အခန်း(၇)

46 3 0
                                    

အခန်း(၇)

"တကယ်တော့နွေးရယ်..
စွဲလမ်းမူဆိုတာ ကြိုးတစ်ချောင်းနဲ့တူပြီ
အဲဒီကြိုးကလည်း ထောင်ချောက်တစ်ခုနဲ့တူတယ်နွေး"

ကျွန်တော်လက်မောင်းပေါ် အိပ်နေတဲ့ နွေးတစ်ယောက် မျက်လုံးတွေပြူးကျယ်သွားပြီ

"ဒါဆိုမောင်က နွေးအပေါ်မှာ ဘာစွဲလမ်းမူမှမရှိဘူးလို့ ဆိုလိုချင်တာလား။"

သူမက တစ်ခါတစ်ခါ အဲဒီလို အရမ်းကလေးဆန်တတ်တာပဲ။
"မောင်ပြောတာက သာမန်ထက်ပိုတဲ့ စိတ်စွဲလမ်းမူမျိုးကို ပြောချင်တာပါနွေးရဲ့။"
နွေးက ခပ်မဲ့မဲ့ပြုံးလိုက်ပြီး

"ဒီလိုဆိုလည်း ရှင့်ရဲ့သာမန်ထက် ပိုမိုစိတ်စွဲလမ်းမူအကြောင်းကို တစ်ခန်းထပ်ဆက်ပါဦး ကိုယ်တော်လေး"
နွေးရွဲ့မှန်းသိပေမယ့် ကျွန်တော်ကလည်းပြောဖြစ်​အောင် ဆက်ပြောနေမိတယ်။

"မောင့်သူငယ်ချင်းက ပြောခဲ့တယ်နွေး။ ယောင်္ကျားတွေနဲ့ ပြိုင်ပြီးကစားချင်တဲ့ မိန်းမတွေရဲ့ အဆုံးသတ်ဟာ မျက်ရည်တဲ့။ သူ့နိတိအတိုင်းပဲ သူ "မ" အပေါ် ပြုကျင့်ခဲ့သလား ထင်ရပါတယ်။ အဲဒီညနေခင်းမှာ မောင့်သူငယ်ချင်းကတော့ "မ"ကို အနိုင်းနဲ့ပိုင်းပြီး မျက်ရည်တွေကို အရသာရှိရှိ သုံးဆောင်သွားခဲ့တာပေါ့ကွာ။ "မ"ဆိုတဲ့ ကျားသစ်မလေးရဲ့ မျက်ဝန်းတွေဟာလည်း မဆီမလျော်တဲ့အကြောင်းအရာနဲ့ အတုန့်ပြန်ခံရမူမှာ မျက်ရည်တွေဝဲနေတာပေါ့။ သူရဲ့ တောက်ခတ်သံပြင်းပြင်းကိုတောင် မောင် ကြားခဲ့ရပါသေးတယ်။ မောင်က အဲဒါကို ရုပ်ရှင်ပိတ်ကားကြီးတစ်ခုလို အသေအချာငေးမောနေတဲ့ ကလေးတစ်ယောက်နဲ့တောင် တူတယ်။"

"ဘာလို့လဲ မောင်က အဲဒီအချိန်အထိ ရုပ်ရှင်မကြည့်ဖူးသေးလို့လား။"

"အင်း ငါးနှစ်သားလောက်က အဖေက တစ်ခါလိုက်ပြဖူးတာတော့ မှတ်မိတာပေါ့။ အဲဒီအရွယ်တုန်းကတော့ ရုပ်ရှင်ဆိုတာ မောင်အတွက်အံသြစရာတစ်ခု ဖြစ်ခဲ့တာပေါ့။ အခုလည်း အဲဒီလိုမျိုး မောင် တအံတသြဖြစ်နေတာပေါ့။"

နွေးက ကိုယ်ကို တစ်ဖက်လှည့်လိုက်ရင်း နားမထောင်ချင်တော့သလိုမျိုးနဲ့
"အရှုံးပေးပါတယ်။ ဇာတ်လမ်းကို ရှေ့ဆက်တော်မူပါရှင့်။"

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Nơi câu chuyện tồn tại. Hãy khám phá bây giờ