အခန်း-၈

40 3 0
                                    

အခန်း(၈)

မနက်မိုးလင်းပြီဆိုတာနဲ့ ပြတင်းတံခါးမှ ကျေးဌက်ကလေးတွေက တစာစာအော်နေကျတယ်။ လိပ်ကာအစွန်းထောင့်ကနေ ဖြာထွက်နေတဲ့ နေရဲ့ရောင်နီဦးက နွေးရဲ့ပါးပြင်ပေါ်ကို ချစ်စဖွယ်ထိုးကျနေတယ်။ ကျွန်တော် အသာလေး နမ်းလိုက်မိတယ်။

"ဘာလုပ်တာလဲကွာ။"

"မနိုးသေးဘူးထင်လို့ ခိုးနမ်းတာပဲကွာ။"
"လာမနမ်းနဲ့ မောင့်ရဲ့ မ ကိုပဲသွားနမ်း"
"မနမ်းချင်ပါဘူး။ အခုနေရှေ့မှာ ဘွားခနဲပေါ်လာရင်တောင် ပြန်မောင်းထုတ်ပစ်မှာ။"
"အပိုတွေ။"

နွေးရဲ့မျက်စောင်းလေးကြောင့် ကျွန်တော်ဆနာက်တစ်ခေါ်က် သူ့နူတ်ခမ်းလေးကို ထပ်နမ်းပစ်လိုက်တယ်။
"ဘာဖြစ်နေတာလဲလို့"

"ချစ်နေတာလေကွာ။"
"မျက်နှာလည်း မသစ်ရသေးဘဲနဲ့။"
"နွေးကျတော့ရော။"
"အခုထသစ်မှာ။"

နွေးရော၊ ကျွန်တော်ရော မျက်နှာသစ်ပြီး ရေချိုးခန်းဝင်လာခဲ့တယ်။ ဒီ​နေ့က ရုံးပိတ်တော့ အေးအေးဆေးဆေးပဲ။ အိမ်မှာပဲ သတင်းလေးဘာလေးကြည့်၊ စာလေးဘာလေးဖတ်ရမယ်။ အပြင်တော့ မထွက်တော့ဘူး။ အပြင်မှာက ကိုဗစ်ကြောင့် အခြေအနေတွေက မကောင်း။ ကိုဗစ်ဆိုလို့ ဒီရောဂါကို တရုတ်တွေ ဘာလို့များ အစပျိုးခဲ့ကြတယ်မသိဘူး။ အတော်ဒုက္ခပေးလွန်းတဲ့ရောဂါ။

"မောင် ထမင်းကြော် စားလို့ရပြီနော်။"
ကျွန်တော် ထမင်းကြော်စားဖို့ ဆင်းလာတော့ ကျွန်တော်ကို မ ပေးခဲ့တဲ့ အဝါရောင်ခွက်လေးကို ထမင်းကြော်ပန်ကန်းဘေးမှာ တွေ့ရတယ်။ စိတ်ကြည်နူးစရာပဲ။ ပုံမှန်းအတိုင်းပဲ ဘာမှ မပြောင်းလဲခဲ့ဘဲလေ။ ဒါကို မ သိဖို့ ကောင်းတယ်။

တကယ်တော့လည်း တွေးကြည့်ရင် ကိုယ်ကအောက်နိမ့်ကျတဲ့ထိ ဆုံးရှုံးနေတာကို တစ်ဖက်လူက သဘောကျနေတယ်ဆိုရင် အတော်ကို စိတ်ကသိကအောက်ဖြစ်ပြီး ဒေါသထွက်ကျမှာ အမှန်ပါပဲ။

ဒါပေမယ့်လည်း ကျွန်တော်က
"မ" ကျေနပ်ပျော်ရွှင်နေရင် ကျွန်တော်အရှုံး​ပေး​နေရလည်း တန်တယ်လို့ မှတ်ယူနေခဲ့တဲ့ ကောင်မျိုးပါပဲ။

ဒီအချိန်မှာပဲ နွေးက အနားမှာ ဝင်ထိုင်ရင်း "မောင်တို့အလုပ်က မပိတ်သေးဘူးလား။ ဒီအချိန်အခါကြီးမှာ ဒီလောက်အန္တရာယ်များနေတဲ့ဟာကို။" "အခုပိတ်ပေးတာပဲလေနွေးရဲ့။ ဒီတနင်္လာရုံးပြန်တတ်ရင် ရုံးဖွင့်ရက်ကို သူတို့​လျော့ချဖို့အတွက် ဆွေးနွေးကြမှာလေ။ ပြောသာပြောသာပါကွာ ။ သူများတွေ အလုပ်တောင်မရှိတော့လို့ ဒုက္ခတွေရောက်နေကြတာ နွေးလည်းမြင်တယ်မှတ်လား။ ဒီအလုပ်လေးရှိတာ ကံကောင်းတယ်လို့ ဆိုရမှာပဲ။"

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now