ဒုတိယအကြိမ် ဆုံတွေ့မှု
့
ကျောင်းစဖွင့်သည့်ရက်မို့ အတန်းချိန်ရဲ့ ပထမချိန်ကို စာသိပ်မသင်ဖြစ်ခဲ့ ။ အတန်းမှာ အနည်းငယ်ဆူညံနေသည် ။အတန်းပိုင်ဆရာမလဲ ထုံးစံအတိုင်းသူ့ရဲ့ သြဝါဒစည်းမျည်းစည်းကမ်းတွေအကုန် အတန်းထဲရှိသူ့တပည့်များထံ ပို့ချလို့နေသည် ။
သို့ပေမဲ့ 'မိုးဝသန်လွင်' ဆိုတဲ့ သူမရဲ့မျက်လုံးတွေဟာတော့ အတန်းရှေ့ကကျောက်သင်ပုန်းကို စိုက်ကြည့်နေမိသည် ။ စိတ်ကတော့ သူမတွေ့စုံခဲ့ရတဲ့ ကျောင်းဆရာမလေးဆီက မခွာနိုင်ခဲ့ပေ ။
" နောက်ဆိုရင် ကားလမ်းကူးရင် ဘယ်ညာသေချာကြည့်နော် ကလေး ...... ၂ ဖက်လုံးလမ်းရှင်းမှကူး ......... အဲ့ဒါပိုစိတ်ချရတယ် ...... "
ကျောင်းဝန်းထဲမဝင်ခင်အထိ သေချာမှာကြားခဲ့တဲ့ ဆရာမလေးရဲ့ အမှာစကားမှာ 'မိုးဝဿန်လွင်' ရဲ့နားထဲ ပဲ့ထပ်နေလေပြီ ။
" ကဲ တီချယ်အခုပြောတဲ့ စည်းကမ်းချက်တွေကို သေချာလိုက်နာရမယ်နော် ...... "
အတန်းရှေ့က အတန်းပိုင်ဆရာမရဲ့ အသံကျယ်လောင်စွာပေါ်ထွက်လာမှ သြဝါဒပို့ချတာ ပြီးဆုံးသွားမှန်း 'မိုးဝသန်' သတိထားမိလိုက်သည် ။
" ဟုတ်ကဲ့ ......... "
စကားရောဖောရှောခင်းကာ သူများအော်သလို သူလိုက်အော်လိုက်ပါသည် ။ သို့ပေမဲ့အော်သံက ခပ်သဲ့သဲ့ရယ်ပါ ။
ဒီလိုနဲ့ပဲ နောက်အချိန်တွေကျ သက်ဆိုင်ရာဘာသာရပ် ဆရာမတွေ တစ်ယောက်ပြီးတစ်ယောက် သူ့အချိန်နဲ့သူ ဝင်ကြလေသည် ။
နေ့တစ်ဝက်သာကျိုးသွားလေပြီ ။ 'မိုးဝသန်လွင်' ရဲ့အတွေးတွေကတော့ အခုထိမရပ်တံ့သွားခဲ့ပေ ။
" ပထမဆုံးတွေ့ဖူးတဲ့သူကို အဲ့လောက်ထိနွေးထွေးပေးရအောင် အဲ့ဆရာမက ဘာမို့လို့လဲ ............ "
စိတ်ထဲကနေ တလိပ်လိပ်နဲ့ သိချင်စိတ်က တက်လာလေလေ ထိုဆရာမလေးကို ထပ်တွေ့ချင်မိလေပဲဖြစ်နေသည် ။
တွေ့ချင်စိတ်ကိုအတင်းပြန်မျိုပ်သိပ်ရင်း လက်ထဲကပေါင်မုန့်ကို ဖိကိုက်ချလိုက်တော့သည် ။
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...