(N)

16 3 0
                                    


(N)
"အိပ်မက်တွေက လှလိုက်တာ
နင် ပါဝင်ကပြနေတဲ့ ပြဇတ်လိုမျိုး
ငါ့နှလုံးကို အနုကြမ်းစီးပြီး
ကန့်လန့်ကာ
ဖွင့်ခဲ့တာလား...ဟင်​။"
(Lotusအတွတ်​ ကဗျာတစ်ပုဒ်​မှ.....)

" မိုးစက်၊ နင် ငါ့ကို တစ်ခုခုပြောချင်နေတယ် ဆိုတာ ငါသိတယ်။"
ကျွန်တော် မနဲ့ မျတ်နှာချင်း မဆိုင်ဝံတာကြောင့် လဖ္ဘသုတ်ပန်းကန်ကို အကြောင်းမဲ့သက်သက် ငေးနေမိခဲ့တယ်။
"နင် မပြောချင်တာလား။"
ကျွန်တော်တစ်ချက် ရင်ဆိုင်ကြည့်လိုက်တယ်။မ မျတ်လုံးတွေက ပိုပြီးအရောင်တောက်ပ နေသလိုပါပဲ။ အဲဒီအချိန်မှာ လဖ္ဘသုတ်ဆိုင်လေးထဲက အငဲရဲ့ အလင်းနှစ်များသီချင်းတီးလုံး အင်ထရိုက ကခုန်လို့ ဆင်းလာပြန်တယ်။
"မနှင်းဝင့်ရည်က ဘာကြောင့် ကျွန်တော်မှာ ပြောစရာရှိနေတယ်လို့ ဘာကြောင့်ပြောနိုင်ရတာလဲ။"
"နင့် မျတ်လုံးထဲမှာ ငါတွေ့နေရတယ်။ နင် ငါ့ကိုလိမ်လို့မရဘူး မိုးစက်။"
ကျွန်တော်အဲဒီအချိန်မှာ တစ်ချက်အံသြသွားတယ်။ ကျွန်တော်အမူအယာတွေက အရမ်းကို ပေါ်လွင်ထင်ရှားနေခဲ့ပြီလား။
"အခု၊ ငါ့ကိုပြော။"
ခေါ်င်းထဲမှာ အလင်းတစ်ချက်ပွင့်သွားတယ်။
"အခုလာမယ် သီချင်းလေးကို ခဏနားထောင်ကြည့်ပေးနော်။"
မ ခေါ်င်းညှိတ်လက်ခံခဲ့တယ်။ ညဟာ ချိုသာလွန်းလိုက်တာ။ ဒုက္ခတွေ ရေနစ်သေဆုံးသွားကြတယ်။

*****အချစ်ဆိုတာ......
*****ဘုရားကပေးတဲ့ ဆုလာဘ်လား.....
*****ငါ့ရဲ့ဘဝနဲ့ မထိုက်တန်ပါ.....

သီချင်းစာသားတိုင်းကို မ သေချာလိုက်နားထောင်နေတယ်။ ကျွန်တော်ကတော့ မ မျတ်နှာလေးကို ငေးကြည့်နေဆဲပဲ။ ပြီးတော့ကျွန်တော် တိုးတိုးလေး ရွတ်ဆိုလိုက်တယ်။
"တကယ်တော့၊ ကျွန်တော်ဘဝနဲ့ မထိုက်တန်ပါဘူး။"
"မ" ကျွန်တော့်စကားကြောင့် ခဏတွေဝေသွားတယ်။ပြီးမှ တစ်လုံးချင်း ကဗျာဆန်ဆန် ရွတ်ပြတယ်။
"အဲဒီ ဘုရားကပေးတဲ့ဆုကို နင့်ကို ငါက ပေးမယ်ဆိုရင်ရော။"
"ဗျာ"
ကျွန်တော့် နှလုံးသားကို မယုံနိုင်ခြင်းတွေ ချက်ချင်း လာပြီ တံခါးခေါ်က်ကြတယ်။
အဲဒါကြောင့် ကျွန်တော် မယုံကြည်နိုင်သလိုမျိုးနဲ့ မကို့ အူကြောင်ကြောင်ကြည့်နေမိတယ်။
မကတော့ မျတ်လွှာလေးချ၊ ခေါ်င်းလေးငုံလို့ပေါ့ေ လ။
"မနှင်းဝင့်ရည် တကယ် ပြောနေတာပါနော်"
မ က ချစ်စရာ ကောင်းစွာနဲ့ပဲ ကျွန်တော်ကို ခေါ်င်းညှိတ်ပြတယ်။
"ဟာဗျာ။ ကျွန်တော် မထင်ထားခဲ့ဘူးဗျာ။"
ကားတွေဟာ လိပ် ပြာတွေအဖြစ် အသွင် ပြောင်းသွားခဲ့တယ်။ အဆောက်အဦးတွေဟာ စိမ်းလန်းဝေဖြာနေတဲ့ သစ်ပင်ကြီးတွေ ဖြစ်ကုန် ကြတယ်။ လူတွေရဲ့ စကားပြောသံကကော ဌက်ကလေးတွေ စကားပြောနေကြတဲ့အတိုင်းပဲ။ လောကကြီးဟာ ဘာလို့များ ဒီလောက် ခပ်မြန်မြန် ပြောင်းလဲသွားခဲ့ရတာလဲ။ကျွန်တော် မကို ဖတ်ထားလိုက်မိတယ်။ လူမြင်ကွင်းမှာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုလို့ ကျွန်တော်မတွေးထင်ခဲ့မိဘူး။ မ လည်း မတွေးထင်ခဲ့ပါဘူး။ ဒီကမ္ဘာမှာ ကျွန်တော်တို့ နှစ်ယောက်ပဲ ရှိနေတာပါ။ တစ်ယောက်လက် တစ်ယောက်တွဲပြီး ကားမှတ်တိုင်ဘက်ကို လမ်းလျှောတ်လာခဲ့ကြတယ်။ ကျွန်တော်ခြေထောက်တွေ မြေကြီးနဲ့ မထိသလိုမျိုးပါပဲ။
လူတွေ ကျွန်တော်တို့ကို ဝိုင်းကြည့်နေမလား။ အိမ်ရောက်တော့ ကျွန်တော်မျတ်နှာကို မှိုရလာသလိုမျိုး အပျော်တွေကို အပိုးမသတ်နိုင်သေးဘူး။ အမေက ဘာဖြစ်လာတာတဲ့လဲ။ စိတ်ထဲမှာ ကြိတ်ဖြေမိတယ် အပျော်တွေကောက်ရတာပါလို့။ ဆယ်တန်းအောင်တုန်း ကတောင် ဒီလောက်မပျော်ဘူး တကယ်။ အဲဒီအချိန် နောက်ဘက်အိမ်က ကျွန်တော်နာမည် လှမ်းခေါ်တယ်။
"မိုးစက်အောင်၊ဖုန်းလာနေတယ်။"
မ က ဖုန်းဆက်မယ်လို့ ပြောထားတာပဲ။
"မိုးစက် ၊ မနက်ဖြန်ကျရင် ယောင်လမ်းမှတ်တိုင်မှာ နင် ငါ့ကို လာစောင့်နေပေးနော်။"
ဝိုး။ပျော်လိုက်တာ။
အဲဒီလိုမျိုးပေါ့ မရယ်။ ကောင်လေးတစ်ယောက်ဟာ မနဲ့ပတ်သတ်ပြီး ပျော်ရွှင်ခြင်းတွေကို အမြတ်တနိုး ရှိနေခဲ့တာပါ။ ဒိုင်ယာရီထဲမှာ ချရေးပစ်လိုက်တယ်။ ဒီနေ့ မနဲ့ကျွန်တော် ချစ်သူတွေ ဖြစ်ခဲ့ကြသည်လို့။ အဲဒီညက အချစ်တွေနဲ့ ရင်ပြည့်နေလို့ ကျွန်တော် အိပ်မပျော်ခဲ့ဘူးရယ်။

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now