ့ဖတ်ပေးထားပြီး။ နှစ်သိမ့်ပေးထားချင်လိုက်တာ။ ကျွန်တော်နူတ်က စိုးရိမ်မူတွေ ကလည်း တဖွားဖွားထွက်ကျနေခဲ့တယ်​။
"မနှင်းဝင့်ရည် ဆေးခန်းသွားမလားဟင်။"
"ရပါတယ်ဟာ၊ ငါ မသွားတော့ပါဘူး၊ ဒီလိုဖြစ်နေကျပဲလေ၊ တစ်အောင့်နေ ကောင်းသွားမှာပါ။"
"အဲလို ဘာကြောင့် ဖြစ်တာလဲ ။"
စကားပြောရင်းနဲ့ ကျွန်တော်အလိုအလျှောတ် သူလက်ကို အလိုအလျှောတ် ပြန်လည် ဆုတ်ကိုင်ထားမိတယ်။
"ငါက အစာအိမ်ရှိတယ်လေ။"
"ဟင် ၊ အဲဒါနဲ့များ ငရုတ်သီးတွေ ဘာလို့ အဲလောက်စားရတာလည်း။”
"ငါက ရခိုင်သုတ်အရမ်းကြိုက်တယ်။"
အဲဒီနောက် ကျွန်တော်တို့ တိတ်ဆိတ်သွားကြတယ်။ တစ်ယောက်မျတ်နှာ တစ်ယောက် စိုက်ကြည့်နေခဲ့ကြတယ်။ ဘေးလူတွေကို ကျွန်တော်တို့ သတိမထားမိတော့ သလိုပါပဲ။ မ မျက်လုံးထဲမှာ ဆွဲဆောင်အားပြင်းနေတဲ့ အရာဝထ္ထူတစ်ခုကို ကျွန်တော်တွေ့တယ်။ ကျွန်တော်ဟာ မကြာခင်အရည်ပျော်တော့မယ် အရာဝထ္ထူတစ်ခုလိုပေါ့။ ဒါပေမယ့် ဒီအဖြစ်အပျက်ကို ကိုဦးမြင်တွေ့သွားမှာ ကျွန်တော်ကြောက်နေတယ်။အဲဒီအချိန်မှာ မနူတ်ဖျားက အသံတိုးတိုးလေး ထွက်လာတယ်။ လေပြေလေး တစ်စင်းလိုပေါ့။

"မိုးစက်​၊နင်ငါ့ကို အရမ်းစိုးရိမ်တာပဲလား"
ကောင်လေးတစ်ယောက်ရဲ့ ရင်ထဲမှာ ထုတ်ဖော်မပြောရဲတဲ့ကြင်နာမူတွေရှိနေတာ အမှန်ပါ မရယ်​။
"စိုးရိမ်တာပေါ့။"
အမှန်တရားဟာ ညဘက်ရောက်လည်း လင်းနေမှာပါ မရယ်။
(ကိုဦးကလည်း ကြာလိုက်တာ)။
" ငါ​သေသွားရင်​ ဘယ်လိုလုပ်မလဲ"
ဘာကြောင့်မှန်းမသိ ကျွန်တော်​ချက်ချင်း အဖြေတန်းပေးခဲ့မိတယ်။
"ကျွန်တော်ပါလိုက်သေမှာပေါ့။"
ဒါက တကယ်ကို ကလေးကလားဆန်တဲ့အဖြေပါ။ ဒါပေမယ့် ကျွန်တော်ဒါကို လုံးဝမစဉ်းစားပဲဖြေခဲ့တာပါ။
"မ"ကျေနပ်​သွားခဲ့တာလားတော့မသိပါဘူး။ ဒါမှမဟုက် ကျွန်တော်ကို တကယ့် ချာတိတ်လေးလို တွေးနေမလား။  မဆီက ရယ်သံလွင်လွင်​တစ်ချက်​ ခုန်ဆင်းကျလာခဲ့တယ်။ ကျွန်တော် ဂရုတစ်စိုက် ရင်ဘတ်နဲ့ကောက်သိမ်းလိုက်တယ်။ မရဲ့ရေမွှေးနံဟာ မနေ့ကထက် ပိုမွှေးတယ်။ ဒီလိုနဲ့
မမျတ်နှာဟာ လွန်ခဲ့တဲ့နာရီပိုင်းလောက်ကလို နာကျင်မူတွေ မတွေ့ရဘဲ အပြုံးတွေဖူးပွင့်လာတော့တယ်​။(ကိုဦးကလည်းမလာ​သေးဘူး)။
"ငါ ဗိုက်မအောင့်တော့ဘူး။ကောင်းသွားပြီ။"
"တကယ်လား"
"အင်း"
ဒါပေမယ့် ကျွန်တော်​လက်ကိုဆုတ်ကိုင်ထားတဲ့မရဲ့လက်ကို ကျွန်တော်​လွှတ်မပေးမိသေးဘူး။အဲလိုပဲ မကလည်း မရုန်းကန်ခဲ့ပါဘူး။
အဲဒီည
ဟာ ကျွန်တော်တို့ ကို တစ်သွေးတစ်သားတည်း ဖြစ်သွားစေခဲ့တာပါ။ ကျွန်တော့်ရဲ့ ညဏ်တိမ်တိမ်လေးထဲမှာပေါ့။ အဲဒီညဏ်လေးနဲ့ပဲ အဲဒီညနေထဲမှာ
မဆံနွယ်တွေကို ကျွန်တော် ခိုး
နမ်းရှိုက်ခဲ့တယ်​။
ညဟာ ရင်ခုန်စရာနဲ့ စိတ်လှုပ်ရှားပြီး ရှက်နေတယ်။ မရဲ့အကြည့်​​တွေထဲမှာ ဂရုဏတစ်ချို့တစ်ဝက်ဟာ​​ကဗျာတွေ ဖြစ်လာစေခဲ့တယ်။ကောင်းပါတယ်။ ကျွန်တော်​နှလုံးသားဟာ
လန်းဆန်းတတ်ကြွပြီး မိုးတိမ်တစ်စလို အောက်ခြေလွတ်နေတယ်။တိတ်တခိုးလေးပဲ ညည်းလိုက်တယ်​။ချစ်တယ်​မရယ်လို့။
"မ"တော့မကြားနိုင်လောက်ဘူးပေါ့။ဒါပေမယ့် ကျွန်တော် တကယ် အရူးအမူးချစ်ခဲ့တာပါ။

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now