(V)

18 3 0
                                    

(V)
မက သူ့ကတိအတိုင်း အလုပ်ကို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် မ မျတ်နှာမှာ စိုးရိမ်စိတ်တွေ ရှိနေတယ်ဆိုတာကို ကျွန်တော်တွေ့နေရတယ်။ ဒီလိုဆို ပြဿနာက တစ်ချိန်မဟုတ် တစ်ချိန်ဖြစ်လာတော့မှာပါ။ သိပ်မစောင့်လိုက်ရပါဘူး ထမင်းစားချိန်ပြီးနောက်မှာ မတင့်က
"ညီဇော်၊ နင်မိုးစက်နဲ့ ခဏလောက် ခုံလဲထိုင်လိုက်။”
ကျွန်တော် ထိုင်တဲ့ခုံက သူတို့နဲ့ ကျောခိုင်းတဲ့ အနေအထားပါ။ ညီဇော် ထိုင်တဲ့ခုံက သူတို့နဲ့ မျတ်နှာချင်းဆိုင်ပါ။ ညီဇော်နဲ့ ကျွန်တော်နဲ့က ကျောချင်းကပ် အနေအထားပါ။ မတင့်ရဲ့ အသံက အပြစ် လုပ်ထားသူကို အပြစ်ပေးချင်နေတဲ့ အသံမျိုး။ ဒါပေမယ့် မ တောင်မှ ငြိမ်ငြိမ်သက်သက်လေး ထိုင်နေတော့ ကျွန်တော်လည်း ပြဿနာ ရှည်ရှည်ဝေးဝေး မဖြစ်ချင်တာကြောင့် ညီဇော်နဲ့ ခုံချင်းလဲထိုင်လိုက်တယ်။ မ က ကျွန်တော်ရှေ့ကခုံမှ ထိုင်နေတယ်။ မတင့်ကတော့ မနောက်နားမှာပေါ့။ မတင့်ဘေးမှာ အခြားအင်းအားစုတွေ ရှိသေးတယ်။ မချယ်ရီတို့၊ မသွန်းမီတို့၊ မျိုးမျိုးတို့ပေါ့။ သူတို့ကြည့်ရတာ ရန်သူကို အောင်နိုင်ထားတဲ့ သူရဲကောင်တွေရဲ့ မျတ်နှာထားမျိုးနဲ့ပါ။
"ငါ နင့်ကို အတည်ပြောမှာနော် နှင်းဝင့်ရည်၊ ဟဲ့..နင့်လည်းနားထောင်။"
ကျွန်တော်က စိတ်မဝင်စားသလို လုပ်နေတာကြောင့် မတင့်က ကျွန်တော်ကို လှမ်းဟန့်တယ်။ ကိုထက်ကြီးသူဆိုတော့လည်း ကျွန်တော် မချေမငံ မဆက်ဆံချင်တာ အမှန်ပါ။ ဒါပေမယ့် သူတို့ ဘာလို့ ကျွန်တော်အပေါ် အမုန်းတွေထားနေရတာလဲ ဆိုတာတော့ ကျွန်တော်လုံးဝ မတွေးတတ်ပါဘူး။
"နှင်းဝင့်ရည်၊ ငါတို့ရှေ့မှာ နင်သူကို အခုဖြတ် ပြရမယ်။ အေး..နင့် သူ့ကို မဖြတ်ဘူးဆိုရင်တော့
နင့်အိမ်ကို အခုပဲ ဖုန်းဆက်ပြောရလိမ့်မယ်။”
ကျွန်တော် နားထဲမှာ ကြားရတဲ့ အသံတွေက အလွန်ခါးပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ ခံစားချက်ကို ချောင်ပိတ်ရိုက်တဲ့ သူတွေကြားမှာ နေထိုင်ရတာ မွန်းကြပ်တယ်။ကျွန်တော် သူတို့တွေကြားထဲကနေ အငွေ့အဖြစ် ပျောက်ကွယ်သွားခဲ့ရင် သိပ်ကောင်းမယ်။မကတော့ ကျွန်တော်ရှေ့က ထိုင်ခုံလေးမှာမျတ်စိပျတ်၊မျတ်နှာပျတ်နဲ့။
"မတင့်ရယ်၊ အဲလိုမလုပ်ပါနဲ့။"
"အဲလို ဆို နင့်အိမ်ကို ငါဖုန်းဆက်လိုက် ရမလား။"
ကျွန်တော်ကတော့ မကိုပဲ သနားတယ်။ အကယ်၍သာ မတင့်သာ မ တို့အိမ်ကို ဖုန်းဆက်လိုက်ရင် မ အိမ်က မ ကို အလုပ်ထွက်ခိုင်းမှာ ကျိန်းသေပါတယ်။ မအိမ်အကြောင်းကို ကျွန်တော်သိတယ်။ မအိမ်က ရှေးရိုးဆန်ကြတယ်။

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now