Episode - 63

9.5K 753 36
                                    


​ကျောင်းကပြန်​ရောက်​ရောက်​ချင်း အဝတ်​အစားလဲပြီးတာနဲ့ လင်း​အောက်​ထပ်​သို့ဆင်းကာ မီးဖိုခန်းထဲသို့ဝင်​လာလိုက်​သည်​။

"​ကြီးကြီး .... ဘာ​တွေချက်​ဖို့လုပ်​နေတာလဲ ? "

" ဒီ​နေ့ သီးစုံပဲကုလားဟင်း​လေး အရည်​သောက်​ချက်​ပြီး ဆိတ်​သားနှပ်​မလားလို့ ဆရာမ​လေး​ရယ်​....  "

" ဟုတ်​လား ..... ဒါဆို လင်း လည်းကူချက်​ပေးပါရ​စေ​နော်​... "

လင်း​ပြော​တော့​ဒေါ်​လေးဝင်းက ပျာပျာသလဲ​ခေါင်းကိုခါလိုက်​ပြီး

" မလုပ်​ပါနဲ့ ဆရာမ​လေးရယ်​... အခုမှ ပြန်​ရောက်​တဲ့ဟာ နားနား​နေ​နေ​နေပါကွယ်​... "

" အမြဲတမ်း ကြီးကြီးချက်​သမျှကို အဆင်​သင့်​လေးလက်​ဆေးစားရတာ အားနာလှပြီ ကြီးကြီးရဲ့ .... လုပ်​ပါ​နော်​လင်း ကူချက်​ပေးပါရ​စေ .... "

လင်း အတင်း​ပြောလိုက်​တော့မှ​ဒေါ်​လေးဝင်းလည်း ခေါင်းညိတ်လိုက်​ရ​လေသည်​။ အိမ်​ရှေ့မှာ စာအုပ်​ထိုင်​ဖတ်​နေတဲ့​ နွေး​လေး လည်း အ​နောက်​သို့​ရောက်​လာပြီး သူ့အ​မေနဲ့​ဒေါ်​လေးဝင်းတို့ ချက်​ပြုတ်​ကြတာကို​ဘေးက​နေ ဟိုဟာ​လေးလိုက်​ကူ ဒီဟာ​လေးလိုက်​ကူဖြင့်​အ​မေ့​ဘေးမှာကပ်​လို့​နေ၏ ။

လင်း က​တော့ တစ်​အိမ်​သားလုံးအတွက်​နဲ့ အထူးဖြင့်​သူ့က​လေး​လေးအတွက်​လက်​စွမ်း​တွေပြ​လို့​နေသည်​။

" ဆရာမ​လေးလက်​ရာက​တော်​တော်​လေး​ကောင်းတာပဲ။ ညကျရင်​ဆရာနဲ့ သမီး​လေး​တော့ ထမင်းစားမြိန်​မှာ​ကျိန်း​သေတယ်​.... "

လင်း ချက်​ထားတဲ့ သီးစုံပဲကုလားဟင်းကို​မြည်းပြီး​ ဒေါ်​လေးဝင်းက ချီးကျူး​တော့ လင်း ရယ်​လိုက်​မိ၏။​ နွေး​လေး က​တော့ စကားနည်းသူအ​လျောက်​ထမင်းစားပွဲက ခုံ​လေးမှာ ငုတ်​တုတ်​လေးထိုင်​ရင်းသာ ပြုံးပြုံး​လေးကြည့်​နေပါသည်​။

ည​ကျ​တော့ မိုးတို့ သားအဖနှစ်​ယောက်​အလုပ်​ကပြန်​လာကြပြီး​ညစာထမင်းဝိုင်း၌ ထမင်းလက်​စုံအတူစုစားကြ​တော့

Don't Stop Believing Where stories live. Discover now