(2A)

19 2 0
                                    

(2A)
လတွေတောင် ပြက္ခဒိန်ပေါ်မှာ အပြောင်းအလဲတစ်ချို့နဲ့ ကခုန်နေကြလေပြီ။ ကျွန်တော်မှာလည်း အပြောင်းအလဲတစ်ချို့ ရှိလာခဲ့လေပြီ။
မ နာရီဆိုင်မှာ မရှိတော့တဲ့နောက် ကျွန်တော်မှာ အတွေးတစ်ခုဝင်လာတယ်။ ဒီအတွေးက တစ်ခြားတော့ မဟုက်ပါဘူး။ ကျွန်တော် လုပ်ခဲ့မိတဲ့ အပြစ်အတွက် ကိုဦးကို တောင်းပန်ချင်မိတာပါပဲ။ အပြစ်ဆိုတာကလည်း သူငယ်ချင်ရည်စားကို ချစ်သူတော်မိတာကို ပြောတာပါ။ အချစ်မှာ တရားတာ၊ မတရားတာ မရှိဘူးလို့ လူတွေပြောကြပေမယ့် ကျွန်တော်ကတော့ မျတ်ကွယ်မပြုထားချင်ပါဘူး။
သူငယ်ချင်းက သူငယ်ချင်းပဲလေ။ ရန်သူတွေမှ မဟုက်တာပဲ။ ကျွန်တော် တောင်းပန်ရင် ကိုဦးလက်ခံမယ်ဆိုတာ ကျွန်တော် အသေအချာသိပါတယ်။ အဲဒါကြောင့် ကျွန်တော် အခွင့်သာမယ့် တစ်နေ့ကို စောင့်ကြည့်နေခဲ့တယ်။ အိမ်မှာတော့ သွားပြောလို့မဖြစ်ဘူး။ ဒီကောင်ကို အပြင်ခေါ်ထုတ်ဖို့ကလည်း ဒီကောင့်မိန်းမက ကန့်လန့်၊ကန်လန့်ပါလာဦးမှာ။ ဒါပေမယ့် ကျွန်တော်က ဒီကောင်နဲ့စကားပြောလိုတဲ့ ဆန္ဒတွေက ပြင်းပြနေခဲ့ပြီ။

နေ့တစ်နေ့မှာပေါ့ ၊  မနဲ့ချိန်းထားတာလည်း မရှိခဲ့ပါဘူး။ ကိုယ့်ဟာကို အိမ်တန်းပြန်ရမယ် အစီအစဉ်ပဲရှိနေခဲ့ပါတယ်။ ဆိုင်မပိတ်ခင် လာသမျှ ဓာတ်ခဲထည့်မယ့် နာရီတွေကို အမြန်ထည့်ပေးနေမိတယ်။ ဒီအချိန်မှာ အလုပ်သမားခေါ်င်းဆောင် ကိုစိုင်းက ရောက်လာပြီ
"မိုးစက်၊ ဒီနေ့မိုးဇင်မလာလို့ ဆိုင်ပိတ်တာကို မင်း ကိုဦးနဲ့ ဝိုင်းကူလုပ်ပေးလိုက်ပါကွာ။"
ကျွန်တော် ဘာမှ မပြောရသေးခင်မှာပဲ ကိုစိုင်းက ပြန်ထွက်သွားတယ်။ ဒုက္ခပဲ။ ကျွန်တော်၊ ကိုဦးနဲ့ မျတ်နှာချင်း မဆိုင်ဖြစ်တာ ကြာခဲ့ပြီ။ ကိုဦးနဲ့ မျတ်နှာချင်းဆိုင်ရမှ ကျွန်တော် မျတ်နှာပူနေမိတယ်။ ဒါပေမယ့်လည်း ဒါက ရှောင်လွှဲလို့ မရတဲ့ ကိစ္စပဲလေ။ အလုပ်အတူ တူ လုပ်နေမှတော့ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ မျတ်နှာချင်းဆိုင်ရမှာ အသေအချာပါပဲ။ ဆိုင်ပိတ်တော့ ကိုဦးနဲ့အတူ ကျွန်တော်ဝိုင်းလုပ်ပေးလိုက်တယ်။ ဒီကောင် ကျွန်တော်ကို စကားတစ်ခွန်းမှ မပြောဘူး။ ကျွန်တော် အတော် စိတ်မကောင်းဖြစ်ရတယ်။ ဒီကောင် ကျွန်တော်ကို အတော်ပေါ်က်ကွဲနေမှာပေါ့လေ။ အဲလိုနဲ့ ဆိုင်ပိတ်ပြီး အပြင်ရောက်တော့ ကျွန်တော် ကိုဦးနောက်က လိုက်သွားပြီး..
"ကိုဦး ခဏလောက် နေပါဦးကွာ။"
ကိုဦးက နောက်လှည့်ပြီး ကျွန်တော်ကို တစ်ချက်လှည့်ကြည့်တယ်။ သူ့နောက်က ကျွန်တော် လိုက်လာလိမ့်မယ်လို့ သူထင်မှတ်ထားပုံ မရဘူး။

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now