အခန်း-၎

73 3 0
                                    

အခန်း-၎

ရုံးသွားဖို့ အတွက် ကားမှတ်တိုင်မှာ ၃ကားကို အတော်ကြာအောင့် စောင့်နေလိုက်ရတယ်။

စောင့်ရခြင်းအပေါ်မှာ ကျွန်တော် ဘယ်လိုမှ သည်းမခံနိုင်ဘူးရယ်။ ဘေးက စတိုးဆိုင်ကနေ M150တစ်ဘူး ဝယ်သောက်နေလိုက်တယ်။ လက်ထဲက အအေးမကုန်ခင်မှာပဲ ၃ကား ရောက်လာတယ်။
ကျွန်တော်လွတ်နေတဲ့ ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်လိုက်တယ်။

တကယ်တော့လည်း ဒီဇာတ်လမ်းမှာက အချစ်အကြောင်းမသိသေးတဲ့ အချိန်ဆိုတော့ နားမလည် ပါးမလဲနဲ့ အချစ်ရာဇဝင်ကျမ်းကြီးကို ကောက်ဖတ်မိလိုက်တာ ရူးသွပ်ချင်သလို ဖြစ်သွားရတယ် ထင်ပါရဲ့။

ပြီးတော့ ဘဝကို အားငယ်စွာ ဖြတ်ကျော်နေရချိန်မို့  မိန်းမတစ်ယောက်ရဲ့မာယာအတတ်ကို ဝိုင်ချို တစ်ခွက်လို့  ထင်ခဲ့မိတယ်။

ကိုဦးနဲ့ လမ်းအတူလျှောတ်နေရင်း
သိချင်စိတ်ဟာ ဘယ်လိုမှ ထိန်းချုပ်ထားလို့မရတော့တဲ့အခါ ပွင့်ထွက်လာပါတော့တယ်။

"ကိုဦး မင်းဘာလို့ မနှင်းဝင့်ရည်ကို ပြန်မချော့တာလဲ။”

"သူက သူကိုယ်သူ ဟုတ်လှပြီ ထင်နေတာလေ၊ တစ်ခါတစ်လေလည်း ခံစားမလိမ့်စေပေါ့ကွာ။”

ကိုဦးအဖြေက ကျွန်တော်ရင်ထဲမှာ မုန်တိုင်းထန်လာစေခဲ့တယ်။
အဲဒီလိုမျိုး တကယ်တော့ ကျွန်တော် ဖြစ်မနေသင့်ဘူး။
နောက်တစ်ခေါ်က်ပြန်ဆုံရတော့လည်း မ နဲ့ ပတ်သက်လာရင် မုန်တိုင်းထန်ချင်သလိုလို ဖြစ်နေမိတုန်းပဲရယ်။
တကယ်ဆို မ က ရည်စားတွေ တစ်ယောက်ပြီးတစ်ယောက်တွဲနေတဲ့ သူဆိုပြီး နာမည်ကြီးတာပဲလေ။

အမှန်တရားကို ပုန်းကွယ်ဝှတ်ထားရတဲ့ သူတစ်ယောက်ဘဝကနေ ကျွန်တော် ရုန်းထွက်ကြည့်ချင်နေမိခဲ့တယ်။ သက်ပြင်းတစ်ချို့ကိုလည်း ကိုယ့်ဟာကိုယ်ပြန်မကြားရအောင် ချနေမိတယ်။ ညကထူတယ်။
လူကလည်း ခံစားချက်တွေနဲ့ ပူလာတယ်။

ကိုဦးကတော့ သူရဲ့တိုက်​ကွက်​က ဘယ်လောက်ကောင်းကြောင်းကို​ပြောနေတယ်။ သူ ဘာလို့  မိန်းမတစ်ယောက်ရဲ့ မျက်ရည်အပေါ်မှာ ဒီလောက်ဂုဏ်ယူဝံကြွားနေရပါလိမ့်။
ဒါဟာ ကိုဦးအပေါ်မှာ ကျွန်တော်စတင်စိတ်ပျက်ခဲ့မိတဲ့ အချက်ပါပဲ။
မ ကကော ယောကျာ်းတွေအများကြီး တွဲခဲ့ပြီးမှ ကိုဦးအလှည့်ကျမှ မျက်ရည်ကျရသတဲ့လား။ မမိုက်ပါဘူး။

ခင်ဗျား အဖြစ်မှန်ကိုမသိလို့ သာ ကိုဦးအပေါ် ခံစားနေတာပါ။ အဖြစ်မှန်ကို သိတဲ့တစ်နေ့  ခင်ဗျား ကိုဦးအပေါ် သေလောက်အောင် နာကျင်မုန်းတီးနေလိမ့်မယ်။

၃ကားက ကျွန်တော်ဆင်းရမယ့် မှတ်တိုင်ကို ရောက်လာတာကြောင့် ဆင်းလိုက်တယ်။
မှတ်တိုင်နဲ့ ရုံးနဲ့ က သိပ်မဝေးတာကြောင့် လမ်းလျှောတ်လာလိုက်တယ်။
ရုံးထဲရောက်တော့ အနောက်ခန်းထဲ တန်းဝင်သွားလိုက်ပြီး ကော်ဖီဖျော်တယ်။ ပြီးတော့ ကျွန်တော်စားပွဲခုံဆီ ယူလာလိုက်တယ်။

မ နဲ့ မချစ်ခင်က ကျွန်တော်မှာ ခမ်းနားကြီးကျယ်မူ ဆိုတာ ဘာမှမရှိခဲ့ဘူးရယ်။ ခမ်းနားကြီးကျယ်မူ ကို ခံစားရပြီးနောက်မှာကော ဘာဖြစ်သေးလဲ။ အချစ်ကြိုးတွေ ရှုပ်နေတဲ့ ကံကြမ္မာအောက်မှာ မိုးခဏရွာပြတာကို အဟုတ်ကြီးထင်ပြီး ပျော်မိတဲ့ ဖားတစ်ကောင်လိုပဲ မြင်မိတယ်။

ကျွန်တော်နှလုံးသားထဲမှာတော့ အဲဒီစကားတစ်လုံးတည်းကိုပဲ အခါခါရွတ်နေတယ်။

မဖြစ်သင့်ပါဘူး။

ဒါရုပ်ရှင် တစ်ကားလား။ဒါဟာ ဝထ္ထူတစ်ပုဒ်လား။ ဘာဆိုဘာမှ မသေမချာနဲ့ပဲ၊ ကျွန်တော်
ရင်ဘတ်ထဲမှာ မ အတွက် မျက်ရည်တစ်စက်ကျခဲ့ရတယ်​။
ကိုဦးက မရဲ့မျက်ရည်တွေကို ​ပျော်စရာတစ်ခုလိုမျိုး ဟားတိုက်ရယ်မောပြနေတာကို ကျွန်တော့် အသွေးအသားတွေက ဆန့်ကျင်နေတယ်။
ဒီကောင်လည်း မကောင်းဘူး။
ပြီးတော့ မ လည်း မကောင်းဘူး။ ဘယ်အရာမှ ကျွန်တော် အကောင်းမမြင်နိုင်တော့ဘူး။

ဒါပေမယ့် ကျွန်တော့်နူတ်ကတော့ ငြင်းဆန်မူတွေအတွက် ဘာစကားမှ ထွက်ပေါ်မလာခဲ့ဘူး​။
ကျွန်တော် အရမ်းကို တိတ်ဆိတ်​ဆွံအ နေမိတယ်​။ အတွေးတွေ တနုံနုံနဲ့။

ကျွန်တော် ဘာတွေကို မကျေမနပ်ဖြစ်နေမိတာလဲ။ တစ်ကယ်ဆို မနဲ့ ကျွန်တော်က မျက်နှာကြောတည့်တာလဲ မဟုတ်ပဲနဲ့ ၊ကျွန်တော် ဘာလို့ မ ဘက်ကနေ အလွန်အမင်း ခံစားနေမိတာလဲ။
တစ်နေရာမှာ တစ်စုံတစ်ခုဟာ လွဲခဲ့ပြီထင်ပါရဲ့။

အဲဒီညက ကျွန်တော် ရင်ခုန်သံတွေ ကျွန်တော်ပြန်ကြားနေခဲ့ရတယ်။ ညမှာ အိပ်ဖို့ခက်ခဲသွားခဲ့တယ်။

မ က ကျွန်တော်စိတ်အာရုံထဲမှာ ပေါ်လိုက်ပျောက်လိုက်နဲ့ ပေါ့။

ကယောင်ချောက်ချား အတွေးတွေက ကျွန်တော်ညကို အရည်ဖျော်ပစ်ဖို့  ကြိုးစားနေကျတာပါပဲ။

ပျော်ကျလာတဲ့ နာရီလက်တံတွေကြားမှာ 'မ'
မျက်ရည်တွေက တွဲလဲခိုနေသလိုပဲလို့  ထင်မိတယ်။

အဲဒါဆိုသေချာတယ် ။

ကျွန်တော် မ ကို ချစ်တယ်။

လုံးဝကို သေချာနေခဲ့မိတယ်။
______________________________

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Donde viven las historias. Descúbrelo ahora