" နင်ရှေ့အပတ်ထဲမှာ ဂျပန်သွားတော့မယ်ဆို ? ငါ ငဇွဲဆီကကြားပြီးပြီ ..... "ဇာလီမေးတော့ မိုး ဇာလီ့မျက်နှာကိုမကြည့်ပဲ စာအုပ်ကလေးကိုသာ ဆက်ဖတ်ရင်းခေါင်းညိတ်လိုက်သည်။
" နင်ဟာ .... ဒီမှာဆေးကျောင်းဆက်တက်လဲ ရနေတဲ့ဟာကို ..... ဘာလို့ဟိုသွားမှာလဲ .... "
ဇာလီတင့်ရှုံ့မဲ့မဲ့မျက်နှာလေးနဲ့ပြောတော့ မိုး သက်ပြင်းဖြေးဖြေးလေးတစ်ချက်ချလိုက်ကာ
" ငါစိတ်သစ်လူသစ်နဲ့ ဘဝသစ်ပြန်စချင်လို့ပါ ..... နင်လဲ law တက်တဲ့အခါကျကျောင်းမှာ ငါ့ထက်ကောင်းတဲ့ သူငယ်ချင်းအသစ်တွေနဲ့ ထပ်ဆုံရမှာပါ ဇာလီ ..... "
" အိုကွာ ..... ဘယ်လိုသူငယ်ချင်းအသစ်တွေထပ်ရပါစေ နင်နဲ့ ငဇွဲကတော့ ငါ့ဘဝမှာ အချစ်ရဆုံး သူငယ်ချင်းတွေပါ ..... ahhh ဒါနဲ့ ဒီမှာရော့ နင်ကြိုက်တဲ့ကျောင်းနားကပူတင်း .... ငါလမ်းကြုံလို့ဝယ်လာပေးတာ ..... "
ဇာလီတင့်သူ့လက်ထဲထည့်ပေးသော ပူတင်းဗူးလေးအား မိုး မမှိန်မသုန်ငေးကြည့်ကာ မ အရင်ကသူ့အတွက်ဝယ်ပြီးအိမ်အထိလာလာပို့ပေးခဲ့တဲ့မြင်ကွင်းလေးတွေ ပြန်လည်မြင်ယောင်လာပြန်သည်။
မနေကောကောင်းရဲ့လားမသိဘူး ....
တိုက်ဆိုင်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ့ရင်ထဲမှာတော့ လင်း ကိုအမြဲတစေ သတိရနေတုန်းပါ ။
X X X X X X X X X
လေဆိပ်ကိုမသွားခင်သူငယ်ချင်း ၂ယောက်နဲ့အတူဖေဖေလိုက်ပို့ပေးလို့ကျောင်းသို့ရောက်ရှိခဲ့သည်။ ထို့နောက်အထက်တန်းတုန်းက စာသင်ပေးခဲ့ကြသည့်ဆရာ ဆရာမများနှင့်အတူကျောင်းဆရာမကြီးထံသို့ ဝင်ရောက်နှုတ်ဆက်ကာ ထိုင်ကန်တော့ခဲ့ပါသည်။
ရှေ့မှာဦးသုံးကြိမ်ချနေတဲ့ မိုး ကိုကြည့်ပြီး ဆရာမဒေါ်မြတ်မြတ်ဆွေ သက်ပြင်းလေးတစ်ချက်မသိမသာချလိုက်မိသည်။
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...