ညတော်တော်လေးညဉ့်နက်တဲ့အထိ လင်း အိပ်လို့မရခဲ့ပါ ။ အိပ်ယာပေါ် အတွေးပေါင်းမြောက်များစွာဖြင့်ချာချာလည်နေခဲ့သည်။ ထို့အပြင်ရင်ဘတ်ထဲကနေလဲ တဆစ်ဆစ်နာကျင်လို့နေပါသည်။
' ဘာလို့လဲ။ ငါဘာလို့ ကလေးကိုအဲ့လာက်ထိ ရက်ရက်စက်စက်ရိုက်နိုင်ခဲ့ရတာလဲ ? ဘာလို့သူ့ဘာသာသူနေနေတဲ့ကလေးကိုမှ စာသွားမေးမိခဲ့ရတာလဲ ? လင်းဝတ်ရည်သော်နင်တော်တော်ရက်စက်ပါလား။ အခုတော့ ကလေးကိုအနာတရဖြစ်စေခဲ့ပြီ ... နင့်ရဲ့လက်နဲ့နုနယ်တဲ့ကလေးကို အနာေပးခဲ့မိပြီ ´
စိတ်ထဲကနေ ကိုယ့်ဘာသာကိုယ်အပြစ်တင်လို့ကို မဆုံးခဲ့ပေ ။
နောက်တစ်နေ့ အတန်းထဲသို့ လင်း ဝင်တော့ မိုး ရဲ့ထိုင်ခုံနေရာလေးက လှစ်ဟလို့နေလေသည်။ လှစ်ဟနေတဲ့ စားပွဲနဲ့ကုလားထိုင်လေးကို လင်း မြင်လိုက်တော့ စိုးရိမ်စိတ်တို့က ဖုံးလွှမ်းသွားသည်။
ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ မိုး အတွက်တော့ စိုးရိမ်ပူပန်တတ်တဲ့ နှလုံးသားတစ်ခုက လင်း မှာရှိနေပါသေးသည်။
စာသင်ရင်းနဲ့မှ ဇာလီတင့်နားသို့သွားကာ
" မိုး ဒီနေ့ကျောင်းမတတ်ဘူးလား သမီး ? "
" ဟုတ်... သူမနေ့ကတည်းက ဖျားနေတယ်ဆရာမ .... ပြန်တော့တောင်သမီးတွဲခေါ်ပေးသွားရသေးတယ်သူ့ရဲ့ကားဆီကို ..... "
ငါတအားရိုက်လိုက်လို့ အနာရှိန်ကြောင့်ဖျားသွားတာလား လန့်ဖျားများ ဖျားသွားတာလား ??? ဒုက္ခပါပဲ .....
လင်း ရင်ထဲစိုးထိတ်ကာ အတွေးမျိုးစုံက လုံးခနဲဝင်ရောက်လာပါတော့သည်။ ချက်ချင်း ဇွဲကိုကိုဇော်ထိုင်နေသည့်နားသို့လျှောက်သွားပြီး
" သားဇွဲကိုကိုဇော်..... "
" ဗျာ ... ဟုတ်ကဲ့ဆရာမ ... "
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...