လင်းပေးတဲ့အင်္ကျီကို မိုး သိပ်သဘောကျလွန်းလို့ ကျောင်းကိုမကြာခဏ ဝတ်လာတတ်သည်။ မိုးရွာတဲ့နေ့ဆိုလဲ အိမ်ပြန်ခါနီး ကားဆီသွားဖို့တောင်စိုမှာဆိုးလို့တဲ့ ပြန်ချွတ်ကာကျောပိုးအိတ်ထဲ ကျွတ်ကျွတ်အိတ်နဲထုတ်ပြီးမှ ထည့်လေသည်။ဒီလိုနဲ့ပဲနေ့တွေညတွေ အလီလီပြောင်းလဲနေခဲ့သည်။ မိုး မှာကျောင်းစာတွေလုပ်ရတဲ့ အလုပ်အပြင်နောက်ထပ်အလုပ်တစ်ခုရှိသေးသည်။ ညညဆို ဒိုင်ယာရီရေးတဲ့အလုပ်ပဲဖြစ်ပေသည်။ သူ့မှာ ဟိုးငယ်စဉ်အခါထဲက ဒိုင်ယာရီလေးတွေရေးရေးလေ့ရှိသည်။ သို့ပေမဲ့ လင်း နဲ့စတွေ့တဲ့နေ့ကစပြီး သားရေအဖုံးအနက်နဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ သီးသန့်ရေးသည်။
ရေးပြီးတာနဲ့ အမြဲထည့်သိမ်းနေကြဖြစ်ပေမဲ့လဲ လူဆိုတာ တစ်ကြိမ်တစ်ခါတော့ မှားယွင်းပြီးမေ့လျော့တတ်ကြစမြဲမဟုတ်ပါလား။
ထိုနေ့က August လ 31 ရက်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်လင်း ရဲ့မွေးနေ့လဲ ဖြစ်သလို ဒုတိယလပတ်စာမေးပွဲရဲ့နောက်ဆုံးနေ့ဖြစ်၏ ။
မနေ့ညက မိုး, လင်း ကိုသူကိုယ်တိုင်လက်နဲ့ဖန်တီးထားတဲ့ အရာတစ်ခုခုပြန်လက်ဆောင်ပေးချင်ခဲ့သည်။ တစ်ပတ်လောက်ထဲက သူကြိုစဉ်းစားပြီး အကြံရလိုက်တာကတော့ မ,ကိုသူကိုယ်တိုင်မွေးနေ့ကိတ်ဖုတ်ပေးဖို့ပဲဖြစ်သည်။
၃၀ ရက်နေ့ညက စာတွေကို အပြီးသတ်စောစောပြန်နွှေးသည်။ ထို့နောက်ဒေါ်ကြီးဝင်းနဲ့တူတူ သူဝယ်ထားတဲ့ မုန့်ဖုတ်နည်းစာအုပ်အတိုင်း ဝယ်ထားတဲ့ပစ္စည်း အစုံပလုံနှင့်ကိတ်မုန့်တစ်လုံးဖြစ်လာအောင်ဖန်တီးရှာသည်။
သို့ပေမဲ့ တူးတူးသွားတာနဲ့ အရသာမမှန်တာကြောင့်လွှင့်ပစ်ရတဲ့ကိတ်တွေက မနည်း။ တစ်အိမ်လုံးလဲညော်နံ့တွေမွှန်နေသဖြင့်ဒေါ်မူယာသွယ်ကလာပြီး ပွစိပွစိလုပ်သေးတာကြောင့်မိုး နဲ့စကားများမလိုတောင်ဖြစ်ကြသေးသည်။ လက်မှာအပူတွေလဲလောင်ခဲ့ရသည်။
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...