Episode - 59

8.5K 680 88
                                    


​လေးလံလွန်းလှတဲ့ မျက်​ခွံတို့ကို လင်း အားယူ၍တွန်းကန်​ဖွင့်​ကြည့်​လိုက်​တော့ သူပထမဦးဆုံး မြင်​တွေ့လိုက်​ရသည့်​မြင်​ကွင်းက မျက်​နှာကျက်​အဖြူနဲ့ မီး​ချောင်းတစ်​ချောင်း ။

" သတိရလာပြီလား တီချယ်​..... "

ခပ်​တိုးတိုး​လေသံလာရာဆီ လင်း အကြည့်​တို့ကို ကြိုးစားလွှဲ​ပြောင်းလိုက်​တော့ သူနဲ့သိပ်​မစိမ်းလွန်းသည့်​ကောင်​လေးတစ်​ယောက်​ရဲ့မျက်​နှာ ။

" သား .... ဇွဲကိုကို ~~ "

အသံတိုး​ဖျော့​ဖျော့ဖြင့်​နာမည်​လေးတစ်​ခွန်းကို လင်း နှုတ်​ဖျားက​နေ​ရေရွတ်​လိုက်​တော့ ဇွဲ ကသူ့ကိုရယ်​ပြသည်​။

" ကျွန်​တော့မျက်​နှာကို တီချယ်​မှတ်​မိ​နေ​သေးတာပဲ ..... "

ကိုက်​ခဲလွန်း​နေတဲ့​ခေါင်းကို လင်း လက်​နဲ့အသာဖိကိုင်​လိုက်​ပြီး

" တီချယ်​ဘယ်​ရောက်​နေတာလဲ သား ? "

အားမရှိတဲ့​လေသံ​လေးဖြင့်​သူထပ်​မေးလိုက်​တော့

"​တီချယ့်​ကို မိုး နဲ့ကျွန်​တော်​ဆေးရုံကို​ခေါ်လာတာ​... ဒါ မိုး အလုပ်​လုပ်​နေတဲ့​ဆေးရုံ​လေ ... မိုး လဲဟိုဘက်​အခန်းမှာရှိတယ်​... တီချယ့်​ရဲ့သမီး​လေးကို အ​ခြေအ​နေသွားကြည့်​နေတယ်​.... "

သူ့သမီး​လေးရဲ့အ​ခြေအ​နေလုိ့ ကြားလိုက်​တာနဲ့ လင်း ရင်​တွေထိတ်​သွားကာ

" သမီး​လေး ~~​တီချယ့်​သမီး​လေး ဘာဖြစ်​လို့လဲ သား ? "

" ညီမ​လေးက နည်းနည်းလန့်​ပြီး shock ရသွားတာလို့​ပြောတယ်​ဒါ​ပေမဲ့ တီချယ့်​ထက်​အရင်​သတိရလာပြီ ... စ်ိတ်​ပူရမဲ့ အ​ခြေအ​နေလဲ မဟုတ်​ဘူးလို့ မိုး​ပြောတယ်​တီချယ်​... "

စိတ်​ပူရမဲ့အ​ခြေအ​နေမဟုတ်​ဘူးလို့ ဇွဲ​ပြောလိုက်​ပေမဲ့ လင်း ရင်​ထဲမှာ​တော့ ပူ​လောင်​နေတာ​တွေ မငြိမ်း​အေးသွား​သေး​ပေ ။

" အခုလို တီချယ်​တို့ အိမ်​ထောင်​ရေး အဆင်​မ​ပြေဖြစ်​နေတာ​တွေက အဲ့​နေ့ညကကိစ္စနဲ့ ပတ်​သတ်​နေလား တီချယ်​? "

Don't Stop Believing Where stories live. Discover now