" ဒီဓာတ်ပုံလေးကို ကြည့်ပြီး ခဲပန်းချီပြန်ဆွဲထားတာလားဟင်ကလေး ? "စာရေးစားပွဲထိပ်တွင်ထောင်ထားသော ဓာတ်ပုံဘောင်လေးထဲက အမျိုးသမီးနဲ့ကလေးလေးပုံကို ကြည့်ကာ လင်းမေးလိုက်တော့
" ဟုတ်တယ်မ ....... "
" အမေကချောလိုက်တာနော်.... တရုတ်မျိုးလားဟင်? "
လင်းမေခွန်းကြောင့် မိုး ရယ်လိုက်ပြီး
" မဟုတ်ဘူး မ ရဲ့ .... ဂျပန်လူမျိုးပါ .... "
မိုး ရဲ့အဖြေကြောင့်လင်း တအံ့တသြဖြစ်သွားကာ
"တော်တော်လေးကိုချောတာ .... ကလေးက အမေတူတာသိလား .... အဲ့ဒါကြောင့်ကလေးလဲချောတာ .... "
ပြောရင်း မိုး ပါးလေးအား လင်း အသာလေးဆွဲလိုက်လေသည်။ မိုး ကတော့ သူ့မမရဲ့အပြုအမူများကြောင့်ရင်တွေခုန်ပြီးရင်း ထပ်ခါထပ်ခါခုန်နေရပါတော့သည်။
" ကဲ .... စာ စလုပ်ကြမယ်နော်....မ တို့တွေ schedule အရင်ဆွဲကြရင်ကောင်းမယ်..... "
လင်း ကသူ့ကိုယ်သူ အရင်ကလို ဆရာမ လို့မပြောတော့ပဲ 'မ' လို့တစ်လုံးထဲပြောလိုက်ခြင်းက မိုး အတွက်ပိုနှစ်သက်သဘောကျစရာဖြစ်သွားစေခဲ့သည်။ မိုး နှစ်လိုဖွယ်ရာပြုံးလိုက်ကာ
" ပိုကောင်းတယ်...အော်schedule ဆွဲပြီး လုပ်တာကိုပြောတာ မ ... ဟီး .... "
လင်း သူ့ကို မျက်စောင်းလေးတစ်ချက်ထိုးလိုက်ရင်း
" ကလေးစုတ်လေး ..... မ schedule အရင်ဆွဲလိုက်ဦးမယ်...လောလောဆယ်Bio ဖတ်စာအုပ်လေးထုတ်ထားပေးနော်.... "
မိုး သူ့ မမ ရဲ့မျက်စောင်းတစ်ချက်ကြောင့်ရင်တွေလှိုင်းထန်သွားကာ သွားလေးဖြဲလိုက်၏ ။
" ဟုတ်ကဲ့ပါရှင့်....... "
မိုး တက်ကြွစွာဖြင့်လင်းပြောသလိုလုပ်လေသည်။ သူ့မမ schedule ထိုင်ဆွဲနေချိန်၌ကျောင်းမှာ Bio ဆရာမ ရှင်းပြထားသမျှကိုသေချာလိုက်ပြန်ဖတ်ကြည့်နေ၏ ။
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...