အခန်း-၈

32 3 0
                                    

အခန်း(၈)

မနက်မိုးလင်းပြီဆိုတာနဲ့ ပြတင်းတံခါးမှ ကျေးဌက်ကလေးတွေက တစာစာအော်နေကျတယ်။ လိပ်ကာအစွန်းထောင့်ကနေ ဖြာထွက်နေတဲ့ နေရဲ့ရောင်နီဦးက နွေးရဲ့ပါးပြင်ပေါ်ကို ချစ်စဖွယ်ထိုးကျနေတယ်။ ကျွန်တော် အသာလေး နမ်းလိုက်မိတယ်။
"ဘာလုပ်တာလဲကွာ။"

"မနိုးသေးဘူးထင်လို့ ခိုးနမ်းတာပဲကွာ။"
"လာမနမ်းနဲ့ မောင့်ရဲ့ မ ကိုပဲသွားနမ်း"

"မနမ်းချင်ပါဘူး။ အခုနေရှေ့မှာ ဘွားခနဲပေါ်လာရင်တောင် ပြန်မောင်းထုတ်ပစ်မှာ။"
"အပိုတွေ။"
နွေးရဲ့မျက်စောင်းလေးကြောင့် ကျွန်တော်ဆနာက်တစ်ခေါ်က် သူ့နူတ်ခမ်းလေးကို ထပ်နမ်းပစ်လိုက်တယ်။

"ဘာဖြစ်နေတာလဲလို့"
"ချစ်နေတာလေကွာ။"
"မျက်နှာလည်း မသစ်ရသေးဘဲနဲ့။"

"နွေးကျတော့ရော။"
"အခုထသစ်မှာ။"
နွေးရော၊ ကျွန်တော်ရော မျက်နှာသစ်ပြီး ရေချိုးခန်းဝင်လာခဲ့တယ်။ ဒီ​နေ့က ရုံးပိတ်တော့ အေးအေးဆေးဆေးပဲ။ အိမ်မှာပဲ သတင်းလေးဘာလေးကြည့်၊ စာလေးဘာလေးဖတ်ရမယ်။ အပြင်တော့ မထွက်တော့ဘူး။ အပြင်မှာက ကိုဗစ်ကြောင့် အခြေအနေတွေက မကောင်း။ ကိုဗစ်ဆိုလို့ ဒီရောဂါကို တရုတ်တွေ ဘာလို့များ အစပျိုးခဲ့ကြတယ်မသိဘူး။ အတော်ဒုက္ခပေးလွန်းတဲ့ရောဂါ။

"မောင် ထမင်းကြော် စားလို့ရပြီနော်။"
ကျွန်တော် ထမင်းကြော်စားဖို့ ဆင်းလာတော့ ကျွန်တော်ကို မ ပေးခဲ့တဲ့ အဝါရောင်ခွက်လေးကို ထမင်းကြော်ပန်ကန်းဘေးမှာ တွေ့ရတယ်။ စိတ်ကြည်နူးစရာပဲ။ ပုံမှန်းအတိုင်းပဲ ဘာမှ မပြောင်းလဲခဲ့ဘဲလေ။ ဒါကို မ သိဖို့ ကောင်းတယ်။

တကယ်တော့လည်း တွေးကြည့်ရင် ကိုယ်ကအောက်နိမ့်ကျတဲ့ထိ ဆုံးရှုံးနေတာကို တစ်ဖက်လူက သဘောကျနေတယ်ဆိုရင် အတော်ကို စိတ်ကသိကအောက်ဖြစ်ပြီး ဒေါသထွက်ကျမှာ အမှန်ပါပဲ။ ဒါပေမယ့်လည်း ကျွန်တော်က
"မ" ကျေနပ်ပျော်ရွှင်နေရင် ကျွန်တော်အရှုံး​ပေး​နေရလည်း တန်တယ်လို့ မှတ်ယူနေခဲ့တဲ့ ကောင်မျိုးပါပဲ။
ဒီအချိန်မှာပဲ နွေးက အနားမှာ ဝင်ထိုင်ရင်း "မောင်တို့အလုပ်က မပိတ်သေးဘူးလား။ ဒီအချိန်အခါကြီးမှာ ဒီလောက်အန္တရာယ်များနေတဲ့ဟာကို။" "အခုပိတ်ပေးတာပဲလေနွေးရဲ့။ ဒီတနင်္လာရုံးပြန်တတ်ရင် ရုံးဖွင့်ရက်ကို သူတို့​လျော့ချဖို့အတွက် ဆွေးနွေးကြမှာလေ။ ပြောသာပြောသာပါကွာ ။ သူများတွေ အလုပ်တောင်မရှိတော့လို့ ဒုက္ခတွေရောက်နေကြတာ နွေးလည်းမြင်တယ်မှတ်လား။ ဒီအလုပ်လေးရှိတာ ကံကောင်းတယ်လို့ ဆိုရမှာပဲ။""အင်းပါ မောင်ရယ်။ နွေးကလည်း မောင် အလုပ်သွား၊အလုပ်ပြန် လုပ်ပါများပြီး ရောဂါကူးလာမှာစို့လို့ ပြော​နေရတာပါ။"

အင်း..ကိုဗစ်..ကိုဗစ်။ လူတွေကို အတော်မကောင်းကျိုးပေးတဲ့အရာပါလား။ ဒါပေမယ့် ကျွန်တော်အချစ်​တွေက​တော့ "မ "ကောင်းကျိုးကိုသာ ရှေ့ရူတဲ့အရာဖြစ်ပြီး အဲဒီအရာတွေက "မ"အပေါ်ခံစားရသမျှ ကဗျာရေးတတ်လာခဲ့ရပါတယ် မရယ်။
ကျွန်တော်တို့အနီးအနားမှာ ရှိကြတဲ့ လူတွေဟာ ဘယ်လောက်ပဲကျန်းမာရေးအသိနဲ့ နေထိုင်ကြပါစေ ကျွန်တော်လိုမဟုတ်ဘဲ သူတို့ဟာ လူအများနဲ့ ပြောဆိုဆွေးနွေးရတဲ့ ဝန်ထမ်း​တွေဖြစ်တာ​ကြောင့် ကျွန်တော်တို့ထဲက တစ်ယောက်ယောက်ဆီမှ ကိုဗစ်တွေ့ပြီဆိုတာနဲ့ ကျွန်တော်လည်း ရောပြီး ကွာရန်တင်းဝင်ရမှာ အသေအချာပါပဲ။

"မ"က ကဗျာကို ဖတ်ကြည့်ပြီး
ရယ်ပြုံး​နေတာ မြင်ရပြန်တော့ ကျွန်တော်ဘေးမှာ ဘယ်လိုလူတွေ ဘာတွေဖြစ်ပါစေ ကျွန်တော်နဲ့လုံးဝမသက်ဆိုင်တော့ဘဲ "မ"အပြုံးတစ်ခုသာ တစ်ယောက်တည်းနေထိုင်ရဲလို့ရတဲ့ကမ္ဘာဆိုတာ ကျွန်တော်ဖက်က အသေအချာပါပဲ။
"ဟယ် မောင် ထမင်းမစားပဲ ဘာတွေ သဘောတကျ ပြုံးနေတာလဲ။"
ဒီလိုမျိုး ကျွန်တော်ရဲ့ အမှတ်သညာထဲမှာ "မ"က ဘယ်လောက်​အရေးပါမှန်း ကျွန်တတ်ာသိပါတယ်။ အခုတော့ သူခိုးလူမိတဲ့ ကျွန်တော်ဟာ မလိမ်လည်ချင်တာ​ကြောင့်
"ဘာရယ်မဟုတ်ပါဘူးနွေးရယ် ကိုဗစ်အကြောင်းတွေးရင်း ဟိုတစ်ယောက်ကို သတိရသွားလို့ပါ။"

"မောင်"
နွေး အသံကစူးရှ။ သေချာပြီ နွေးတစ်ယောက် ဒေါသထွက်နေပြီ။

"ကိုဗစ်နဲ့ အဲဒီမိန်းမနဲ့ဘာဆိုင်သလဲ နွေးကို ပြောပြစမ်းပါဦး။ မောင်ဟာက ၇နှစ် ၈နှစ်ရှိလို့ အဲဒီမိန်းမတောင် ကလေးရမယ်ဆို ၃ယောက်လောက်ပဲ ရှိတော့မယ်။ မောင်က သူကိုဗစ်ဖြစ်မှာ လှမ်းစိုးရွံနေတယ် ဟုတ်လား။"
ကျွန်တော် နွေးပြောတာကိုသ​ဘောကျပြီး ပြုံးလိုက်တော့ နွေးက ထိုင်ရာက ချက်ချင်းထပြီး ကျွန်တော်ကျောကို တဖုန်းဖုန်းထုပါတော့တယ်။
"အား တော်ပြီ ရပ်ဆတာ့လေနွေးရာ ။ မောင်တွေးတာက ဒီလိုပါနွေးရာ။"
ကျွန်တော်အမှန်အတိုင်းရှင်းပြတော့မှ မရွှေချောက စိတ်ပြေလျော့တော်မူလေရဲ့။
"နွေးလည်း သိသာနဲ့ကွာ။ သူက အနာဂတ်ကို ဘယ်တော့မှရောက်မလာစေရဘူးလို့ မောင် ကတိပေးထားပြီးသားဟာကို။"

ဟုတ်တယ် ။ ကျွန်တော်ကတိပေးထားတဲ့အတိုင်းပဲ။ ကျွန်တော်ဟာ အတိတ်ကို သူ့အကန့်လေးထဲမှာပဲ အစီအစဉ်တကျထားပြီး စည်းရိုးခတ်ထားပါတယ်။ "မ"ဟာ အဲဒီစည်းရိုးကိုကျော်လာဖို့ ကျွန်တော်ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ပါဘူး။ အကြောင်းရင်းက ကျွန်တော်ရဲ့အနာဂတ်ဟာ နွေးတစ်ယောက်ပဲရှိတာမို့ပါ။

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Nơi câu chuyện tồn tại. Hãy khám phá bây giờ