(R)

25 2 0
                                    

(R)

မင်းက ငါနှလုံးသားထဲမှာ
ရာသက်ပန်​ ဘုရင်မ
ဘယ်လို ​သွေးဆိုးသွေးညစ်ကမှ
ဒီအမြင်ကို တော်လှန်ရေး လုပ်နိုင်မှာ မဟုတ်ဘူး.......။
(ရာသက်ပန်​ဘုရင်မမှ)
**********************************

တကယ်တော့ ကျွန်တော်ဟာ ခံစားချက်တွေကို ပိုမွေးသလို မွေးမြူနေခဲ့တဲ့ ကောင်မျိုးပါ။
ကျွန်တော်မှာ​​ပျောက်ဆုံးသွားတဲ့အရာတွေ ရှိလာလိမ့်မယ်လို့ ကျွန်တော် သိပ်လက်မခံထားဘူး။ ဘာဖြစ်ဖြစ် ပျောက်ဆုံးသွားတဲ့အရာတွေဟာ အတိတ်ထဲမှာ အမြဲရှိနေဆဲပါပဲ။

လူတစ်ချို့ကို လျှောတ်ကြည့်နေမိတယ်။ ဘယ်လိုလူတွေဟာ ဘယ်လိုအလုပ်တွေ လုပ်နေတာလဲလို့ ကျွန်တော်စဉ်းစားနေမိပြန်တော့။ ဟိုရှေ့နားက မီးရထားဘူတာရုံကြီးလည်း ရှိနေတယ်။ ဒါဟာ ရန်ကုန်ပြယုဂ်တစ်ခုလည်း ဖြစ်နေမယ်။ တကယ်က ကျွန်တော် ယောင်လမ်းမှာ မကို လာစောင့်နေတာပါ။ မိုးကတော့ တစ်ဖွဲဖွဲ ကြနေတာပေါ့။ ထုံးစံအတိုင်း ကျွန်တော်မှာတော့ ထီးမပါဘူး။

ကျွန်တော်​၄၃ကားတွေ ဆိုက်လာတိုင်း မ ပါလာမလားလို့ စောင့်ကြည့်နေမိတယ်။ဒီနေမှာ မ ခါတိုင်းထက် ပိုနောက်ကျနေသလိုပါပဲ။ ကျွန်တော်ဘဝမှာ အမုန်းဆုံး အလုပ်ကိုပြပါဆိုရင်​ စောင့်ရတဲ့အလုပ်ကို ကျွန်တော်​ပြရမှာပါပဲ။ ဒါပေမယ့် အခုတော့ ကျွန်တော် စိတ်ရှည်လက်ရှည်နဲ့ကို စောင့်တယ်။ တကယ် ရင်ထဲက ဆန္ဒအရဆိုရင် ကျွန်တော်ထွက်သွားလိုက်ချင်ပြီ။ ဒါပေမယ့် မနဲ့လည်း တွေ့ချင်တယ်။ မ က ကျွန်တော်စိတ်ကို စမ်းသပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျွန်တော် ကြံဖန်တွေးကြည့်တယ်။

ဘာဖြစ်ဖြစ် မ​ရောက်လာမယ့်အချိန်ကို ရင်တထိတ်ထိတ်နဲ့​စောင့်မျှော်နေရခြင်းဟာ ကျွန်တော်အတွတ်​ အဓိပ္ပါယ်​တစ်စုံတစ်ရာရှိနေလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ မိုးက နည်းနည်းလေး သည်းလာသလိုပဲ။ ခက်တာပဲ။ ဒီနေ့မှာ All Starစီးလာခဲ့မိတယ်။ ဘာလို့ နေမပူတာလဲ မသိပါဘူး။ အနားစတွေ ရေစိုနေတာကြောင့် ကျွန်တော်ဘောင်းဘီကို နည်းနည်းခေါ်က်တင်လိုက်တယ်။

မ ဘာတွေများ လုပ်နေလို့ပါလိမ့်။ ညကတော့ ကျွန်တော်တို့ ဖုန်းထဲမှာ အသေအချာ ချိန်းထားခဲ့ကြတာပဲလေ။ ဘာဖြစ်ဖြစ် မရောက်လာမှာပါ။ ဒီအချိန်မှာ သောက်ထားတဲ့ဆေးတွေကြောင့် နည်းနည်း အာခေါ်င်ခြောက်လာတယ်။ ပြီးတော့ ဆေးလိပ်သောက်ချင်လာတယ်။ မဖြစ်သေးပါဘူး။ ကျွန်တော် ဆေးလိပ်သောက်နေတဲ့အချိန် မ ရောက်လာရင်တော့ ကွိုင်တတ်မှာ ကျိန်းသေတယ်။ ဒါပေမယ့် မ မလာလောက်သေးပါဘူးလေ။ ဆေးလိပ်ကို အမြန်သောက်မယ်လို့ စိတ်ကူးပြီး ကွမ်းယာဆိုင်ကနေ ကျွန်တော် ဆေးလိပ်ဝယ်သောက်လိုက်တယ်။ မှုတ်ထုတ်လိုက်တဲ့ အငွေ့ထဲမှာ စိတ်ရှုပ်ခြင်းတွေ ပြန်ထွက်ပါသွားတယ်။အဲဒီအချိန်မှာ မျတ်စိရှေ့ကို ၄၃ကားတစ်စီး ထိုးစိုက်လာတယ်။ ထုံးစံအတိုင်း ကျွန်တော် ကားတံခါးပေါက်ဝ ကို အပြေးအလွှားကြည့်လိုက်တယ်။

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now