" ကလေး … "" ဆရာမ … "
" ဒီနေ့ ဆရာမ အိမ်မှာအမေသိပ်နေမကောင်းလို့ လုပ်ပေးစရာရှိတာလေးတွေလုပ်ပေးနေရင်း နောက်ကျသွားတယ်။ ကလေးကော နောက်ကျနေတာလား ? "
'မိုးဝသန်လွင်' တစ်ချက်ဟက်ခနဲရယ်လိုက်မိရင်း
" ဟင့်အင်း မိုး ကဆရာမကိုစောင့်နေတာ။ ကားလမ်းအတူတူကူးချင်လို့ … "
" အာ … ဟုတ်သားပဲ ဟိုနေ့က ဖြစ်သွားတဲ့ ကိစ္စကြောင့် ဒီနေ့ကားလမ်းကူးရမှာ ကြောက်နေတာမဟုတ်လား ? "
ပြောနေရင်း ဆရာမလေးလင်းဝတ်ရည်သော်ရဲ့ လက်ဖဝါးနုနုက မိုးသစ္စာလွင်၏ခေါင်းပေါ် ဖွဖွလေးပွတ်သပ်လိုက်ပြန်သည် ။ မိုး ကလဲထုံးစံအတိုင်း သိပ်မကြိုက်ရှာ ။ ပါပီလေးတစ်ကောင်လို ဇတ်ခလေးပုလိုက်မိသည် ။
လက်ကိုကိုင်ဆွဲပေးတော့ မိုး ရင်တွေတအားခုန်သွားသည် ။
" လာ ကားရှင်းတုန်း ကူးကြစို့ မိုး … "
'မိုး ? '
' မ ကအခုငါ့ကို မိုး လို့ခေါ်လိုက်တာလား ? 'စိတ်ထဲအပျော်လွန်ရင်း 'ဆရာမလေးလင်း' ဆွဲခေါ်ရာသို့ 'မိုး' ပါသွားလေတော့သည် ။
ကျောင်းခြံဝင်းသို့အတူလျှောက်ဝင်ကြရင်း
" တကယ်တော့လေ …… "
'မိုး' ရဲ့အစပျိုးမှုစကားလုံးကြောင့် 'လင်း' လှည့်ကြည့်လိုက်ကာ
" အင်း ?? ဘာလဲ မိုး ?? "
" တကယ်တော့ မိုး လေ ဟိုနေ့က ကိစ္စဖြစ်ပြီးမှ ကားလမ်းကူးရမှာကို ကြောက်သွားတာမဟုတ်ပါဘူး …… မိုး ကအစထဲက ကားလမ်းကူးရမှာ ကြောက်တာပါ …… ကားတွေကို ကြောက်တာဆို ပိုမှန်ပါလိမ့်မယ် …… "
" ဘာလို့လဲ မိုးရဲ့ …… ကားတွေက ကြောက်စရာတော့မဟုတ်ပါဘူး …… သေချာနည်းစနစ်ကျကျလေး ပုံမှန်ကူးရင် ရပါတယ် ……… "
'မိုး' လျှောက်နေတဲ့ ခြေလှမ်းတွေကို တုံ့ဆိုင်းလိုက်သဖြင့် သူ့လက်ကိုဆွဲထားတဲ့ 'လင်း' လဲမျက်လုံးလေးပြူးပြီး လှည့်ကြည့်မိလိုက်သည် ။ သေချာကြည့်လိုက်တော့ 'မိုး' မျက်စိထဲမှာ မျက်ရည်တွေဝဲနေတာတွေ့လိုက်တာမို့ 'လင်း' လန့်သွားပြီး ပျာယာခတ်သွားကာ
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...