(L)

18 3 0
                                    

(L)
နောက်နေ့တွေရဲ့နောက်နေ့တွေမှာပေါ့။ကိုဦးက သူ့အချစ်ကို ပြန်လက်ခံ​ပေးဖို့အတွတ်​ မဆီမှာ​အတင်းအကျပ်တောင်းဆိုလာခဲ့တယ်။"မ"က ကိုဦးကို မယုံရဲတော့ဘူး။"မ" ကိုဦးကို ဘာကြောင့်မယုံကြည်​လဲဆိုတာ
တော့ ကျွန်တော် အသေအချာမပြောပြနိုင်ဘူး။ ဒါပေမယ့် အဲဒါကို ကျွန်တော်အသေအချာသိနေမိတယ်။
ဒီလိုနဲ့မနဲ့ကိုဦးကြားမှာ အငြင်းအခုံပွဲလေးတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်လာတယ်
။ကိုဦးက "မ" သူ့ကို ချစ်နေသေးတယ်လို့ယူဆပြီး သူယုံကြည် ချက်ကို ရဲဝံစွာ ပြောနေခဲ့တယ်။ ကိုဦးပြောတဲ့စကားတွေက နေ့စဉ်ရက်ဆက်ဆိုသလို အက်ကြောင်းထပ်လာခဲ့တယ်။ အဓိက ကတော့ မ သူ့ကို ဘာလို့ပြန်လက်မခံသေးတာလဲ ဆိုတာမျိုးပေါ့။ ဒီတော့မှ မလည်း ကိုဦးကို သူငယ်ချင်းအဖြစ် ပြန်လက်ခံမိတာ မှားမှန်း တဖြည်းဖြည်း ရိပ်မိလာခဲ့တယ်။ "မ"ရဲ့ စိတ်ဝင်စားမူတွေက ကိုဦးအပေါ်မှာ လျော့ပါးသွားခဲ့တယ်။
ဒီလိုနဲ့  ကျွန်တော်ဟာ မတို့
ကြားထဲမှာ ကန့်လန့်ခံနေသလို ဖြစ်လာရတယ်။ တစ်ခါတစ်လေ ကိုဦး ဒေါသထွက်တာကို ကြည့်ပြီး မလန့်နေတတ်တယ်။ အဲလိုအချိန်မှာ မ ပြေးဆွဲတဲ့ လက်တစ်ဖတ်ဟာ ကျွန်တော်ဖြစ်နေတာကိုလည်း ကျွန်တော်အလွန်ကျေနပ်နေခဲ့မိတယ်။
"မိုးစက်၊ မင်း သူ့ဘက်က လိုက်လိုက်မကာကွယ်ပေးနေစမ်းပါနဲ့။ ငါ ဘယ်လိုအခြေအနေမှာ ဘာလုပ်ရမယ်ဆိုတာ ငါသိတယ်။"
မပြောဘူး။ ကျွန်တော်။ နူတ်ဆိတ်နေဆဲပဲ။ စကားလုံးတွေက လောင်မီးကျနေခဲ့စေတယ်။ ချောင်းဆိုးပျောက်ဆေးပြားတွေက ရင်ထဲက ခံစားချက်ကို ပိုလို့ဇကာစစ်ထုတ်နေပြန်တယ်။ ညနေတိုင်းဟာ မာယာများနေသလိုပါပဲ။ ဆာကူဝါ တာဝါဘေးက လဖဘသုတ်ဆိုင်လေးရဲ့ညဟာ ကျွန်တော်တို့ သုံးယောက်ရဲ့ ရာဇဝင်ဖြစ်လာတယ်။
ကိုဦးက သူငယ်ချင်းတွေကို အရမ်းကြောက်နေရလားလို့ မကို ဒေါသနဲ့မေးနေတယ်။"မ"မျတ်ဝန်းမှာ မျတ်ရည်တစ်စကို ကျွန်တော်​ရှာဖွေတွေ့ရှိတယ်။ ဒီမျတ်ရည်စလေးဟာ ဓားလာသွေးနေသလိုပါပဲ။ တစစ်စစ်နဲ့ ကိုက်ခဲမူဟာ မခံစားနိုင်အောင်ရှိတယ်။ လူဟာ အလိုလိုနေရင်း ဒေါသတွေ ယိုဖိတ်လာခဲ့တယ်။
နေ့စဉ်ရက်ဆက် မရဲ့စိတ်ကို အနှောင့်အယှတ်ဖြစ်အောင် ဒီလိုမျိုး သူပြုကျင့်နေခဲ့တာလား။ မ လက်ထဲက တစ်သျူးစ လေးတွေ မွမွကြေသွားတယ်။ ဖျတ်ခနဲ တီးလိုက်တဲ့ကားဟွန်းသံတစ်ခုမှာ သွေးဟာ ပိုဆူပွက်လာစေခဲ့တယ်။
"ကိုဦး၊ တော်ပါတော့ကွာ ၊ မင်းကလည်း၊ မနှင်းဝင့်ရည် ငိုတော့မယ်။"
သူ ကျွန်တော်ကို ဂရုမစိုက်သလို အထာမျိုးနဲ့ နေတယ်။ အရင်ညတွေလိုမဟုက်ဘူး။ အရိုင်းဆန်နေတယ်။ သူ ဒီလိုဖြစ်နေတာကကော ချောင်းဆိုးပျောက် ဆေးပြားတွေကြောင့်ပဲလား။
"ငါ နင့်ကို ပြောပြီးပြီလေ၊ ငါ နင့်ကို ပြန်လက်ခံလို့ မရပါဘူးလို့။"
"အဲဒါ ဘာကြောင့်လဲဆိုတာကို ၊ဖြေလေ။ အရင်လို သူငယ်ချင်းတွေ အိမ်ပြန်တိုင်မှာစိုးလို့ဆိုပြီး မဖြေပါနဲ့။ သူငယ်ချင်းတွေကိုကြောက်ရင် ချစ်သူတွေအစကတည်း ဖြစ်ခဲ့မှာ မဟုက်ဘူးလေ။”
မ မျတ်ရည်တွေ စီးကျလာခဲ့တယ်။
"ကိုဦး၊မင်းထွက်သွားလိုက်တော့ကွာ။”
အဲဒီစကားလုံးအတွက် ဘယ်အရာက တွန်းအားပေးခဲ့မှန်း ကျွန်တော်မသိဘူး။ ဆာကူရာတာဝါဘေးက ပလတ်ဖောင်း လဖ္ဘသုတ်ဆိုင်လေးက ပွဲကြည့် ပရိတ်သတ်လုပ်နေတုန်းပဲ။
ကျွန်တော်​မျတ်နှာကို ကိုဦးက သေချာကြည့်ပြီး
"ပြန်မယ့်ပြန်၊မင်းပြန်ရမှာ မိုးစက်။ ဒီနေ့ ငါ သူနဲ့ စကား အေးအေးဆေးဆေးပြောချင်တယ် မိုးစက်။ "
ကိုဦးရဲ့ စူးစူးရဲရဲ အကြည့်တွေက မင်းအလိုက်သိစမ်းပါလို့ ပြောနေသလိုပါပဲ။ ဟုက်တာပေါ့။ တကယ်တော့ ကျွန်တော်ထွက်သွားပေးသင့်တဲ့သူပါ။ ဒါပေမယ့်
မ လက်တစ်ဖတ်ဟာ ကျွန်တော်ကို အားကိုးတကြီး လှမ်းဆုတ်ကိုင်လိုက်တာကို သိလိုက်ရမိတယ်။ ဆန့်ကျင်ဘက်အရပ်က သွေးတွေ ကျွန်တော်ကိုယ်ထဲ စီးဝင်လာသလိုပါပဲ။ ကျွန်တော်ရဲဝံသွားတယ်။ နတ်တစ်ပါးက ကျွန်တော်ကိုယ်ထဲ သတ္တိတွေ ထိုးသွင်းပေးလိုက် သလိုပါပဲ။ အဲလိုမျိုး
ဘဝမှာတစ်ခါမှ မရခဲ့ဘူးတဲ့ ခံစားချက်တစ်ခုဟာ ကျွန်တော်ကို အရာရာကို လုပ်ရဲဖို့ တန်ခိုးကြီးစေခဲ့တယ်။ "မ"ရဲ့အားကိုးမူအတွတ်​ ကျွန်တော်​​ရှေ့ဆက်တိုးရတော့မယ်​ဆိုတာကို သိလာတယ်။
"ကိုဦး၊ မင်းပြန် အခုချိန်မှာ မင်းပြောနေရင် အလကားပဲ၊ ပြဿနာပိုဖြစ်လာရုံပဲ ရှိမယ်။ ငါ သူကို ပြောပြပေးမယ်။ မင်းပြန်တော့။ ငါ မနှင်းဝင့်ရည်ကို လိုက်ပို့ပေးလိုက်မယ်။"
"မင်းပြန်ခိုင်းတိုင်း၊ ငါက ပြန်ရမှာလား။”
အဲဒီအချိန်မှာပဲ ရုတ်တရက် စကားသံထွက်လာတယ်။
"ဟုက်တယ်၊ ကိုဦး နင်ပြန်တော့။"
ကိုဦး အကြည့်တွေ မ ဘက်ကို ပြောင်းသွားတယ်။ လုံးဝ မုန်တိုင်းတစ်စင်း တိုက်ခိုက်နေသလိုပဲ။ သူ တစ်ခုခုကို သိသလိုလိုအထာမျိုးနဲ့ နူတ်ခမ်းတစ်ချက်မဲ့လိုက်တယ်။ ပြီးတော့ သူထထွက်သွားတယ်။ စကားလုံးတွေက ကျန်ရှိနေဆဲပဲ။

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now