(2E)

31 1 0
                                    

(2E)
(ငါ သဝန်တိုတတ်ပါတယ်​ ချစ်သူရယ်
ခဏလက်သွားတဲ့
လျှပ်စီးတန်းလေးမှန်းသိပေမယ့်
ငါ​လေ အငမ်းမရခံစားခဲ့တာပါ......။)
(ကကြိုးမှ)
ပြိုလဲကျလောက်တဲ့ ခြေလှမ်းယိုင်နဲ့နဲ့တွေနဲ့ ကျွန်တော် ကန်တော်ကြီးထဲ လျှောတ်ဝင်လာခဲ့တယ်။ စိမ်းလန်းနေမူဟာ ကျွန်တော်အတွက် ပူလောင်မူရူခင်းပဲ။ မိုးရွာပြီးနောက် ထွက်လာတဲ့ နေပြောက်ပြောက်လေးဟာလည်း ကျွန် တော်အတွက်တော့ မီးတစ်စပဲ။ ပြာရီမှိုင်းနေတဲ့ ကျွန်တော်မြင်ကွင်းတစ်ခုလုံး မကောင်းဆိုးဝါးတွေ လက်ကမြင်းထားတဲ့ အော်ဂလီဆန်စရာ ပန်းချီကားတွေလိုပဲ မြင်တော့တယ်။ အမြင်တွေ မှိုတတ်ကုန်တယ်။

ရေကန်စပ်နံဘေးက ခုံတန်းလျားလေးတစ်ခုမှာ သူတို့ထိုင်နေကြတာကို ကျွန်တော်တွေ့မြင်ရတယ်။။ ရယ်မောပျော် ရွှင်နေကြလေရဲ့။ သူတို့ရဲ့အပြုံးတွေ အဲဒီလို ဝေဝေဆာနေခြင်းထဲမှာ ကျွန်တော်အသဲတွေ တစ်ဖြုတ်ဖြုတ်ကြွေတယ်။ သူတို့ရဲ့မလှမ်း မကမ်းကို လာခဲ့မိခြင်းဟာလည်း မိမိကိမိမိ အဆုံးစီရင်ခြင်းတစ်ခုလို ဖြစ်နေစေတယ်။ ဟိုး..ရှေ့က ရေပြင်ကျယ်မှာ ငါးကလေးတွေ ထပွက်သွားကြတယ်။ ငါးကတော့မရှိတော့ပြီ။ ရေလေးကတော့ လှုပ်ရှားကျန်နေတုန်းပေါ့။ ပျံသန်းသွားတဲ့ဌက်ကို ကြိုးအတင်းလိုက်ချည်နေမိသလို ကျွန်တော်အဖြစ်က အရူးတစ်ပိုင်းပေါ့။

ကျွန်တော်အခုမှ ဘာဖြစ်နေရတာလဲ။ ကျွန်တော်နဲ့မ ရည်းစားမဖြစ်ခင်တုန်းကလည်း မနဲ့ကိုဦး ဒီလိုပျော်ရွှင်မြူးတူးနေတာမျိုးကို  ဖန်တစ်ရာသေအောင် ကျွန်တော် မြင်ခဲ့ဖူးပြီးသားပဲလေ။ အခုမှ ကျွန် တော်စိတ်တွေ ဘာလို့ သရဲသဘက်ဆန်သွားရတာလဲ။ သူတို့မိုးရွာထဲမှာ ပြုံးပျော်နေခဲ့ကြတာကိုလည်း ကျွန်တော်မြင်ခဲ့ဖူးတယ်။ သူတို့ဘက်စ်ကားပေါ်မှာ ပြုံးပျော်နေခဲ့ကြတာကိုလည်း ကျွန်တော်မြင်ခဲ့ဖူးတယ်။ ဒီမြင်ကွင်းတွေ အရင်က အရမ်းလှပခဲ့သလောက် အခုမှ ဘာလို့အရုပ်ဆိုးအကျည်းတန်နေရတာလဲ။ ကိုဦးကကော ဘာလို့ဝတ်စားပုံ ဒီဇိုင်းတွေ ပြောင်းလဲသွားရတာလဲ။ အင်္ကျီ အဖြူ ကော်လံကတုံးနဲ့ ယောပုဆိုးနဲ့ တည်ငြိမ်နေလိုက်တာ တကယ့်ကို မ အကြိုက် ပုံစံပါပဲ။ ကျွန်တော်ကကော ကိုဦးလိုမျိုး ဘာဖြစ်လို့ မနေနိုင်ရတာလဲ။

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now