Episode - 62

9.8K 713 51
                                    


သူ့ရင်​ခွင်​ထဲမှာ​ခေါင်း​လေးတိုးဝင်​ပြီး အိပ်​မောကျ​နေတဲ့ ပြည့်​လေးရဲ့ မျက်​နှာ​လေးကို လင်း ကြည့်​ရင်း အ​ကြောင်းအရာတစ်​ခုကို စဉ်းစား​နေမိသည်​။

​တောင်းပန်​ပါတယ်​ကိုယ်​မသိခဲ့လိုက်​လို့ပါကွာ .. ဆိုတဲ့ သူ့​ယောကျာ်းရဲ့စကားတစ်​ခွန်းက နားထဲပဲ့တင်​နေသည်​။

ပြည့်​လေးကိုလည်း လာပို့​ပေးသွားတယ်​ဆို​တော့ ... ဘာလဲ သူဟိုကိစ္စကိုများ သိသွားတာလား ? အဲ့ကိစ္စကိုသိတာ ငါရယ်​မေ​မေရယ်​... မမမြတ်​နဲ့ ဇွဲကိုကို​ဇော်​ပဲသိထားတာပါ ..... မဟုတ်​မှလွဲ​ကော သား ဇွဲကိုကို​ဇော်​များ သွား​ပြောပြလိုက်​တာလား .....

ဟင်း .....

သက်​ပြင်း​တွေ အကြိမ်​ကြိမ်​ချမိရင်း လင်း ရင်​ထဲမွန်းကျပ်​လာသည်​မို့ ခုတင်​ပေါ်ထထိုင်​လိုက်​၏။​ ဘေးနားကိုကြည့်​လိုက်​တော့ တစ်​ဖက်​ခုတင်​ပေါ်မှာ​ စောင်​တခြားလူတခြား ဖြင့်​ကွေး​ကွေး​လေးအိပ်​မောကျ​နေတဲ့ သူ့ရဲ့က​လေး​လေး မိုးဝဿန်​လွင်​။

လင်း ခုတင်​ပေါ်မှ အသာ​လေး​လျှောဆင်းလိုက်​ပြီး တစ်​ဖက်​ခုတင်​ပေါ်၌​ကွေး​ကွေး​လေးအိပ်​ပျော်​နေတဲ့ သူ့က​လေးရဲ့ကိုယ်​ခန္ဓာ​ပေါ်သို့​စောင်ကိုလွှမ်းခြုံ​ပေးလိုက်​လေသည်​။

ပြီး​တော့ ကုတင်​ဘေးနား​လေးမှာ ဒူး​လေး​ထောက်​ကာ ထိုင်​ချလိုက်​ပြီး အိပ်​ပျော်​နေတဲ့ မိုးရဲ့ မျက်​နှာ​လေးကို တစိမ့်​စိမ့်​ငေးကြည့်​နေမိ၏။ လက်​ချောင်းသွယ်​သွယ်​လေး​တွေနဲ့ လင်း မိုး ရဲ့မျက်​နှာ​ပေါ်က ဆံပင်​တွေကို သပ်​တင်​ပေးလိုက်​သည်​။ ပြီး​တော့ သူ့က​လေးရဲ့ မျက်​နှာ​လေးနားသို့ တဖြည်းဖြည်းတိုးကပ်​လိုက်​ကာ နဖူးပြင်​လေးကို နှုတ်​ခမ်းတစ်​စုံနဲ့ လင်း တယုတယနမ်းရှိုက်​လိုက်​လေ​တော့သည်​။

" မ ရဲ့က​လေး​လေး အိမ်​မက်​လှလှမက်​ပါ​စေကွယ်​..... "

X X X X


ပြည့်​လေး အိမ်​ကို​ရောက်​လာကတည်းက ဦး​ကောင်းထက်​တစ်​ယောက်​အင်​မတန်​မှကို သ​ဘောကျလို့​နေသည်​။ အစထဲကမှ​ မြေးအင်​မတန်​လိုချင်​နေတဲ့ ဦး​ကောင်းထက်​မှာ ယခု​တော့ မ​တော်​ရတဲ့​မြေးတစ်​ယောက်​ရလိုက်​သလိုပါပဲ။

Don't Stop Believing Where stories live. Discover now