အခန်း-၂

259 6 0
                                    

အခန်း(၂)

၂၀၀၉ခုနှစ်​..

သမ္မတရုပ်​ရှင်​ရုံ​ရှေ့က ​ယောင်​လမ်းမှတ်​တိုင်​။

မိုးတွင်းကာလမို့ မိုး​တွေက တ​ဖျောက်​​ဖျောက်​ကို ရွာလို့​ကောင်း​နေ​လေရဲ့။
အဲဒီအချိန်​က အဲဒီ​နေရာမှာ အဲဒီလို
ပန်းချီကားတစ်​ချပ်​ လှလှပပရှိခဲ့ဖူးတာကို ကျွန်​​တော်​အံသြသင့်​​နေမိတယ်​။
ဘာ​ကြောင့်​ဆို​တော့ ကျွန်​​တော်​ မကို ဒီ​နေရာမှာ
အမြဲလာ​စောင့်​​နေခဲ့ဖူးတယ်​လေ​။
မိုးဘယ်​​လောက်​ရွာရွာ၊​နေဘယ်​​လောက်​ပူပူ​ပေါ့။

"မ" ကား​ပေါ်က ဆင်းလာတဲ့အချိန်​မှာ ကျွန်​​တော်​ဆီလှမ်းပြုံးပြလိုက်​တဲ့ အပြုံးက​တော့ လုံးဝရူးသွပ်​ဖွယ်​ ပန်းချီကားတစ်​ချပ်​​ပေါ့။
အဲဒီပန်းချီကားထဲမှာ အပြုံးတစ်​ခုဟာ
အမြဲတ​စေအသက်​၀င်​​နေလိမ့်​လို့ ကျွန်​​တော်​​မျော်​လင့်​​နေမိဖူးတယ်​။
ဒါဟာ ဆိုးဝါးတဲ့ရလဒ်​ဖြစ်​လာ​စေခဲ့တာပါပဲ။
တစ်​ချိန်​တစ်​ခါက​တော့ လူ​တွေက ပြောခဲ့ကြပါတယ်​။ကျွန်​​တော်​က​ ကလေ​ချေတစ်​​ကောင်​ပါတဲ့။
အ​ပေအ​တေတစ်​​ကောင်​ပါတဲ့။

ဒါ​ကြောင့်​ "မ"ကို ကျွန်​​တော်​တို့်နဲ့မပတ်​သတ်​နဲ့တဲ့။ အဆင့်​အတန်းကို ဘယ်​အရာတိုင်း
ပြီးကြည့်​မြင်​ခဲ့ကြသလဲဆိုတာ
ကျွန်​​တော်​မသိ​ပေမယ့်​ ကျင့်​ဝတ်​ပိုင်းဆိုင်​ရာမှာ​တော့ ကျွန်​​တော်​မရိုးသားခဲ့မူ​တွေရှိခဲ့တယ်​ဆိုတာ​တော့
ကျွန်​​တော်​ကိုယ်​ကျွန်​​တော်​ပြန်​ပြီး သိမြင်​ပါတယ်​။

ဘယ်​လိုပဲ ဖြစ်​ဖြစ်​ "မ"သူငယ်​ချင်း​တွေက "မ" ကိုတားမြစ်​ခဲ့ ​ပေမယ့်​ "မ" က​တော့ အရင်​အတိုင်းပဲ။ ကျွန်​​တော်​တို့နဲ့ခင်​မြဲတိုင်းခင်​ခဲ့တယ်​။ အိမ်​ပြန်​ချိန်​တိုင်း ကျွန်​​တော်​တို့နဲ့ အတူရှိခဲ့တယ်​။
ကျွန်​​တော်​အမှတ်​မိဆုံး ​နေ့တစ်​ရက်​ကို​တော့ အခုထိမျက်​လုံးထဲမှာ ပြန်​မြင်​မိ​နေ​သေးတယ်​။

ပထမဦးဆုံး "မ"တို့နှစ်​​ယောက်​​နောက်​ကို ကျွန်​​တော်​လိုက်​ခဲ့စဉ်​က "မ"နဲ့ကျွန်​​တော်​ပြဿနာတတ်​ခဲ့ကြတယ်​။ ဒါကို "မ"လည်း မှတ်မိနေမှာပါလေ။
"မ" က​ဆေးလိပ်​မီးခိုး​ငွေ့မခံနိုင်​ဘူးတဲ့။ ကျွန်တော်ကတော့ ခပ်တည်တည်နဲ့ကားမှတ်​တိုင်​​အောက်​​က ထိုင်​ခုံအစွန်းဘက်​မှာ ထိုင်​ရင်း ပါးစပ်​က ​ဆေးလိပ်​မီးခိုး​ငွေ့​တွေ အဆက်​မပြတ်​ မှုတ်​ထုတ်​​နေခဲ့တာမှတ်​လား။
အငွေ့တွေဟာ လေတိုက်တိုင်း မနဲ့ကိုဦးဘက်ကို ဦးတည်​ ရွေ့လျားသွားကြတယ်။
ကိုဦးကတော့ "မ" အရှေ့မှာ ဆေးလိပ်မသောက်ရဲဘူးပေါ့ဗျာ။

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Donde viven las historias. Descúbrelo ahora