(P)
ဘယ်အရာတွေဟာ ဘယ်လောက်ဖုံးထားထား တစ်ချိန်မဟုက် တစ်ချိန်မှာတော့ ပေါ်ပေါ်က်လာမယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် အဲလို မပေါ်ပေါ်က်ခင်မှာ ကျွန်တော်နဲ့မ အကြောင်းကို ကိုဦးက ရိပ်မိသိရှိနေမလားတော့ ကျွန်တော်မပြောတတ်ဘူး။ကိုဦး ကျွန်တော်ကို စကားမပြောဘူး။ ကျွန်တော်ဘက်က ဘယ်လိုပဲ စတင်နူတ်ဆတ်နူတ်ဆတ် ကိုဦးက မသိချင်ယောင်ပြီး လှည့်ထွက်သွားတတ်တယ်။ ဒီကိစ္စအတွက် ကျွန်တော် အတော်စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်ကမ္ဘာမှာ မှားယွင်းခြင်းတွေ ခဏ ခဏ ရောက်လာတော့မယ်နဲ့တူပါတယ်။ကျွန်တော်ဆိုခဲ့တဲ့အတိုင်း ကျွန်တော်တို့နှစ်ယောက်ချစ်သူတွေဖြစ်နေကြတာကို ဆိုင်တစ်ခုလုံး ဘယ်သူမှ မသိကြဘူး။
သိရင်လည်း ပြဿနာရှိလာနိုင်တယ်ဆိုတော့ ကျွန်တော်တို့တိတ်တဆိတ် နေနေခဲ့ကြပါတယ်။လူမသိ ၊ သူမသိ ဂရုစိုက်မူတစ်ချို့၊ နားလည်မူတစ်ချို့နဲ့ပဲ ကျွန်တော်တို့ရဲ့အချစ်တွေကို တစ်နေစာ ကုန်ဆုံးခဲ့ကြတယ်။မက အလုပ်အားတဲ့အချိန်မျိုးဆိုရင် ကျွန်တော်နောက်ကျောဘက်က ခုံမှာ လာထိုင်တတ်တယ်။ ကျွန်တော်တို့် တစ်ယောက်မျတ်နှာ တစ်ယောက်မကြည့်ဘဲစကားတွေပြောခဲ့ကြတယ်။
"ကျွန်တော်ကို ကိုဦး စကားလုံးဝမပြောဘူး။"
"ဘာလဲ၊ အဲဒါကို နင်က စိတ်မကောင်းဖြစ်နေတာလား။"
ကျွန်တော် ရင်ထဲမှာ တစ်ချက်အထိနာသွားတယ်။
"ကျွန်တော်က သူ့နောက်ကျောကို ဓားနဲ့ထိုးခဲ့မိတဲ့သူလေ၊ အဲဒီအတွက်တော့ ကျွန်တော် စိတ်မကောင်းဘူးပေါ့။"
"အဲဒီတော့.."
"အဲဒီတော့ တစ်နေ့နေ့ ၊တစ်ချိန်ချိန်တော့ ကျွန်တော် သူ့ကို တောင်းပန်ရမှာပေါ့။"မ ဆီက အဖြေပြန်မလာဘူး။ မ မျတ်နှာကို မမြင်ရတဲ့ အတွက် မ ဘာတွေတွေးနေမလဲဆိုတာလည်း ကျွန်တော် မသိဘူး။
"နင်၊ ကော်ဖီသောက်မလား။"
"ကောင်းသားပဲ။ အတူတူသောက်မယ်လေ။"
"အင်း ၊ ငါဖျော်လိုက်မယ်။”
မက မသွန်းမီဆီက ကော်ဖီတစ်ထုတ်ဝယ်ပြီး မ ရဲ့ ကော်ဖီခွက် အဝါရောင်လေးထဲ ဖျော်ပြီး ကျွန်တော်ရှေ့မှာ လာချပေးတယ်။
"အတူတူသောက်မယ်ဆို။"
"လာသောက်မယ်လေဟာ။"
ကျွန်တော်ရှေ့က ကိုဇော်မင်းက ကျွန်တော်တို့ကို တစ်ချက်ကြည့်တယ်။ ဘာမှတော့မပြောဘူး။ ကျွန်တော်နောက်က ညီဇော်ကတော့
"မိုးစက်တို့ကတော့ မိုက်တယ်ကွာ။ ကော်ဖီဖျော်တိုက်မယ့် သူတောင် ရှိတယ်။”
ညနေအလုပ်ဆင်းတော့ မ က"ငါ့ဆီ ကိုဦးဖုန်းဆက်တယ်။"
"ဘာတဲ့လဲ။"
"ငါနဲ့ စကားပြောချင်လို့တဲ့။"
ကျွန်တော်တွေဝေသွားရတယ်။ ညနေရဲ့ရူခင်းဟာ ခြောက်ကပ်ကပ်ဖြစ်လာသလိုမျိုးပဲ။ ကျွန်တော် အာခေါ်င်တွေပါ ခြောက်ကပ်လာရတယ်။ ဒါပေမယ့် ကျွန်တော်နူတ်က အသံတစ်ပွင့်တော့ ထွက်လာတယ်။
"မ ကကော။"
မ ကအနည်းငယ်စဉ်းစားတယ်။ ပြီးတော့ ကျွန်တော်ဘက် တစ်ချက်ကြည့်တယ်။
"ငါ ဘာလုပ်ရမှန်း မသိသေးဘူး။"
မ အဖြေဟာ ကျွန်တော်ဘဝကို လုံးဝကို ထုံမှိုင်းသွားစေခဲ့ပါတယ်။မက ကိုဦးနဲ့ပတ်သက်ပြီး ကျွန်တော်ပြောခဲ့တဲ့စကားတွေကို ယုံကြည်မူမရှိသေးဘူးဆိုတာလည်း သိလိုက်ရတယ်။ ဒီအချိန်မှာ "မ" ဘာလုပ်ရမလဲဆိုတာ ကျွန်တော်ကိုတောင် မေနေစရာမှ မလိုဘဲလေ။
ဒီအတွက် ကျွန်တော်ကိုယ်တိုင် မကို သံသယဝင်လာမိတယ်။မရင်ထဲမှာ ကိုဦးဟာ ကြေပျတ်မသွားသေးဘူးလား။ အိမ်ထောင်ရှိတဲ့ ယောက်ျားနဲ့ မ ထပ်ပြီပတ်သက်ချင်နေသေးတာလား။ ထားလိုက်ပါတော့လေ။ ကျွန်တော် အတွေးတွေ တစ်ဖြည်းဖြည်း ရိုင်းစိုင်းလာနိုင်တယ်။
မ လက်ကို ဆုတ်ကိုင်ထားတဲ့ ကျွန်တော်လက်ဟာ အေးစက်လာတယ်။ ကျွန်တော်ကို မ တကယ်ချစ်ကော ချစ်ရဲ့လား။ အဲဒီမေးခွန်းနဲ့အတူ ကျွန်တော် ညနေတိမ်တိုက်ထဲ လွင့်မျော်ပါသွားရတယ်။ ကျွန်တော် မထူးဇတ်တစ်ခုခင်းဖို့ပဲ စိတ်အားထက်သန်လာတော့တယ်။"မနှင်းဝင့်ရည် သဘောပဲလေ။ မနှင်းဝင့်ရည်က ကျွန်တော်ကိုမှ မယုံကြည်တာပဲ။
ကျွန်တော်ပြောနေလို့လဲ အလကားပဲလေ။"
"မဟုတ်သေးဘူးလေဟာ။ ငါက နင့်ကို အသိပေး တိုင်ပင်နေတာ။"
"တွေ့ကြည့်လိုက်ပေါ့ သူဘာပြောမလဲ သိရတာပေါ့။"
"အင်း၊ ငါလည်း အဲလိုစဉ်းစားမိတယ်။"
တကယ်တော့ ကျွန်တော် ရွဲ့ပြောလိုက်တယ်ဆိုတာ မ သိခဲ့ဖို့ ကောင်းပါတယ် မရယ်။ မရဲ့ အရင်ရည်းစားကိုတွေ့ဖို့ ဘယ်ယောကျာ်းကများ တွေ့ခွင့်ပေးလိမ့်မယ်လို့ မ ထင်ထားတာလဲ။ မ ပြောခဲ့တဲ့အတိုင်း ကျွန်တော်ကို တိုင်ပင်တာပေါ့။ အဲတော့ ကျွန်တော်လည်း ရင်နာနာနဲ့ ဒီအကြံကို ပေးလိုက်တယ်လို့ပဲ ဆိုပါရစေတော့ မရေ..။ မတော့ မသိဘူး။ ကျွန်တော်မှာ ရင်တထိတ်ထိတ်နဲ့ စိတ်တွေ အစိမ်းသေချင်နေခဲ့ပြီ။ ရင်ထဲကို စတင်ရောက်ရှိလာတဲ့ သံသယတွေ ကျွန်တော်ညကို ကောင်းကောင်းမီးရှို့လို့နေပြီ။ တကယ်ပါ မရေ။ ကျွန်တော်ဘဝက ခပ်ပါးပါးလေးရယ်ပါ။တော်တော်လေး ထိခိုက်လွယ်ခဲ့တယ်။