ကောင်းကင်၌လိမ္မော်ရောင်စဉ်တန်းအချို့နဲ့ နက်ပြာရောင်စဉ်တန်းတို့က သွယ်ယှက်နေပါသည် ။
နေမင်းကြီးဟာအနောက်ဘက်သို နိမ့်ကြနေကာ ကြက်ဥအနှစ်ရောင်နဲ့ လှပနေသည် ။မိုးရာသီမို့ သူလျှောက်လာတဲ့ လမ်းလေးတစ်လျှောက်လေး၌ မြက်နုနုစိမ်းလေးများက အစီအရီပေါက်ရောက်နေကြသည် ။ လေပြေညှင်းလေးက သူမရဲ့ပါးပြင်ကိုပွတ်တိုက်သွားသည်မို့ 'မိုးဝဿန်လွင်' သဘောကျစွာပြုံးမိလိုက်သည် ။
သူများတွေလို ကျောပိုးလွယ်အိတ်ကိုကျောကုန်းထက်မလွယ်ပဲ လက်ကနေကိုင်ထားတာကတော့ သူမတူတဲ့ 'မိုး' ရဲ့စတိုင်လ်တစ်ခုပင်ဖြစ်သည် ။
" ပြန်ရောက်ပါပြီ ..... "
ခါတိုင်းနဲ့မတူပဲ ပြန်ရောက်လာတဲ့ 'မိုး' ရဲ့မျက်နှာ၌ ပြုံးဖန့်ဖန့်အပြုံးတစ်စုံကို မြင်လိုက်တာမို့ဒေါ်လေးဝင်း က ဝမ်းသာစွာဖြင့် စီးကြိုလေသည် ။
" သမီးလေး .... ဒီနေ့ကျောင်းစတက်ရတာ အဆင်ပြေတယ်ထင်ပါရဲ့ မျက်နှာလေးကို ရွှင်လန်းနေတာပဲ .... "
သူမရဲ့အပြုံးကဆက်လက်တည်မြဲစွာဖြင့် ခေါင်းညိမ့်ပြကာ
" အဆင်ပြေတယ်ဒေါ်လေးဝင်း .... "
" တော်သေးတာပေါ့ ...... ဒေါ်လေးက သမီးလေး ကားလမ်းကူးရတာ အဆင်မှပြေပါ့မလား စိတ်ပူနေတာ တစ်နေကုန်ပါပဲ ......... "
" ကားလမ်း ............... ကူးရတာ အဆင်ပြေပါတယ် ......... နောက်နေ့လဲ မိုးတစ်ယောက်တည်းပဲကျောင်းသွားမယ်ဒေါ်လေး လိုက်ပို့ပေးဖို့ မလိုတော့ပါဘူး ......... မိုး အခုအထက်တန်းကျောင်းသူဖြစ်နေပြီလေ ............ "
" ဟုတ်ပါပြီကွယ် ............ ကဲ အဝတ်အစားသွားလဲပြီး ရေစောစောချိုးနော် သမီးလေး ......... "
" ဟုတ်ပါပြီရှင် ............ "
ပြုံးစိစိဖြင့် အပေါ်သို့ မိုး တက်သွားသောအခါမှ တံခါးအကွယ်ကနေ ရပ်ကြည့်နေတဲ့ 'ဒေါ်မူယာသွယ်' လက်ပိုက်ကာထွက်လာလေသည် ။
" မျက်နှာကတော့ ပြုံးရွှင်နေတာပဲ။ ကျောင်းမှာ စာဘယ်နှလုံးလိုက်လုပ်လာလဲတော့ မသိဘူး "
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...