(Z)

25 2 0
                                    

(Z)
လကုန်ပြီးနောက်မှာတော့ မ အလုပ်ထဲမှာ မရှိတော့ပါဘူး။ မ နောက်အလုပ်တစ်ခုကို ပြောင်းသွားခဲ့ပါပြီ။ အလုပ်ရှင်ကို ခွင့်တောင်းခဲ့တာ ဖြစ်တာကြောင့် ဒီဆိုင်ဟာ မနဲ့ဘာပြဿနာ တစ်စုံတစ်ရာမှ ရှိမနေပါဘူး။ တကယ်တမ်း ပြဿနာ ရှိနေတာက ကျွန်တော်ပါ။ မ မရှိတဲ့ကျွန်တော်ရဲ့ တစ်နေ့စာတွေက ကွက်လပ်ဖြစ်နေလေရဲ့။ အဆက်အသွယ်ကတော့ မပြတ်ပါဘူး။
ဒါပေမယ့် ဒီလောက်လေးနဲ့တော့ ကျွန်တော်မကျေနပ်နိုင်ပါဘူး။ ကျွန်တော် မ မျတ်နှာကို အချိန်တိုင်း ငေးမောခွင့် ရချင်တယ်။

မက ညရှစ်နာရီရောက်တိုင်း ကျွန်တော်ဆီ ဖုန်းဆက်တယ်။ ကျွန်တော်တို့ အလွမ်းတွေ သယ်ခဲ့ကြတယ်။ မ မရှိတော့ပေမယ့်လည်း
ကျွန်တော် အလုပ်ခွင်ထဲမှာ ကျွန်တော် အဆင်ပြေအောင်နေတယ်။ ဘာဖြစ်ဖြစ်ပေါ့ မ မရှိပေမယ့် မနဲ့ ဝေးကွားခြင်းမရှိသေးဘူးဆိုတဲ့အသိက ကျွန်တော်ကို စိုးရိမ်စိတ်က ကင်းလွတ်စေခဲ့တယ်။ ဒါကို မ သူ့ငယ်ချင်းတွေက အခွင့်ကောင်းယူပြီး မဆီ ဖုန်းလှမ်းဆတ်ပြီး တိုင်ကြသေးတယ်။ ကျွန်တော်က မ မရှိလည်းအကြောင်းမဟုက်ဘူးတဲ့။ အရင်လိုပဲတဲ့။ ပိုတောင်ပျော်နေသလိုပဲတဲ့။ မက တော့ သိမှာပါ။ ကျွန်တော်အနေနဲ့ လွမ်းနေဆွေးနေရအောင် ဝေးကွာနေရတာမျိုး မဟုက်ဘူးဆိုတာ။ သူတို့က ကျွန်တော်ကို ခံစားစေချင်နေကြပုံပါ။ ကျွန်တော်သိတယ်။ သူတို့ဖြစ်စေချင်သလို ကျွန်တော်ဘယ်တော့မှ ဖြစ်မှာမဟုက်ပါဘူး။ ကျွန်တော် တကယ်လွမ်းနေမိတာတောင် မလွမ်းချင်ယောင်ဆောင်ထားခဲ့ပါတယ်။ ဒါက သူတို့ရဲ့ နောက်ကွယ်က လှောင်ရယ်နေမူကနေ ရုန်းထွက်ချင်မိလို့ပါ။
"ကိုမိုးစက်၊ ဖုန်းလာနေတယ်။”
မျိုးမျိုးရဲ့အသံကြောင့် ကျွန်တော်နောက်လှည့်ကြည့်လိုက်တယ်။
"ဘယ်သူလဲ။"
"မနှင်းဝင့်ရည်၊"
လို့ မျိုးမျိုးက ကျွန်တော်နားလည် သဘောပေါက်အောင် လေသံတိုးတိုးလေးနဲ့ ရွတ်ပြတယ်။ အဲဒီကောင်မလေးတစ်ယောက်ပဲ ကျွန်တော်ဘက်မှာ ရှိတာပါ။ ကျွန်တော် ဖုန်းကို အလျှင်အမြန် ကောက်ယူလိုက်တယ်။
"မောင် ထမင်းစားပြီးပြီလား။"
မအသံကြားလိုက်ရတာနဲ့ ရင်ထဲမှာ နွေးထွေးသွားရတယ်။
"ဟင့်အင်း၊ မစားရသေးဘူး၊မစားချင်လို့။"
"ဘာလို့လဲ။"
"သြော်..အတူတူစားမယ့်သူမှ မရှိတော့တာ။"
"မောင်ကလည်းကွာ ထမင်းတော့စားလိုက်ပါ။ ညနေကျရင်တွေ့မယ်လေ။"
"တကယ်လား။"
"အင်း၊မောင် ဆိုင်ပိတ်ရင် သမ္မတရုံရှေ့မှာ လာစောင့်နေလိုက်နော်။"
"အင်း"
သူ ဖုန်းချသွားတယ်။ ညနေအတွက် ရင်ခုန်လာရတယ်။
"ကိုမိုးစက်၊ မနှင်းဝင့်ရည်က ဘာတဲ့လဲ။"
"ဘာမှမဟုက်ပါဘူးဟာ၊"
တခြားလူတွေကို ပေးမသိစေချင်လို့ ကျွန်တော်နူတ်ဆိတ်နေလိုက်တယ်။
အခုလိုဆိုတော့လည်း ဘဝဟာ နေသာထိုင်သာ ရှိလာရပြန်တယ်။ မ ကျွန်တော်ကို မေ့မထားဘူးလေ။ မစိတ်ထဲမှာ ကျွန်တော်ရှိနေသေးတယ်။
***************************************
ညနေရောက်တော့ ကျွန်တော်သမ္မတ ရုပ်ရှင်ရုံဘက်ကို ထွက်လာလိုက်တယ်။ မျတ်စိထဲမှာ ရှိရှိသမျှ အရာအားလုံးဟာ ကြည်လင်ရှင်းသန့်နေတယ်။ ကျွန်တော် ဦးနှောက်ထဲမှာ ရှုပ်ယှတ်ခတ်နေတာတွေ ဘာမှမရှိဘူး။ ရှိရှိသမျှဟာ အကုန်သာယာလှပနေတယ်။
အဲလိုပဲ အလုပ်ဘက်က လမ်းလျှောတ်လာတဲ့ မရဲ့ ရွှင်လန်းတတ်ကြွနေမူတွေကို မြင်ရပြန်တော့ ကျွန်တော်ရဲ့ ကျေနပ်ပျော်ရွှင်မူဟာ ပိတိလွှမ်းကုန်တော့တယ်။ မရဲ့လမ်းလျှောတ်ပုံဟာ ထူးခြားတယ်။ ဘယ်လိုလဲဆိုတာ ကျွန်တော်မပြောနိုင်ပေမယ့် အဝေးကြီးက လမ်းလျှောတ်လာတဲ့ပုံကို မြင်တာနဲ့ မမှန်း ကျွန်တော်တမ်းသိနေတယ်။ မ ကျွန်တော်အနားရောက်လာတော့
"အလုပ်လုပ်ရတာ ၊ အဆင်ပြေရဲ့လား မ။"
"အင်း အဆင်ပြေပါတယ် အကုန်လုံးက Standardရှိတော့ နာရီဆိုင်မှာလိုတော့၊ ဖြစ်ကတတ်ဆန်းနေလို့မရဘူးပေါ့ဟာ။ ကိုယ်ရဲ့ Characterကို သူတို့မကောင်းမြင်သွားမှာ စိုးရတယ်။"
မရဲ့ စကားပြောပုံစံ ချက်ချင်း ပြောင်းလဲသွားတာကို ကျွန်တော်သတိထားလိုက်မိတယ်။ အင်္ဂလိပ်စကားတွေ ညပ်ပါလာတာက မရဲ့ လေယူလေတိမ်းမှ မဟုက်တာ။ ကိစ္စမရှိပါဘူး။ ဒါကလည်း သူ လေ့ကျင့်နေတာ ဖြစ်မှာပါ။
ညနေခင်းမှာ ကျွန်တော် မလက်ကိုတွဲထားလိုက်တယ်။ ကျွန်တော်အတွက် အရာရာဟာ အဆင်ပြေတယ်။ အိပ်မက်ထဲက မနိုးထရသေးခင်မှာပေါ့။ သိပ်မကြာခင်မှာ ပြောင်းလဲခြင်းတွေကို ကျွန်တော် စတင်ကြုံလာရတော့တယ်။ ကျွန်တော် မထင်မှတ်ထားတဲ့ ထောင့်ချိုးတစ်နေရာကနေပေါ့။

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now