လကုန်ပြီမို့ မိုး သူ့အဖေမှာကြားခဲ့တဲ့အတိုင်း ဆရာမကိုပေဖို့ လစာအား အဖေ့ရဲ့မီးခံသေတ္တာထဲကနေယူဖို့ အခန်းထဲဝင်ခဲ့သည်။မူယာသွယ်ဆိုတဲ့ မိန်းမနဲ့ မျက်နှာချင်း မဆိုင်ချင်လို့ သူမရှိတဲ့အချိန်လာယူခြင်း ဖြစ်ပေမဲ့ မီးခံသေတ္တာဖွင့်လိုက်သည့်အခါမှာတော့ အထဲမှာငွေတစ်ပြားတစ်ချပ်မှမရှိ ။သေတ္တာအလွတ်တစ်လုံးသာဖြစ်နေ၏ ။ မိုးဒေါသထောင်းခနဲထွက်ကာပေါက်ကွဲသွားချိန်တွင်
" အခန်းထဲခိုးကြောင်ခိုးဝှက်ဝင်ပြီး ဘာလုပ်နေတာလဲ ? "
အစထဲကမှ လူကစိတ်ပေါက်နေရတဲ့ကြားထဲ ထိုမိန်းမရဲ့ ရင့်သီးတဲ့စကားကြောင့်မိုးဒေါသပိုထွက်သွားရသည်။
" ခိုးကြောင်ခိုးဝှက်ဟုတ်လား ? ရှင်စကားကို ပြန်ပြင်ပြောလိုက်ပါဒေါ်မူယာသွယ်.... ဒါကျွန်မ အဖေရဲ့အခန်း .... ဒါကျွန်မရဲ့အိမ်ကျွန်မကြိုက်သလို ဝင်ထွက်ခွင့်ရှိတယ်.... ဘာကို ခိုးကြောင်ခိုးဝှက်လုပ်စရာလိုလဲ ? "
အခန်းထဲက မိုး ရဲ့အော်သံကြောင့်အိမ်နောက်ဘက်မှ လင်း နဲ့ မိုး တို့စားပြီးသားပန်းကန်တွေသိမ်းနေသည့်အဒေါ်ကြီးဝင်း လဲ အိမ်ရှေ့အမြန်ပြေးထွက်လာသလို အိမ်ပေါ်ထပ်တက်ဖို့ လုပ်နေတဲ့ လင်း ရဲ့ခြေလှမ်းတွေလဲ တုံ့ဆိုင်းသွား၏ ။
အချိန်ကတော့နေ့လည်ကျောင်းဆင်းပြီးချိန်ဖြစ်၍ဒေါ်မူယာသွယ်လဲ အလုပ်ထဲမှ အိမ်သို့ ရုတ်တရက်ပြန်ရောက်လာချိန်ဖြစ်၏ ။
" မဟုတ်လို့လားနေ့ခင်းကြောင်တောင်အခန်းထဲက မီးခံသေတ္တာလာဖွင့်နေတာလေ ..... "
" ဟက်..... ဒါကျွန်မ Daddy ရဲ့မီးခံသေတ္တာ .... ကျွန်မမှာ ကိုင်ခွင့်ရှိပြီးသား ....ပြောမဲ့ပြောခြင်း ကျွန်မက ရှင့်ကိုပြောရမှာ .... Daddy မသွားခင်တုန်းက မှာသွားတယ်.... ဆရာမအတွက်ကျူရှင်လစာကို မီးခံသေတ္တာထဲထည့်ပေးထားခဲ့တယ်တဲ့ ..... အခုဒီမှာသေတ္တာထဲမှာ ဘာငွေတစ်ပြားမှ မရှိဘူးဖြစ်နေတယ်...... Daddy ရဲ့ငွေတွေကို ရှင်ဘာ့ကြောင့်အကုန်ယူသုံးလိုက်တာလဲ ...... "
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...