နေ့လည်မုန့်စားဆင်းခါနီးတော့
" ဟဲ့ ... ဒီနေ့ငါနဲ့ ကန်တင်းလိုက်ခဲ့ပါလား မိုးဝဿန်... "
" ဟာ ငါ မ နဲ့ ... ဆရာမနဲ့ .... "
"အောင်မလေးဟယ်လုပ်မနေစမ်းပါနဲ့ နင်ဆရာမဒေါ်လင်းဝတ်ရည်သော်ကို မ လို့ပဲခေါ်နေတာ ငါသိနေပါပြီဟယ်.... "
ဇာလီတင့်က မျက်နှာကိုအချဉ်ပေါက်သည့်ရုပ်လုပ်ပြတော့ မိုး ရယ်လိုက်မိသည်။
" ငါ မ နဲ့နေ့လည်စာ အတူတူစားရမှာ .... "
" ဒီနေ့ ငါ့မွေးနေ့ဟ ... "
" ဟမ်ဟုတ်လား .... "
"အေး အဲ့ဒါကြောင့်ငါနင့်ကို မုန့်ကျွေးချင်လို့ .... ဒီနေ့တစ်ရက်တော့ လိုက်ခဲ့ပါဟယ်နော်.... "
မွေးနေ့ရှင်ကခေါ်တာဆိုတော့လဲ မိုး အထူးတလည်မငြင်းချင်တာမို့
"အေးပါဟာ ..... "
မုန့်စားဆင်းခေါင်းလောင်းထိုးတော့ လင်း ထိုင်စောင့်နေကျ ခရေပင်အောက်က ခုံတန်းလေးပေါ်စောင့်နေလေသည်။ ဓာတ်ဗူးသေးသေးလေးထုတ်ကာကော်ဖီခွက်ကလေးတွေပြင်ဆင်ရင်း သူတစ်ယောက်ထဲအလုပ်ရှုပ်နေရှာသည်။ ဒီနေ့ကလေးကြိုက်တဲ့ ဆီထမင်းကိုလဲ မနက်၄ နာရီလောက်ထဲက ထထိုးထားတာမို့ ကလေးကိုမြန်မြန်စားစေချင်နေလေပြီ ။ သူမျှော်နေကာမှပဲ ကလေးကနောက်ကျနေ၏ ။
တအောင့်နေတော့ မိုး အပြေးသူ့ဆီရောက်လာပါသည်။ မိုး ကိုတွေ့လိုက်တော့ သူ့မျက်နှာလေးမှာ အပြုံးလေးတစ်ခုပေါ်လာသည်။ သို့ပေမဲ့လဲ မရှေးမနှောင်းမှာ ကပ်ပါလာတဲ့ ဇာလီတင့်ကိုမြင်လိုက်ပြန်တော့ လင်း ရဲ့အပြုံးတစ်စုံမှာ ပြန်လည်မှေးမှိန်ခဲ့ရသည်။
" ကလေး .... "
" မ .... Sorry နော်။ ၄ အချိန်ဆရာမကကျောင်းခေါင်းလောင်းထိုးတာကို ချက်ချင်းမလွှတ်ပေးလို့ ကြာနေတာ .... "
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...