(T)
တစ်ကယ်တော့လည်း မနဲ့ကျွန်တော်အခုလိုမျိုး ချစ်သူဘဝရောက်လာရလိမ့်မယ်လို့ ကျွန်တော် စိတ်ကူးတောင် မယဉ်ရဲခဲ့ပါဘူး။ ဒါဟာ အိပ်မက်ဖြစ်နေတယ်ဆိုရင်တောင် ဒီအိပ်မက်က ကျွန်တော်မနိုးထပါရစေနဲ့လို့ဆုတောင်းနေခဲ့မိတယ်။ တိုင်းရင်သားကျေးရွာကနေအပြန် ဒေါပုံကိုဖြတ်တော့ ကျွန်တော်နေထိုင်တဲ့လမ်းကို လှမ်းပြခဲ့မိတယ်။ မ စိတ်ဝင်စားပါ့မလား မသိပေမယ့် ကျွန်တော်နေထိုင်တဲ့ နေရာကိုတော့ မကို သိထားစေချင်မိခဲ့တယ်။တစ်ချို့အရာတွေကို မက လျိုဝှတ်ထားခဲ့တယ်။ တစ်ချို့အကြောင်းအရာတွေက သူများတွေက သိရှိနေကြပြီး ကျွန်တော်ကတော့ မသိရှိခဲ့ပါဘူး။ ဒါကလည်း အတင်းမမေးမြန်းချင်တဲ့
ကျွန်တော်အကျင့်ကြောင့်လည်း ဖြစ်မှာပါ။
ဒီနေ့မသုံးနေတဲ့ပိုက်ဆံတွေဟာ ညီဇော်ဆီက ချေးလာခဲ့မှန်း ကျွန်တော်မသိခဲ့ပါဘူး။ တကယ်တော့ မ ကျွန်တော်အတွက် ညီဇော်ဆီက အကူအညီတောင်းခဲ့ရတာမျိုးလား။ ဒါပေမယ့်မက ညွဇော်ကို အမြဲအနိုင်ကျင့်နေတတ်တဲ့ သူပဲလေ။ ညီဇော်ကလည်း သိတဲ့အတိုင်း မစကားဆို ငြင်းဖို့ဆန္ဒမရှိရှာဘူးလေ။ညနေ မှိုင်းမှိုင်းလေးထဲမှာ ကျွန်တော်တို့နှစ်ယောက် ဝဇီရာ ရုပ်ရှင်ရုံရှေ့ကို ရောက်လာတယ်။ မက သူ့စကားကို ကျွန်တော် နားထောင်ပေးလိုက်တဲ့အတွက် စိတ်ချမ်းသာသွားပုံ ရပါတယ်။ တကယ်တော့ ကျွန်တော်လည်း စိတ်ချမ်းသာရတာပါပဲ။ ဘာလို့လဲဆိုရင်
ကျွန်တော်ဘဝရဲ့
ကြီးမားစွာသော အမှတ်တစ်ရတစ်ခုကို အဲဒီရုပ်ရှင်ရုံထဲမှာ ကျွန်တော်ရရှိခဲ့ပါ
တယ်။ အဲဒါဟာ ကျွန်တော်ပုံမှန် စိတ်ကူးယဉ်ထားတဲ့ အိပ်မက် ကမ္ဘာနဲ့ တစ်ခြားစီရယ်ပါ။။ ကျွန်တော်မှန်းတောင် မမှန်းကြည့်ခဲ့ဘူးတဲ့ နယ်မြေသစ်တစ်ခုရယ်ပါ။ အဲဒါ မ ပေးခဲ့တဲ့ ကျွန်တော်အတွက် အမှတ်တရလက်ဆောင်ပါ။မက ကျွန်တော်လက်မောင်းကိုမှီတွယ်ရင်း ရုပ်ရှင်ရုံထဲကို ဝင်လာ
ခဲ့တယ်။ ရုပ်ရှင်ရုံထဲ ရောက်တော့ တကယ်အံသြသွားရတယ်။
ရုပ်ရှင်ရုံထဲမှာ မနဲ့ကျွန်တော်အပါအဝင် လူလေးယောက်ပဲ ရှိနေလေရဲ့။ ရုတ်တရတ် မဆီက အသံထွက်လာတယ်။
"ဒီကားက ရုံတင်ထားတာ နှစ်ပတ်ကျော်ပြီလေ။ ငါမကြည့်ရသေးလို့။"
မနဲ့ မသူငယ်ချင်းတွေက နှစ်ပတ်တစ်ခါလောက် ရုပ်ရှင်သွားကြည့်တတ်ကြမှန်း ကျွန်တော်သိပါတယ်။ တစ်ခါတစ်လေ မိန်းခလေးတွေ အများကြီးကြားထဲမှာ ညီဇော်တောင် ကန့်လန့်၊ ကန့်လန့်နဲ့ ပါသွားတတ်ပါသေးတယ်။
